နေ ကျချိန်ညနေခင်း တစ်ခုမှာပေါ့ဗျာ ကျောင်းပရိဝုဏ်ထဲမှာတော့ စာအံသံလေးတွေညံညံစီစီနဲ့ ပေါ့ ။
ဒုတိယတန်း စာသင်ခန်းတစ်ခုထဲမှာ ဆရာက ကလေးတွေကို ကျောင်းဆင်းခါနီး အချိန် ဗဟုသုတအနေနဲ့ 
ကမ္ဘာမြေကြီးအကြောင်းပြောပြနေတဲ့ အချိန်ပေါ့။
“ဒီကမ္ဘာကြီးရဲ့ အလေးချိန်က ဘယ်လောက်လောက်ရှိလဲ ဆရာကြီး”
မေးခွန်းတစ်ခု ဒုတိယတန်းကျောင်းသား ချာတိတ်က မေးတယ်။ ဆရာလုပ်သူခဗျာ နည်းနည်းတော့ နင်သွား
တာတယ် ရုတ်တရက်ဆိုတော့ ဘယ်ဖြေနိုင်မှာလည်း ဒါပေမဲ့ ဆရာက ဆရာပါပဲ ... :)
သူသင်ကြားလာခဲ့ရတဲ့ ပညာရေး နည်းစနစ်များထဲက အကောင်းဆုံး နည်းလမ်းကို
ထုတ်သုံးလိုက်ပါတယ်။
“ဒီမေးခွန်းက အင်မတန် စိတ်ဝင်စား စရာကောင်းတဲ့
မေးခွန်းပဲ ၊ ကဲ..ဒီတော့ မနက်ဖြန်ကျရင်
ဒီမေးခွန်းကို ဘယ်သူ
ဖြေနိုင်မလဲဆိုတာ ကြည့်ကြ ရအောင်”
ဆရာဖြစ်သူ ပုစ္ဆာကို ဖြေရှင်းနိုင်မဲ့ နည်းလမ်းလေးကို လျှပ်တပြတ်လေး စဉ်စားလိုက်တာပါ ။ ဘာပဲဖြစ်ဖြစ်
သူ့ တပည့်တွေရှေ့ မှာတော့ သူ့ ရင်တွေ ကော့နေချင်သေးတာပေါ့ ။ ဒီလိုနဲ့  ညနေ ကျောင်းဆင်းချိန်
ဆရာဖြစ်သူ မြို့ နယ်စာကြည့်တိုက် လေးဆီ တစ်ချိုးတည်း တန်းပြေးတော့တာပဲ ။ တော်တော်လေး
ကြိုးစားပန်းစား ရှာဖွေ ဖတ်ရှုပြီးတော့ သူ အဖြေကို တွေ့သွားပါသည်။ လန်းဆန်းတဲ့ အပြုံးတွေနဲ့ အတူ ။
နောက်တစ်နေ့  ကျောင်းတက်ချိန်မှာတော့ ဆရာဖြစ်တဲ့သူ ကျောင်းသားတွေရှေ့  မတ်မတ်ကြီး ရပ်ပြီးတော့
“ကမ္ဘာကြီးရဲ့ အလေးချိန်ကို သိခဲ့ကြပြီလား တပည့်တို့ ”
ကလေးတွေဆိုတာက ကျောင်းကပြန်ရောက်တာနဲ့ လွယ်အိတ်ကို တိုင်မှာချိတ်ပြီး ကမျင်းကြတဲ့
အမျိုးဆိုတော့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက် ဆရာ့ကိုကြည့်လိုက်နဲ့  ဖြေနိုင်သူ နတ္တိ ။
အဲ့အချိန်ကြတော့မှ ဆရာဖြစ်သူဟာ မိန့် မိန့် ကြီးပြုံးလိုက်ပြီး သူ ကြိုးစားပမ်းစား ရှာဖွေတွက်ချက်လာတဲ့
အဖြေကို ဂုဏ်ယူဝံ့ကြွားစွာနဲ့  ပြောပြလိုက်တယ် ...
“ #$%@ #!% ”
သူရဲကောင်း တစ်ယောက်ကိုမြင်လိုက်ရသလို ကလေးတွေရဲ့ လေးစားတဲ့ အကြည့်တွေနဲ့ ၊ ဆရာ့ရဲ့ ပြုံးရွှင်နေ
တဲ့မျက်နှာနဲ့  ၊စာသင်ခန်းလေးဟာ တဒင်္ဂလေး ငြိမ်သက်သွားခဲ့တယ်။တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်တာက
ကမ္ဘာကြီး ဘယ်လောက်လေးလည်းဆိုတဲ့ မေးခွန်းထုတ်ခဲ့တဲ့ အမောင်ကျောင်းသားကြီးပဲပေါ့။
သူရဲ့ လက်ညှိုးလေးထောင်ပြီးမေးလိုက်တဲ့ မေးခွန်းကြောင့်
ဆရာဖြစ်သူခဗျာ ထိုင်ခုံပေါ် အရုပ်ကြိုးပြတ်။
မေးလိုက်ပုံက ... .. .
“အဲဒါ လူတွေ အပါအ၀င်လား၊ လူတွေ မပါဘဲနဲ့လား ဆရာကြီး”
“ တိန် ”