လောကကြီးမှာ
ဒြပ်တွေရှိသတဲ့။ သူတို့ကို တိုးဝင်တိုက်ဖျက်တဲ့ ဆန့်ကျင်ဒြပ်တွေလည်း
ရှိတယ်။ သူတို့ချင်းတွေ့ရင် ကြေပျက်သွားကြတယ်။ တစ်ခုကိုတစ်ခုက
ချေမှုန်းပစ်တယ်။ ဒြပ်မှုန်တစ်ခုရယ်၊ ဆန့်ကျင်ဒြပ်မှုန်တစ်ခုရယ်ဟာ
ခမ်းခမ်းနားနား ၀င်းဝင်းလက်လက်နဲ့ပဲ တိုက်ဖျက်ပျောက်ကွယ်သွားကြတယ်။
အာရုံထဲမှာ မြင်ကြည့်မိတယ်။ အတော်လှမှာပဲ။ ရှက်သလိုလည်း ခံစားရတယ်။ လူတွေနဲ့ ယှဉ်တွေးမိလို့ပါ။
လူ့လောကမှာလည်း လူတွေရယ်၊ ဆန့်ကျင်လူတွေရယ် ရှိတယ်။ ဆန့်ကျင်လူတွေက ဆန့်ကျင်ဒြပ်တွေလို မဟုတ်ဘူး။ စကားတွေ လျှောက်ပြောတယ်။ ဘယ်သူ့ကိုမှလည်း အကောင်းမမြင်ဘူး။ စိတ်ပျက်စရာကောင်းလှတဲ့ရုပ်၊ နာမ် အတွဲကြီးတွေပေါ့။
အဲဒီဆန့်ကျင်လူတွေဟာ အခွင့်အရေးရတာနဲ့ အချို့အချို့သော လူတွေကို ကိုက်စားဖျက်ဆီးနိုင်အောင် ကြိုးစားတယ်။ ဆန့်ကျင်ဒြပ်တွေလို ခမ်းနားဝင်းလက်စွာ တိုက်ခိုက်လာခြင်းမျိုး မဟုတ်ဘူး။ စုတ်ပြတ်မည်းမှောင်စွာ တိုက်ခိုက်တတ်ကြတယ်။
သူတို့ကို ကျွန်တော် မကြိုက်ဘူး။ ဒါပေမယ့် မောင်းထုတ်လို့လည်း မရဘူး။ ဘာမှ မတတ်နိုင်ဘူး။ “လူ” ရှိနေရင် သူတို့လည်း ရှိနေမှာပဲ။ သဘာဝပဲလေ...။

0 comments:
Post a Comment
ဖြတ်သန်းမှုများထဲမှာ အတွေ့အကြုံသာမရရှိဘူးဆိုလျှင်
ကျွန်ုပ်တို့သည် ကလေးများသာဖြစ်မည်ထင်သည် ... :)