ငါ
ဝစွာ စားလို့ ပိုတာသွန်ပစ်ခဲ့တယ်
ငါ့ နီးနားမှာ စားစရာမဲ့
သွန်ပစ်စားစရာ ရှာဖွေစားသောက်
ကလေးငယ်ပေါင်းများစွာ
ငါဟာ သဒ္ဒါတရားနဲ သူများလား.............
ငါ
အမေ့မေတ္တာ ပိုကာနေလို့ အမေ့ပေါ်ဆိုးခဲ့တယ်
ငါ့နီးနားမှာ ငတ်မွတ်မေတ္တာ
မျှော်လင့်တောင်းတ ဘယ်မှာမိဘ
ကလေးငယ်ပေါင်းများစွာ
ငါဟာ ကိုယ်ချင်းမစာတတ်သူများလား...
ငါ
များစွာဝတ်စား ထုပ်ပိုးသိမ်းဆည်း ခဲ့တယ်
ငါ့နီးနားမှာ အရှက်လုံအောင်
ဝတ်စရာမဲ့ နိထ္တိအ၀တ်
ကလေးငယ်ပေါင်းများစွာ
ငါဟာ အတ္တကြီး သူများလား
ငါ
ရှာဖွေဥစ္စာ မဆုံးရုံးအောင်
စုဆောင်းထားခဲ့တယ်
ငါ့နီးနားမှာ အားကိုးရာ မရှိ
ခိုကိုးရာမဲ့ ဥစ္စာနထ္တိ
သက်ကြီးအိုပေါင်းများစွာ
ငါဟာ လောဘဇောတတ်နေ သူများလား.
ဟိုမှာ အမိုက်ပုံထဲ စားစရာ ရှာဖွေနေတဲ့
ကလေးတွေ
ဒီမှာ အလင်းရောင်မဲ့နေတဲ့ လူငယ်တွေ
ဟိုမှာ အရှက်လုံဖို့ ဘ၀နဲ့  ရင်းရတဲ့ ကလေးတွေ
ဒီမှာ ခိုကိုးရာမဲ့ အထီးကျန် တဲ့
အိုကြီးအိုမ တွေ
အင်း...........
ငါလို လူကြောင့်ဖြစ်မယ်... ... ။ ။
မင်းသားကြီးရေဘယ်သူရေးတာလဲကွယ်
ReplyDeleteကဗျာလေးကကောင်းလိုက်တာ
ကဗျာလေး ကောင်းတာဗျာ.....ဘယ်သူရေးတာလဲဗျ.........မိုက်တယ်....
ReplyDeleteအကိုတစ်ယောက်ရေးထားတာလေးပါ .. :)
ReplyDelete