၁။
ပျော်ရွှင်မှုကို ငွေကြေးနဲ့ ၀ယ်ယူလို့မရပါဘူး။ ဒါပေမယ့် စက်ဘီးပေါ်မှာ
ထိုင်ငိုနေတာထက်စာရင် မာစီဒီး ဘင့်ဇ် ကားပေါ်မှာ ငိုရတာက ဇိမ်ပိုမကျဘူးလား။
၂။ သင့်ရဲ့ရန်သူကို ခွင့်လွှတ်လိုက်ပါ။ ဒါပေမယ့် အဲဒီ မျိုးမစစ်ကောင်ရဲ့ နာမည်ကိုတော့ မှတ်ထားဖို့ မမေ့ပါနဲ့။
၃။ လူတစ်ယောက် ဒုက္ခရောက်နေတဲ့အချိန်မှာ သင်ကူညီလိုက်ရင် အဲဒီလူက သင့်ကို
အမှတ်ရနေမှာပါ။ အဲ.. သူနောက်တစ်ခါ ဒုက္ခထပ်ရောက်တဲ့အချိန်ကျရင်ပေါ့။
၎။ လူတော်တော်များများအသက်ရှင်နေကြတဲ့အကြောင်းအရင်းကတော့ လူသတ်တာဟာ တရားမ၀င်တဲ့ ကိစ္စဖြစ်နေလို့ပါပဲ။
၅။ အရက်သောက်လို့ ပြဿနာတွေပြေလည်မသွားပါဘူး။ ဒါဆို နွားနို့သောက်လို့ရော ပြေလည်သွားမှာမို့လို့လား။
0 comments:
Post a Comment
ဖြတ်သန်းမှုများထဲမှာ အတွေ့အကြုံသာမရရှိဘူးဆိုလျှင်
ကျွန်ုပ်တို့သည် ကလေးများသာဖြစ်မည်ထင်သည် ... :)