ကျွန်တော်အကြိုက်ဆုံးကဗျာတွေထဲက တစ်ပုဒ်ပေါ့ ၊ ကျွန်တော်လဲကျတဲ့ အချိန်တိုင်းမှာ ဒီကဗျာလေးက ကျွန်တော့်အတွက် အားဖြစ်ခဲ့ပါတယ် ၊ ကျွန်တော့်ရဲ့ အားဆေးပေါ့ဗျာ ... ။
ထိပ်ဆုံးသို့ 
တစ်တောင်ပေါ် တစ်တောင်ဆင့်
တောင်အမြင့် ပတ်ခြံရံ
တစ်တောင်ဆုံးပြန်တော့
တစ်လုံးကျန်ပြန်သေးသမို့ 
ဖန်ဖန်လေ အားအင်နှိုးလို့ ရယ်
ကြိုးလျှောက်ရပြန်။
ခါတလေ တစ်ကယ်ပန်းတာကြောင့်
တော်ပါပြီ ဆက်မလှမ်းချင်ဘု
ရပ်တန်းက ရပ်မည်ကြံ
အမှန်တော့ ဖြစ်နိုင်မလား။
စခဲ့မိဟာပေါ့
တစ်နေ့ မှာ ဆုံးရာရောက်ပါလိမ့်
အားလျှော့ကာ ဆုတ်ချင်စမ်းပါနဲ့ 
စိတ်နွမ်း အသာဖြေဦး
မာလာငွေ ကန်ရေအေးရယ်နှင့်
ငှက်တေးကို အာရုံဆင်လို့ 
မူတသွင် အားသင်သစ်လိုက်ပါ့
ချစ်ဖွယ့်လူသား။
ငွေတာရီ
တစ်တောင်ပေါ် တစ်တောင်ဆင့်
တောင်အမြင့် ပတ်ခြံရံ
တစ်တောင်ဆုံးပြန်တော့
တစ်လုံးကျန်ပြန်သေးသမို့ 
ဖန်ဖန်လေ အားအင်နှိုးလို့ ရယ်
ကြိုးလျှောက်ရပြန်။
ခါတလေ တစ်ကယ်ပန်းတာကြောင့်
တော်ပါပြီ ဆက်မလှမ်းချင်ဘု
ရပ်တန်းက ရပ်မည်ကြံ
အမှန်တော့ ဖြစ်နိုင်မလား။
စခဲ့မိဟာပေါ့
တစ်နေ့ မှာ ဆုံးရာရောက်ပါလိမ့်
အားလျှော့ကာ ဆုတ်ချင်စမ်းပါနဲ့ 
စိတ်နွမ်း အသာဖြေဦး
မာလာငွေ ကန်ရေအေးရယ်နှင့်
ငှက်တေးကို အာရုံဆင်လို့ 
မူတသွင် အားသင်သစ်လိုက်ပါ့
ချစ်ဖွယ့်လူသား။
ငွေတာရီ
ကဗျာလေးကောင်းလိုက်တာ
ReplyDeleteအမှန်ပြောရရင်ဘယ် ကဗျာဆရာရဲ့ ကဗျာမှာမဖတ်ဖူးတာ
ကျေးဇူးပါမင်းသားကြီးရေ.......
ဟုတ် :)
ReplyDeleteရှစ်တန်းမဟုတ်ရင်ကိုးတန်းတုန်းက..
ReplyDeleteသင်ခဲ့ဖူးပါတယ်။အလွတ်လည်းကျက်ခဲ့ဖူးတယ်။
ခုတော့မမှတ်မိတော့ဘူး။း)
အဖိုးတန် ကဗျာလေးတစ်ပုဒ်ပါဘဲ။
ထိပ်ဆုံးကို..လှမ်းကြရအောင်ဗျို့ :))
ခင်မင်လျှက်
ဟုတ်ပါ့ဗျာ ရှစ်တန်းတုန်းကမှတ်တယ်
ReplyDeleteကျွန်တော်တို့  ကျောင်းအုပ်ဆရာမကြီး ကျောင်းassembly မှာ
ရွတ်ပြတတ်တဲ့ ကဗျာလေးတွေပါ .. :))
ကဗျာလေးကိုဖတ်သွားတယ် မင်းသားကြီးရေ၊မင်းသမီးက ဘယ်မှာလည်းဗျ...
ReplyDeleteဘ၀ရဲ့ အားပေးကဗျာလေးဖတ်ခဲ့ပါတယ်
ReplyDeleteခင်တဲ့ jasmine
ဒီကဗျာလေးကို ပြန်ဖော်ထုတ်ထားပေး တဲ့ အတွက် ကျေးဇူးပါပဲ ဗျာ
ReplyDelete