သင်နှင့်အတူ မွေးနေ့တစ်နေ့တည်း ကျရောက်နေသူပေါင်းမှာ 10,000,000
(ဆယ်သန်း) ကျော်ရှိပါတယ်။ ဒါက သင်နဲ့ အတူတူ တစ်ရက်တည်း မွေးတာနော်။
ဒါဆိုရင် ကျွန်တော်တို့ ဘ၀နဲ့  အစိတ်အပိုင်းတော်တော်များများ
တိုက်ဆိုင်နေတဲ့တစ်ခြား သူတစ်ယောက်ယောက်ရော ရှိနေနိုင်မလား
ကျွန်တော်ဖတ်ဖူးတဲ့ စာတွေထဲက အမေရိကန်ရဲ့သမ္မတတွေဖြစ်ခဲ့ဖူးတဲ့
အေဗရာဟန်လင်ကွန်းနဲ့ ဂျွန်အက် (ဖ)ကနေဒီ ကို တို့ ရဲ့ အဖြစ်အပျက်လေးတွေကို ယှဉ်ကြည့်ရအောင် ... ...
(1) သမ္ဓတကြီးလင်ကွန်းဟာ အထက်လွှတ်တော်အမတ် အဖြစ်1846 ခုနှစ်မှာရွေးချယ်ခြင်း ခံရပါတယ်၊၊
သမ္ဓတကနေဒီကတော့ အထက်လွှတ်တော်အမတ် အဖြစ် 1946 ခုနှစ်မှာရွေးချယ်ခံ
ရပါတယ်၊၊
(2) သမ္ဓတကြီးလင်ကွန်းဟာ 1860 ခုနှစ်မှာသမ္ဓတအဖြစ်ရွေးချယ်ခံရပြီး သမ္ဓတကနေဒီကတော့1960 ခုနှစ်မှာ သမ္ဓတဖြစ်လာခဲ့ပြန်ပါတယ်၊၊
(3) သမ္ဓတကြီးလင်ကွန်းရဲ့ အတွင်းရေးမှူးနာမည်ဟာ ကနေဒီ ဖြစ်ပြီး သမ္ဓတကနေဒီရဲ့ အတွင်းရေးမှူးနာမည်ဟာလည်း လင်ကွန်းဖြစ်နေပြန်ပါတယ်
(4) သူတို့နှစ်ဦးစလုံးသမ္ဓတအဖြစ်အိမ်ဖြူတော်ကို ပြောင်းရွှေ့အပြီးမှာတော့ ရင်သွေးတစ်ဦးစီ ဆုံးပါးသွားခဲ့ရပြန်ပါတယ်
သမ္ဓတနှစ်ဦးစလုံးဟာ သောကြာနေ့မှာ လုပ်ကြံခံရပြီး ၊ နှစ်ဦးစလုံး ဦးခေါင်းကိုပဲ
ကျည်ဆန်ထိမှန် သေဆုံးခဲ့ရပါတယ်၊၊
(5) သမ္ဓတနှစ်ဦးစလုံးဟာ တောင်ပိုင်းသားတွေဖြစ်တဲ့ ဂျွန်ဆင်ကြောင့်ပဲ အောင်မြင်ခဲ့ရပြီး တောင်ပိုင်းသားတွေကပဲ ပစ်ခတ်လုပ်ကြံခြင်းကိုခံခဲ့ရပါတယ်
သမ္ဓတကြီးလင်ကွန်းကို နိုင်ငံရေးလောကမှာအောင်မြင်စေခဲ့တဲ့ အန်ဒရုးဂျွန်ဆင်ဟာ
1808 ခုနှစ်မှာ မွေးဖွားခဲ့သူဖြစ်ပြီး သမ္ဓတကနေဒီကို အောင်မြင်စေခဲ့တဲ့ လန်ဒန်ဂျွန်ဆင်
ကတော့1908 ခုနှစ်မှာ မွေးဖွားသူဖြစ်ပါတယ်၊၊
(6) သမ္မတ ကြီးလင်ကွန်းကို လုပ်ကြံခဲ့တဲ့ သူကတော့ ဂျွန်ဝိုက်စ်ဘုသ်ဖြစ်ပြီး သူဟာ 1839 ခုနှစ်မှာ မွေးဖွားသူဖြစ်ပါတယ်၊၊ သမ္မတ ကနေဒီကိုလုပ်ကြံခဲ့သူ
ဟာဗေး အော့ဝေါ့ဒ် မှာ 1939 ခုနှစ် မှာမွေးဖွားသူဖြစ်ပါတယ်၊၊
(7)သမ္မတကြီးလင်ကွန်းဟာ (Ford) ဖို့သ် အမျိုးသားပြဇာတ်ရုံမှာ လုပ်ကြံခြင်းခံခဲ့ရပြီး သမ္မတ ကနေဒီကတော့ (Ford) ဖို့သ်ဆိုသူထုတ်လုပ်ခဲ့တဲ့ ကားထဲမှာလုပ်ကြံခံခဲ့ရတာ
ဖြစ်ပါတယ်။ အဲဒီ့ကားနာမည်ကလဲ လင်ကွန်းလို့ ခေါ်ပါတယ်
(8)သမ္မတလင်ကွန်းကို လုပ်ကြံခဲ့သူ Booth ဟာ ပြဇာတ်ရုံမှ ထွက်ပြေးလွတ်မြောက် သွားခဲ့ပြီးကုန်တိုက်တစ်ခုထဲကနေ ဖမ်းဆီးမိခဲ့ပါတယ်၊၊
သမ္မတ ကနေဒီကိုလုပ်ကြံသူ Oswald ကတော့ ကုန်တိုက်တစ်ခုကနေ ထွက်ပြေးသွားခဲ့ပြီး
ပြဇာတ်ရုံထဲကနေ ပြန်လည်ဖမ်းမိခဲ့ပြန်ပါတယ်၊၊
(9)သမ္မတလင်ကွန်းဟာ လုပ်ကြံခြင်းမခံရမီ တစ်ပတ်အလိုမှာ Maryland ပြည်နယ် (Monroe) မွန်ရိုးရပ်ကွက်မှာရှိနေခဲ့ပါတယ်၊၊
သမ္မတ ကနေဒီကတော့ လုပ်ကြံမခံရမီ တစ်ပတ်အလိုမှာ ကမ္ဘောကျော်မင်းသမီး
Marilyn Monroe မာရီလင်မွန်ရိုးနဲ့အတူရှိနေခဲ့ပြန်ပါတယ်၊၊
(10) သမ္မတနှစ်ယောက်ကို လုပ်ကြံခဲ့တဲ့ Booth နဲ့ Oswald တို့ဟာ သူတို့ကို တရားရုံးမှ ပြစ်ဒဏ် မချမှတ်ရသေးခင်မှာပဲ လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရပြန်ပါတယ်၊၊
ဒါတွေက လူသိများခဲ့ လူပုဂ္ဂိုလ်နှစ်ယောက်ရဲ့ တိုက်ဆိုင်မှန်းသိခဲ့တဲ့ အကြောင်းအရာ
တစ်ချို့ တစ်လေပေါ့ ။ ဒီအဖြစ်အပျက်လိုမျိုး ကျွန်တော်တို့ ဘ၀နဲ့  ဆင်ဆင်တူတဲ့ လူတစ်ယောက်
တိုက်ဆိုင်တာတွေရှိတာပေါ့မင်းသားကြီးရေ
ReplyDeleteအခုပဲဒီပိုစ့်ကိုမင်းသားကြီးကတင်တယ်
အမလာဖတ်တယ်နှစ်ယောက်ဖတ်မိပြီနောက်ဘယ်သူတွေဖတ်မိအုံးမလည်း
:D
အစ်မနဲ့  တူတဲ့လူတစ်ယောက်ယောက်ရှိနေနိုင်တယ်နော် သတိထားပါ .. :P
Deleteအင်းတိုက်ဆိုင်မှု့တွေ တကယ်ရှိနေနိုင်မှာပါ...
ReplyDeleteတကယ်တော့ ဒီပိုစ့်က မသိဖူးတာတွေ သိခွင့်ရလိုက်သလို.. ဆင်ခြင်တွေးတောစရာတွေလည်း ရခဲ့ပါတယ်.. အဲ့လိုထပ်တူကျနေမယ့်..ကိုယ့်ရဲ့ အရိပ်တစ်ခုကိုလည်း တွေ့ဖူးချင်လာသလိုလိုပဲ.. :)
ReplyDeleteမင်းသားကြီးရေ မှတ်သားသွားသလို ကိုနဲ့တူတဲ့လူကိုလည်း တွေ့ချင်လာမိတယ်နော်...တိုက်ဆိုင်တယ်ဆိုတာ.....ဘာကြောင့်လို့ထင်သလဲဟေ့...
ReplyDeleteကျွန်တော်တို့ မသိတဲ့ အကြောင်းအရောတွေကြောင့်ပါ ... :P
Delete