နင်နဲ့  ဝေးဖို အတွက်...
အတိတ်တွေ မေ့ ခဲ့ လိုက်တယ်…
ပြေးနေတုံးပဲ ငါ မလွတ်မြောက်သေးဘူး...
တကယ်တောနင့် စက်ဝိုင်း အတွင်း မှာ
ငါ က ဘောင်ခတ်ခံရတဲ့ သုည တွေ ပါ ပဲ…။
တနေ့တနေ့  ဖုန်း ကို ကောက်ကောက်ကိုင်ကြည့်
နင့် အတွက်ထားထားတဲ့ ring tone ကိုကြားမိလိုက်နဲ့ 
ငါ ကိုယ်ငါ ခပ်ရူးရူး ပျော်နေတာပါ ပဲ….။
ငဲ့ ကြည့် ဖို့  ငါ့ တို့ အမှတ်တရဆိုတာ
နင့် အိမ်မှာ အပျင်းပြေ ချိတ်ထားတဲ့
ပိုစတာ တစ်ခု လောက်တောင် နေရာမရှိခဲ့ ပါဘူး....။
ဘာမှ မပာုတ်တဲ့  ငါ က နင့် အတွက်လွမ်းမျက်ရည် ကျ မပြတတ်ပါဘူး…
မိုးတွေ ကိုတော့ ငါ့ ကိုယ်စားငိုချ ခိုင်းလိုက်တယ်…..။
0 comments:
Post a Comment
ဖြတ်သန်းမှုများထဲမှာ အတွေ့အကြုံသာမရရှိဘူးဆိုလျှင်
ကျွန်ုပ်တို့သည် ကလေးများသာဖြစ်မည်ထင်သည် ... :)