အဆောက်အဦးမြင့်မြင့်တွေ
အိပ်မက်မြင့်မြင့်တွေကြားမှာ
ကြိုးတန်းလေးပေါ်လှုပ်လှုပ်ရှားရှား
မြေသင်းနံ့မရတဲ့မိုးကို
စိုမှပဲ မော့ကြည့်မိတယ် ... .. .
အိပ်တန်းက ကျဉ်းတယ်
ဆိပ်ကမ်းက ဝေးတယ်
ဘယ်လိုတေးမျိုးနဲ့မှ မမြူးကြွဘူး
ဘယ်လိုဆေးမျိုးနဲ့မှ အားဖြစ်မလားဘူး
ရင်ထဲ
မင်္ဂလာပါကို သိပ်ဆာတယ် ... .. .
တကယ်ပါဗျာ
အမေတွန်းနှိုးမှနိုးတတ်တဲ့
ကျွန်တော့မနက် အင်ဂျင်အိုကြီးကို
လွမ်း....တယ်...... .. .
0 comments:
Post a Comment
ဖြတ်သန်းမှုများထဲမှာ အတွေ့အကြုံသာမရရှိဘူးဆိုလျှင်
ကျွန်ုပ်တို့သည် ကလေးများသာဖြစ်မည်ထင်သည် ... :)