အဲ့ဒီလောက်... .. .
သံယောဇဉ်တွေ များနေခဲ့သားနဲ့ 
ဘာကြောင့်များ ငါ့ကိုတုပ်နှောင်ခဲ့သေးတာလဲ... .. .။
ငါ့မနက်ဖြန်တိုင်းအတွက်
အပြုံးခပ်ယဲ့ယဲ့ကိုလည်း မင်းကလွဲပြီး
တခြားသူကိုပေးဖို့ ငါ တစိုက်မတ်မတ်မပြင်ဆင်ရသေးဘူး... .. .။
ရှုံးနိမ့်မှုတွေများလွန်းလာတော့
အရေထူလာတဲ့ ငါ့နှလုံးသားက
ပေါက်ကွဲမှုတွေကို တင်းခံနိုင်ပေမယ့်... .. .။
မင်းကြည့်တတ်ရင်မြင်ပါလိမ့်မယ်
ငါ့မျက်ဝန်းမှာ အရင်ကထက်စိုထိုင်းဆတွေ
ပို ပို များ လာ နေ ပြီ လေ ... ... ...
0 comments:
Post a Comment
ဖြတ်သန်းမှုများထဲမှာ အတွေ့အကြုံသာမရရှိဘူးဆိုလျှင်
ကျွန်ုပ်တို့သည် ကလေးများသာဖြစ်မည်ထင်သည် ... :)