Search This Blog

Saturday, 25 February 2012

ငါလို လူကြောင့်ဖြစ်မယ်


ငါ
ဝစွာ စားလို့ ပိုတာသွန်ပစ်ခဲ့တယ်
ငါ့ နီးနားမှာ စားစရာမဲ့
သွန်ပစ်စားစရာ ရှာဖွေစားသောက်
ကလေးငယ်ပေါင်းများစွာ
ငါဟာ သဒ္ဒါတရားနဲ သူများလား.............

ငါ
အမေ့မေတ္တာ ပိုကာနေလို့ အမေ့ပေါ်ဆိုးခဲ့တယ်
ငါ့နီးနားမှာ ငတ်မွတ်မေတ္တာ
မျှော်လင့်တောင်းတ ဘယ်မှာမိဘ
ကလေးငယ်ပေါင်းများစွာ
ငါဟာ ကိုယ်ချင်းမစာတတ်သူများလား...

ငါ
များစွာဝတ်စား ထုပ်ပိုးသိမ်းဆည်း ခဲ့တယ်
ငါ့နီးနားမှာ အရှက်လုံအောင်
ဝတ်စရာမဲ့ နိထ္တိအ၀တ်
ကလေးငယ်ပေါင်းများစွာ
ငါဟာ အတ္တကြီး သူများလား

ငါ
ရှာဖွေဥစ္စာ မဆုံးရုံးအောင်
စုဆောင်းထားခဲ့တယ်
ငါ့နီးနားမှာ အားကိုးရာ မရှိ
ခိုကိုးရာမဲ့ ဥစ္စာနထ္တိ
သက်ကြီးအိုပေါင်းများစွာ
ငါဟာ လောဘဇောတတ်နေ သူများလား.

ဟိုမှာ အမိုက်ပုံထဲ စားစရာ ရှာဖွေနေတဲ့
ကလေးတွေ
ဒီမှာ အလင်းရောင်မဲ့နေတဲ့ လူငယ်တွေ
ဟိုမှာ အရှက်လုံဖို့ ဘ၀နဲ့  ရင်းရတဲ့ ကလေးတွေ
ဒီမှာ ခိုကိုးရာမဲ့ အထီးကျန် တဲ့
အိုကြီးအိုမ တွေ

အင်း...........
ငါလို လူကြောင့်ဖြစ်မယ်... ... ။               ။

Friday, 24 February 2012

မေးခွန်းလေး (၂)ခု

ကျောင်းတက်ခေါင်းလောင်းထိုးတော့ ဆရာကအတန်းထဲဝင်လာပြီး ကျောင်းသားတွေကို "အေဂျင့်တစ်ခုက လေ့လာဆန်းစစ်ချက်တစ်ခုအတွက် ဆရာ့ကိုအကူအညီတောင်းခဲ့တယ်။ ကျေးဇူးပြုပြီး ဒီမေးခွန်းတွေကို ဖြေပေးကြပါ" လို့ ပြောတယ်။ အမေးအဖြေ ဖြေရတာက စာသင်တာထက် ပိုစိတ်ဝင်စားဖို့ ကောင်းတာမို့ ကျောင်းသားတွေအသီးသီး စာရွက်ယူပြီး ကြည့်လိုက်ကြတယ်။ စာရွက်ပေါ်မှာ မေးခွန်းနှစ်ခုမေးထားတယ်။




မေးခွန်း(၁)

သူမကို သူအရမ်းချစ်တယ်။ သူမဟာ သွယ်လျလျမျက်နှာ၊ လခြမ်းပုံ မျက်ခုံးမွေး၊ ဖြူဖွေးတဲ့အသားအရည်နဲ့ လှပသူဖြစ်တယ်။ ဒါပေမယ့် တစ်နေ့မှာ မတော်တဆကားတိုက်မှုကြောင့် သူမမျက်နှာ အရုပ်ဆိုးအကျည်းတန်သွားတယ်။ ရုပ်ဆိုးသွားတဲ့ သူမကို အရင်လို သူဆက်ချစ်နိုင်ပါ့မလား?




(A) ချစ်နိုင်တယ်
(B) မချစ်နိုင်ဘူး
(C) ချစ်နိုင်မယ်လို့ ထင်ပါတယ်။




မေးခွန်း (၂)

သူ့ကို သူမအရမ်းချစ်တယ်။ သူက ရုပ်ချောခန့်ညားပြီး အောင်မြင်တဲ့ စီးပွါးရေးသမားတစ်ဦးဖြစ်တယ်။ ဒါပေမယ့် တစ်နေ့မှာ ရုတ်တရက် သူ့စီးပွါးပျက်သွားတယ်။ ကျရှုံးသွားတဲ့သူ့ကို သူမ အရင်လိုဆက်ချစ်နိုင်ပါ့မလား?




(A) ချစ်နိုင်တယ်
(B) မချစ်နိုင်ဘူး
(C) ချစ်နိုင်မယ်လို့ ထင်ပါတယ်။




တအောင့်ကြာတော့ ကျောင်းသားတွေက ဖြေထားတဲ့စာရွက် ဆရာကိုပြတယ်။ ဆရာစာရင်းပြုစုကြည့်တော့ မေးခွန်း (၁) ဖြေကြသူတွေထဲမှာ --
A လို့ဖြေသူ ၁ဝ%



B လို့ဖြေသူ ၁ဝ%
C လို့ဖြေသူ ၈ဝ% တွေ့ရတယ်။

မေးခွန်း (၂) ဖြေကြသူတွေထဲမှာ



A လို့ဖြေသူ ၃ဝ%
B လို့ဖြေသူ ၃ဝ%
C လို့ဖြေသူ ၄ဝ% တွေ့ရတယ်။

ဆရာက အဖြေတွေကိုကြည့်ပြီး "အင်း.. ကြည့်ရတာ မိန်းကလေးတွေ ရုပ်ပျက်သွားတာက
ယောက်ျားလေးတွေ စီးပွါးပျက်သွားတာထက် ပိုသည်းမခံနိုင်ကြပါလား?
ဒီမေးခွန်းနှစ်ခုမှာ အသိလေးပါတယ်။ သူတို့ကို ချစ်သူတွေဖြစ်မယ်လို့
တပည့်တို့ထင်ခဲ့ကြတယ် မဟုတ်လား!"




"ချစ်သူတွေလို့ ထင်ခဲ့တယ် ဆရာ"

"အင်း.. ဒါပေမယ့် သူတို့ကချစ်သူတွေပါလို့ မေးခွန်းမှာ ရေးမထားဘူးလေ" ဆရာကဆက်ပြီး
တည်ငြိမ်တဲ့အသံနဲ့ "ဒီမေးခွန်းထဲက လူနှစ်ယောက်ကို "မိဘ" နေရာမှာထားပြီး
ဆရာတို့ စိတ်ကူးကြည့်ရအောင်.. မေးခွန်း(၁)ထဲက "သူ"ဟာသူမရဲ့ဖခင်ဖြစ်တယ်။
မေးခွန်း(၂)ထဲက "သူမ"ဟာသူ့ရဲ့မိခင်ဖြစ်တယ်။ ဒီမေးခွန်းကို
ပြန်ဖြေခိုင်းရင် ဖြေခဲ့တဲ့ အဖြေအတိုင်း တပည့်တို့ထားနိုင်မလား?"




ဆရာက မေးခွန်းတွေကို ကျောင်းသားတွေရဲ့လက်ထဲ ပြန်အပ်ပြီး အဖြေရွေးခိုင်းခဲ့ပြန်တယ်။ စာသင်ခန်းတစ်ခုလုံး တိတ်ဆိတ်နေပြီး ကျောင်းသားတွေရဲ့ မျက်နှာပေါ်မှာ တည်ကြည်လေးနက်တဲ့ အရိပ်တွေ ထင်ဟပ်နေတယ်။ မိနစ်အနည်းငယ်ကြာပြီးနောက် ဆရာက မေးခွန်းတွေစုပြီး စာရင်းစစ်ကြည့်တော့ မေးခွန်း(၂)ခုလုံးမှာ (A)လို့ဖြေထားတဲ့လူတွေ ၁ဝဝ% ရှိခဲ့တယ်။




နောက်ဆုံးမှာ ဆရာက "လောကကြီးမှာ တည်ကြည်ခိုင်မြဲတဲ့ ချစ်ခြင်းတစ်မျိုးရှိတယ်။ အဲဒီအချစ်က တစ်ကိုယ်ကောင်းမဆန်သလို တုန့်ပြန့်မှုကိုလည်း မတောင့်တခဲ့ဘူး။ အဲဒီအချစ်က ရာသီဥတု အပြောင်းအလဲနောက်လိုက်ပြီး မပြောင်းလဲသွားတတ်သလို ရာထူး၊ ဂုဏ်အရှိန်အဝါနောက် လိုက်ပြီးလည်း မျောပါမသွားတတ်ဘူး။ အဲဒီချစ်ခြင်းက မိဘတွေရဲ့ချစ်ခြင်းပဲဖြစ်တယ်" လို့ လေးလေးနက်နက် ပြောသွားခဲ့တယ်။

                                               
                                                                                                                                 by နိုင်းနိုင်းစနေ

စံပါယ်အတွေး

......အိမ်သို့ပြန်ရောက်လာသော ကလေးငယ်က မိခင်ကို သူ့အတွေ့အကြုံ ပြန်ပြောပြသည်..
"မေမေ .. ဒီနေ့ ဘတ်စကားပေါ်မှာ အန်တီကြီးတစ်ယောက်ရဲ့ခြေထောက်ကို သားတက်နင်းလိုက်မိတယ်.. သားကတောင်းပန်လိုက်တယ်၊
ဒါနဲ့ အန်တီကြီးက သားကို ချောကလက်တစ်ခု ထုတ်ကျွေးတယ်" " သားက ကျေးဇူးတင်ပါတယ်လို့ ပြောလိုက်ရောလား"
"ဟင့်အင်း.. သူ့ရဲ့နောက်ထပ် ခြေထောက်တစ်ဖက်ကို တက်နင်းလိုက်တယ်"

(၂)

.......ကျွန်တော်တို့ လူမှုဆက်ဆံရေးနယ်ပယ်ထဲမှာ Handicap ပေးထားရတဲ့သူတွေရှိပါတယ်..
Handicap ဆိုတာက ပစားပေးထားတဲ့ သဘောကိုဆိုလိုတာပါ။ ကစားပွဲတွေမှာဆိုရင် အမှတ်ကြောပေးထားတာပေါ့။
ကိုယ်နဲ့ စစ်တုရင် ယှဉ်ထိုးမယ့်သူဟာ ကိုယ့်အောက်နိမ့်ကျတဲ့ စွမ်းရည်ရှိသူဖြစ်နေရင် သူ့ရဲ့အားနည်းချက်ကို သက်ညှာတဲ့ အနေနဲ့ ကိုယ့်ဘက်က ဘစ်ရှော့ရုပ်တစ်ရုပ်၊ ဒါမှမဟုတ် မြင်းရုပ်တစ်ရုပ် ပွဲမစခင်ကတည်းက အကျဆုံးခံပြီး လျော့ကစားတာပါ။
ဒါမှ တရားမျှတမှုရှိမယ်.. လို့ ယုံကြည်တာကိုး။ လူ့အသိုင်းအ၀ိုင်းထဲမှာလည်း ဒီလိုပဲ။
တချို့လူတွေကို အကြောင်းကြောင်းကြောင့် (သနားလို့၊ အားနာလို့) ပစားပေးသက်ညှာထား
ရတာတွေရှိပါတယ်။ ဒါပေမဲ့.. ခက်တာက သူ့တို့ထဲက တချို့လူတွေက တမင်ညှာမှန်းမသိကြဘူး.. ရောင့်တက်လာကြတယ် ။
ကလေးဆိုးကြီးတွေလိုပဲ။ ကိုယ့်ခြေထောက်ကို တက်နင်းပြီး တောင်းပန်လို့ ကိုယ်က သနားအားနာတာနဲ့ ချောကလက်တစ်ခု ထုတ်ကျွေး လိုက်မိပါတယ်။ သူ့တို့က နောက်ထပ်ခြေထောက်တစ်ဖက်ကို ထပ်ပြီး နင်းကြပြန်ရော.....။ ကဲ....မခက်ဘူးလား ။

.......တစ်ချို့အိမ်တွေ.. ၊ တချို့ဆိုင်တွေမှာ.. (အားနာလို့ လိုက်လျောတာ 'အ' တယ်လို့မထင်နဲ့) ဆိုတဲ့ ဆိုင်းဘုတ်ကို တွေ့တွေ့နေရတော့ 'သြော်.. သူတို့လည်း ခဏခဏ ခြေထောက်တက်နင်းခံနေရရှာတယ်နဲ့ တူပါရဲ့' လို့ တွေးပြီး ပြုံးမိပါတယ်။ ဟုတ်တယ်လေ... မကောင်းတတ်လို့ အလျှော့ပေးနေရတာ မှန်ပေမယ့်.. ခဏခဏ ဖြစ်လာတော့လည်း ဘယ်သူသည်းခံနိုင်မှာလဲ၊
အားလုံးက ပုထုဇဉ်တွေပဲမဟုတ်လား။

(၃)

.......ကျွန်တော့်မိတ်ဆွေတစ်ယောက်ကတော့ အဲဒီဆိုင်းဘုတ်ကို တစ်မျိုးဖတ်မိရှာတယ်။
(အားနာလို့ လိုက်လျောတာ 'အတယ်' လို့မထင်နဲ့) သူက အဲဒီလိုဖတ်ပြီးတော့...ကျွန်တော့်ကို လာမေးပါတယ်။ "ဟေ့ကောင်.."အတယ်" ဆိုတာ တရုတ်လို အဖေကိုပြော တာမဟုတ်လား".. တဲ့။
သူဖတ်သလိုမျိုးဆိုရင် သူ့အဓိပ္ပာယ်နဲပသူတော့ မဆိုးပါဘူး လို့ ကျွန်တော် တွေးမိသား။ ဟုတ်တယ်လေ... နောက်ထပ် ချောကလက်
တစ်ခုထပ်လိုချင်လို့ အားမနာပါးမနာနဲ့ သူများခြေထောက်ထပ်နင်းတဲ့ သူရဲ့အတွေးဟာ "ကလေးအတွေး" ပါ ။
ကျွန်တော်ပြောခဲ့ပြီးသားပါပဲ ။ အဲဒီလူတွေဟာကလေးတွေ၊ ကလေးဆန်တဲ့ လူတွေဆိုပါတော့။
သူတို့ကို ရေရှည်မှာ ဘယ်သူကသည်းခံနိုင်မှာလဲ။ အလွန်ဆုံး သူ့အဖေအမေပဲပေါ့။ ကျန်တဲ့သူတွေကတော့ ကြာလာတာနဲ့ အမျှ
စိတ်ပျက်လာမှာ သေချာပါတယ်။
ဒါပေမဲ့.. ကလေးတွေဆိုတာက ခက်သားကလား။ ကိုယ့်အဖေအမေအပေါ် ဆိုးချင်တိုင်းဆိုးလို့ ရရုံနဲ့ ကျန်တဲ့ သူတွေအားလုံးအပေါ်မှာ
လည်းအဲသည်လိုဆိုးလို့ "အခွင့်အရေး" ရမယ်ထင်နေတတ်တာမျိုး။ အဲဒီ ကလေးစိတ်၊ ကလေးဥာဉ် မျိုးကိုတွေ့ရင် အားလုံးက ၀ိုင်းပြီး
ပဲ့ပြင်ပေးဖို့လိုပါတယ်။ အဲ... အပြုပြင်ခံရတဲ့ သူကိုယ်တိုင်ကလည်း အမှန်တကယ် လိုလိုလားလား ပြုပြင်ချင်တဲ့ ဆန္ဒရှိဖို့ လိုပါလိမ့်မယ်။
လောကမှာ အရေးအကြီးဆုံးက ကိုယ့်ကိုယ်ကိုယ် အရှိ... အရှိအတိုင်း တည့်တည့်မတ်မတ် မှန်မှန်ကန်ကန် မြင်မယ့် "သတိ" ရှိဖို့ပါပဲ။

(၄)

.......ကျွန်တော်တို့ကကော... ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်ထိ "သတိ" ထားကြည့်မိကြလို့လဲ။
"အခွင့်အရေး" တစ်ခုရပြီဆိုတာနဲ့ ချောကလက်ရတဲ့ ကလေးငယ်လို အငမ်းမရ လှမ်းယူမိတဲ့ အခါမျိုးတွေ ရှိခဲ့သလား။
"ငါ့ကို ဘာဖြစ်လို့ ဒီအခွင့်အရေးပေးတာလဲ ?"
"အားနာလို့လား ?"
"မကောင်းတတ်လို့ သက်ညှာတဲ့သဘောလား ?"
"သူများက ငဲ့ညှာတာကို ငါက အလိုက်ကန်းဆိုးမသိ ရတိုင်းယူတဲ့ကောင် ဖြစ်နေသလား ?" စသည်ဖြင့် ပြန်ဆန်းစစ်ဖို့ လိုပါတယ်။
ဒီလိုမှမဟုတ်ဘဲ "ကိုယ်ရရင်ပြီးရော" ဆိုတဲ့ သဘောမျိုးထားလို့ကတော့ ကျွန်တော်တို့ လူကြီးတွေဟာ သူများခြေထောက်နင်းဖို့ ၀န်မလေးတဲ့ ကလေးတစ်ယောက်နဲ့ ဘာထူးတော့မှာလဲ...။
ပေးတိုင်းလည်း မယူပါနဲ့...။
ရမှန်းသိတိုင်းလည်း မလိုချင်နဲ့...။

(၅)

.......အခွင့်အရေးဆိုတာ ကိုယ့်နဲ့ထိုက်တန်မှ ရတာ/ယူတာ အကောင်းဆုံးပါပဲ....။

                                                                                                                                                                                                                              (မင်းခိုက်စိုးဆန်)



ဒါကြောင့်ပါ

တခါတုန်းက လင်မယားနှစ်ယောက်ဟာ သူတို့ရဲ့ ၂၅နှစ်မြောက်
မင်္ဂလာနှစ်ပတ်လည်နေ့ကို
ကျင်းပကြ ပါတယ်။ သူတို့စုံတွဲဟာ အိမ်ထောင်သက်၂၅နှစ်အတွင်းမှာ တခါမှကတောက်ကဆ
မဖြစ်ဖူးဘူးလို့ မြို့မှာ နာမည်ကြီး ပါတယ်။ ဒါကြောင့် နယ်ခံသတင်းစာရဲ့ အယ်ဒီတာက
အဲဒီ ပျော်ရွှင်ချမ်းမြေ့တဲ့ အိမ်ထောင်ရေးရဲ့ လျှို့ဝှက်ချက်ကို
မေးမြန်းဖော်ထုတ်ဖို့

အစီအစဉ်တစ်ခု လုပ်လိုက်ပါတယ်။

အယ်ဒီတာ ~ ဒီအဖြစ်အပျက်က မယုံနိုင်စရာ အံ့အားသင့်ဖို့ ကောင်းလွန်းပါတယ်။ ဒီလို
အိမ်ထောင်ရေးမျိုးကို

ဘယ်လိုများ တည်ဆောက်ခဲ့ ကြပါသလဲ ခင်ဗျာ?

ယောက်ျားဖြစ်သူက သူတို့ရဲ့ Honeymoon နေ့ရက်တွေကို ပြန်တွေးရင်းပြောပါတယ်...

"ကျွန်တော်တို့တွေ Honeymoon အတွက် ရှီမလာ (Shimla) ကိုသွားခဲ့ကြပါတယ်။ အဲဒီမှာ
မြင်းစီးသွားမယ်ဆိုပြီး မြင်းတစ်ကောင်စီ စီးကြတာပေါ့ဗျာ။ အဲဒီမှာ
ကျွန်တော့်မြင်းက စီးရတာအဆင်ပြေပေမယ့် ကျွန်တော့်မိန်းမစီးတဲ့ မြင်းကတော့
နည်းနည်းရိုင်းပုံရတယ်ဗျ။

လမ်းမှာ သွားနေရင်းနဲ့ပဲ အဲဒီမြင်း
ရုတ်တရက်ထခုန်လိုက်တာ ကျွန်တော့်မိန်းမ ဒယိုင်းဒယိုင်ဖြစ်ပြီး ပြုတ်ကျပါလေရော။
ဒါပေမယ့် သူက မြေကြီးပေါ်ကနေ လူးလဲထပြီး မြင်းရဲ့ကျောကုန်းလေးကို
အသာလေးပွတ်ပေးရင်းနဲ့ မြင်းကို "ဒါ မင်းရဲ့ ပထမဆုံးအကြိမ်နော်..." လို့
ပြောပါတယ်။

ပြောပြီးတော့ သူလည်း မြင်းကျောပေါ်ပြန်တက်ပြီး ခရီးဆက်ခဲ့တာပေါ့ဗျာ။

ခဏအကြာမှာ

စောစောကလိုပဲ ဖြစ်ပြန်ပါတယ်။ ဒီတစ်ခါမှာလည်း ကျွန်တော့်မိန်းမက
တည်တည်ငြိမ်ငြိမ်ပဲ "ဒါ မင်းရဲ့ ဒုတိယအကြိမ်နော်..." လို့ပြောပြီး
ဆက်သွားကြပြန်ပါတယ်။

တတိယအကြိမ်မြောက် မြင်းက ခါချတဲ့အခါမှာတော့
ကျွန်တော့်မိန်းမက ဘာမှမပြောဘဲ ခြောက်လုံးပြူးသေနတ်ကို ပိုက်ဆံအိတ်ထဲက ထုတ်ပြီး
မြင်းကို အသေပစ်သတ်လိုက်ပါလေရောဗျာ။

ကျွန်တော်လည်း ဒေါသထွက်ထွက်နဲ့ "မင်း ဘယ်လိုလုပ်လိုက်တာလည်းကွ။
သနားစရာကောင်းတဲ့ တိရိစ္ဆာန်လေးကို မင်းသတ်ပစ်လိုက်ပြီ။ မင်းရူးနေလား!!!"
လိုအော်လိုက်မိတယ်။ အဲဒီအခါ ကျွန်တော့်မိန်းမက ကျွန်တော့်ကို
အေးစက်စက်ပြန်ကြည့်ပြီး နူးညံ့တဲ့လေသံလေးနဲ့ ဘာပြောလဲဆိုတော့ "ဒါ
ရှင့်ရဲ့ပထမဆုံးအကြိမ်နော်..."

တဲ့။ အဲဒီအချိန်ကစပြီး ကျွန်တော်တို့တွေ
ဘာပြဿနာမှမရှိဘဲ နှစ်ယောက်အတူတူ ပျော်ပျော်ရွှင်ရွှင် နေလာခဲ့ကြတာပါပဲဗျာ... ။              ။
 
ပျော်ရွှင်ကြပါစေ



Monday, 20 February 2012

"Walking Alone"

Come together like a foot in a shoe
Only this time I think I stuck my foot in my mouth.
Thinking out loud and acting in vain.
Knocking over anyone that stands in my way.


Sometimes I need to apologize.
Sometimes I need to admit that I ain't right.
Sometimes I should just keep my mouth shut, or only say hello.
Sometimes I still feel I'm walking alone.


Walk on eggshells on my old stomping ground,
yet there's really no one left, that's hanging around.
Isn't that another familiar face?
Too drunk to figure out they're fading away.


                                                                                     By: Green Day 





Saturday, 18 February 2012

ဆရာ အော်ပီကျယ် ရဲ့ ကျကြမ်း(ဟာသ)

၁။ တစ်ကိုယ်ကောင်း ဆောင်ရွက်ပါ။ အချောင်ရလျှင် ဝေစုခွဲပေးစရာ မလိုတော့။

၂။ ဆုံးဖြတ်ချက်များသည် အကောင်အထည် ဖော်ရန်မဟုတ်။ နာမည်ဖော်ရန် အတွက်သာ ဖြစ်သည်။

၃။ အမြင်ကျဉ်းပါ။ အမြင်ကျယ်လျှင် မျက်စိ ညောင်းသည်။

၎။ ရိုးရှင်းမှုသည် စိတ်၏ မြားတစ်စင်း ဟု ဆိုကြသည်။ မိမိထံ ဦးတည်လာနိုင်သော ထိုမြားကို ရှုပ်ထွေးမှု ဖြင့် လမ်းလွှဲ တတ်ပါစေ။

၅။ ရှုပ်ရှုပ်ထွေးထွေးနေပါ။ ရိုးရှင်းမှုသည် ဖြောင့်တန်းသောကြောင့် သင် ဘယ်ကို ဦးတည်နေသည်ကို သိနိုင်သည်။

၆။ လုပ်သင့်တာထက် လုပ်ချင်တာကို ဦးစားပေးပါ။ လုပ်သင့်တာကို သူများတွေ လုပ်ကြပါလိမ့်မည်။

၇။ ဆုံးဖြတ်ချက် ချမထားပါနှင့်။ဟိုလိုလို ဒီလိုလို လွင့်မျောခွင့် ပျောက်ဆုံးသွားလိမ့်မည်။

၈။ ကိုယ့်လမ်းကိုယ် မထွင်ပါနှင့်။ တောရှင်းရတာ အန္တရာယ် များလှသည်။

၉။ တာဝန်ယူစိတ် မထားပါနှင့်။တာဝန်ယူစိတ် ရှိခြင်းသည် ကိုယ့်ကိုကိုယ် တရားခံရှာခြင်း ဖြစ်သည်။

၁၀။ များများပြောပြီး နည်းနည်းနားထောင်ပါ။ နားနှစ်ဖက် ပါခြင်းသည် ဒီဘက် နားမှဝင်ပြီး ဟိုဘက် နားမှ ပြန်ထွက် စေရန် ဖြစ်သည်။

၁၁။ ယနေ့ပြီးနိုင်သော အလုပ်ကို မနက်ဖြန်သို့ ရွှေ့ပါ။ အလုပ်များသူဟု အထင်ကြီးခံရမည်။

၁၂။ သူများ စကားပြောနေလျှင် စိတ်ဝင်စားဟန် မပြပါနှင့်။ သူ့စကား အောင်မြင်မှုရရန် အခွင့်အလမ်း နည်းသွားမည်။

၁၃။ အရည်မရ အဖတ်မရ စကားကို များများပြောပါ။ ယခုအခါတွင် ကွမ်းယာသည်များ အဆင်ပြေနေသည်။

၁၄။ စာများများ မဖတ်ပါနှင့်။ အစာနှစ်မျိုးအနက် စိတ်၏ အစာဟု ခေါ်ဆိုကြသော
စာဖတ်ခြင်းသည် စာအုပ်ဖိုး၊ ငှားခ နှင့် ၀င်ကြေးများ ကုန်ကျသော်လည်း
ဗိုက်မ၀။

၁၅။ စာ ဖတ်ပါက အပျင်းပြေ၊ အပျော်ဖတ်၊ အရည်မရ အဖတ်မရ စာများကိုသာ ရွေးဖတ်ပါ။ စကားဝိုင်းများ ကို သင် စိုးမိုးထားနိုင်လိမ့်မည်။

၁၆။ ကမ္ဘာကြီးတွင် ဖြစ်ပျက်နေသည်များကို မသိလည်း ကိစ မရှိ။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာကြီးကလည်း သင့်ကို မသိချေ။

၁၇။ လေထဲတွင် တိုက်အိမ်ဆောက်ပြီး သင်ချဲ့ကားချင်သလို ချဲ့ကားပါ။
လေကုန်ကြမ်းကိုသာ အသုံးပြုရ သောကြောင့် လက်ဖက်ရည်ဖိုးမှလွဲပြီး
ကုန်ကျစရိတ် မရှိ။

၁၈။ တာဝန်ယူစိတ် မရှိသော ဦးနှောက်သည် ဆင်ခြေများစွာကို မှတ်မိနေတတ်သည်။ လိုသလို အသုံးချ ပါလေ။

၁၉။ ဇွဲရှိပါက ပင်ပန်း၏။ ဇွဲနှင့် ကြိုးစားနေစဉ် အခြေအနေ ပြောင်းသွားမှုကြောင့် အချည်းနှီး ဖြစ်သွားတတ် သည်။

၂၀။ ဇွဲမရှိဘဲ မြန်မြန်လက်လျှော့တတ်ခြင်းကြော
င့် အရှုံးသက်သာ၏။ ရည်မှန်းချက် ခိုင်မာမှု မရှိသောကြောင့် ရည်မှန်းချက် ဖောင်းပွစွာထားနိုင်ပြီး တစ်ခုခုတွင် ပွပေါက်တိုးနိုင်၏။

၂၁။ ဟန်ပြ ဇွဲ ရှိခြင်းကား နောင်တွင် အသုံးတည့ှ်နိုင်၏။ အချို့ကိစ များတွင် လူငှားဖြင့် ဇွဲရှိပါ။

၂၂။ လမ်းသစ် ထွင်ခြင်းသည် အခွင့်အလမ်းကို ဖန်တီးခြင်းဖြစ်ရာ အရည်အချင်းလို၏။ အခွင့်အရေး အတွက်မူ အရည်အချင်း မလို။

၂၃။ နောက်မှ လိုက်ရသဖြင့် နောက်ကျမှာ မစိုးရိမ်ပါနှင့်။ ဘ၀လမ်းသည်
အဖြောင့်မဟုတ်သည့် အတွက် သင့်ကို ရှေ့ဆုံးမှ လူ ဟုပင် အထင်ခံရနိုင်သည်။

၂၄။ မိတ်ဆွေတုကို ပေါင်းပါ။ မိတ်ဆွေတုသည် အပေးမရှိ၊ အယူသာရှိပြီး၊ လက်မပါ၊
လေဖြင့်သာ ကူညီတတ်ရာ သင်သည်လည်း သူ၏ မိတ်ဆွေတု ဖြစ်သောကြောင့် ဘာမှ
ပေးကမ်းစရာမလို၊ သက်သာ ပေ၏။

၂၅။ ဘယ်ကို သွားမည်ဟု ဆုံးဖြတ်မထားသောကြောင့် ဦးတည်ချက် မျိုးစုံသို့ သွားနိုင်၏။ ကြိုက်သည့် ဘက်သို့ ယိမ်းနိုင်၏။

၂၆။ ဆုံးဖြတ်ချက် ချမိသကဲ့သို့ ဖြစ်သွားပါက မစိုးရိမ်ပါနှင့်။
ရှေ့ဆုံးဖြတ်ချက်များကို နောက်ဆုံးဖြတ်ချက် များနှင့် စိတ်ကြိုက်
ပြင်နိုင်၏။

၂၇။ မိမိလုပ်ဆောင်ချက်များကို ပြန်လည် မသုံးသပ်ပါနှင့်။ ဆင်ကန်းတောတိုး
အဆို ရှိသလို၊ ဆင်သွားလျှင် လမ်းဖြစ် ဟူသော အဆို လည်းရှိပေသည်။

၂၈။ လုပ်ချင်တာများသည် အရသာရှိလှသည်။ လုပ်သင့်တာများမှာမူ ပင်ပန်းခက်ခဲတတ်သည်။

၂၉။ လုပ်သင့်တာ မလုပ်ခြင်းဖြင့် လောကကို ပေးဆပ်ရန် အကြွေးချန်ထားပါ။ အကြွေးများသူကို အကြွေး ထပ်မပေးရဲတော့ပေ။

၃၀။ လုပ်သင့်တာ လုပ်သူများကို အများက ယုံကြည်လေးစားကြလိမ့်မည်။ မကြာမီ
မေ့တိမေ့လျော့နေကြ မည့် ယုံကြည်လေးစားမှုကို မမျှော်လင့်ပါနှင့်။

၃၁။ ယုံကြည်မှု မထားပါနှင့်။ ယုံကြည်ပါက အရာရာ ဖြစ်နိုင်သည် ဆိုသောစကားသည် ခေတ်နောက်ကျ ကျန်ရစ်ခဲ့ပြီ။

၃၂။ ယုံကြည်မှုသည် ကိုယ်တွင်း သံလိုက်ဓါတ်ကို အားကောင်းစေသည်။ သင့်အနားတွင် ရှိနေသော သံချေးများ ပြေးကပ်လာလိမ့်မည်။

၃၃။ သင့်ကိုယ်သင် ပင် မယုံကြည်ပါနှင့်။ အရာရာကို မယုံကြည်ခြင်းဖြင့် ကြိုတင် ကာကွယ်နိုင်သည်။

၃၄။ ပညာမာန် တက်ပါ။ ပညာတကယ် မရှိသော်လည်း မာန်တက်လျှင် ပညာရှိဟု အထင် ခံရမည်။

၃၅။ ကိုးကားစရာ စာပိုဒ် တစ်ခုခုကို အာဂုံဆောင်ထားပါ။ လူထူထူ ရှိသောအခါ ဆိုင်ဆိုင် မဆိုင်ဆိုင် ထုတ်သုံးပါ။

၃၆။ ယုတ္တိ ရှိရှိ မရှိရှိ ငါ့စကား နွားရ ကိုယ်လိုရာဆွဲပြီး ဇွတ်ပြောပါ။ နွားဈေးကောင်းသည်။

၃၇။ ပညာကို ဥာဏ်ဖြင့် ချွန်းမအုပ်လျှင် မှားတတ်သည်။ ပညာ တကယ်မရှိသည့်အတွက် ချွန်းမလိုချေ။

၃၈။ အမြင်ကျယ်ဖို့ ဗဟုသုတ ရှာမှီးရန် လိုအပ်ရာ ခရီးစရိတ်နှင့် စာအုပ်ဖိုး
ကုန်သည်။ အမြင်ကျယ်ခြင်း ကြောင့် စိတ်ဝင်စားစရာထက် စိတ်ပျက်စရာများကို
ပိုမို မြင်တွေ့နေရလိမ့်မည်။

၃၉။ အမြင်ကျယ်ခြင်းကြောင့် အခွင့်အလမ်းများကို ပိုမြင်နိုင်သော်လည်း
အခွင့်အရေးလို အလုပ်မဖြစ်လှ။ အမြင်ကျဉ်းသူသည် အမြင်မှားတတ်သော်လည်း
မှန်ဖို့မလိုသောအခါ အမှားသည် အဆင်ပြေ၏။

၄၀။ ကျန်းမာရေး မလိုက်စားနှင့်။ ကျန်းမာရေးလိုက်စားခြင်းသည်
အလှူအိမ်များသို့ လိုက်စားသလို အရသာ မရှိလှဘဲ မိမိကိုယ်ကို ညှင်းဆဲခြင်း
ဖြစ်သည်။

၄၁။ ခေတ်မီကာလကြီးတွင် လေ့ကျင့်ခန်းလုပ်ပြီး ဒုက ရှာစရာ မလို။ ကျန်းမာမှ
အလုပ် လုပ်နိုင်မည် ဆိုသော လူများသည် အလုပ် မလုပ်ဘဲ ချမ်းသာနည်းကို
မသိသူများ ဖြစ်သည်။

၄၂။ ကျန်းမာခြင်းသည် လာဘ်တစ်ပါးဟု ဆိုကြသည်။ အမှန်မှာ လာဘ် သည်သာ ကျန်းမာခြင်း ဖြစ်သည်။

၄၃။ ကိုယ့်ကိုကိုယ် မသိချင်ပါနှင့်။ ကိုယ့်ကိုကိုယ် သိသောအခါ မိမိကိုယ်ကို လှုပ်နှိုးတတ်သဖြင့် အိပ်ရေး ပျက်၏။

၄၄။ မိမိကိုယ်ကို အလွန်ကျဉ်းမြောင်းသော ဘောင်အတွင်း ပိတ်လှောင်ထားပါ။
ထို့နောက် အခြားသူများကို အဆိုပါ ဘောင် အတွင်း ဆွဲသွင်းပြီး မိမိကမ္ဘာ
ထူထောင်ပါ။

၄၅။ ဆုံးဖြတ်ချက် ချသောအခါတိုင်း ၎င်းကို အကောင်အထည် မဖော်ဟု ဆုံးဖြတ်ထားပါ။
ရေတို လုပ်ဆောင်ရမည် များကို ရေရှည်ဆွဲဆန့်ရန် စကားလုံးများကို
ကျွမ်းကျင်စွာ အသုံးပြုပါ။

၄၆။ စုစည်းမှုကြောင့် မုန်တိုင်းဒဏ်ကို ခံနိုင်စေ၏။ သို့သော် အခြားဒဏ်များကို ပို ခံရစေနိုင်သည်။

၄၇။ ပူးပေါင်းမှုကြောင့် စွမ်းအားပိုများမလာဘဲ အုပ်စု ပိုများလာမည်။
ဆောင်ရွက်မှု မအောင်မြင်သည့်အခါ တွင်မူ တစ်ဦးတည်း မခံရစေရန် အများနှင့်
အချိန်မီ ပူးပေါင်းပါ။

၄၈။ အရေးကြီးတာကို နောက်မှလုပ်ပါ။ အရေးကြီးသောအရာများကို အရေးကြီးသောလူများ စိတ်မ၀င်စား သဖြင့် ဦးစားပေးရန် မလိုအပ်။

၄၉။ အရေးမကြီးသော အထူးအရေးပေါ်များကို ကြံဆဖော်ဆောင်တတ်လျှင် အရေးပါသူ
ဖြစ်လာမည်။ အရေးမကြီးတာများကိုသာ ဦးစားပေးခြင်းဖြင့် သင်၏ တစ်နေ့တာကို
ခက်ခဲခြင်းမှ ကာကွယ်ပါ။



Thursday, 16 February 2012

Time Of Your Life - Green Day


Another turning point, a fork stuck in the road
Time grabs you by the wrist, directs you where to go
So make the best of this test, and don't ask why
It's not a question, but a lesson learned in time

It's something unpredictable, but in the end it's right.
I hope you had the time of your life.

So take the photographs, and still frames in your mind
Hang it on a shelf in good health and good time
Tattoos of memories and dead skin on trial
For what it's worth it was worth all the while

It's something unpredictable, but in the end it's right.
I hope you had the time of your life.

It's something unpredictable, but in the end it's right.
I hope you had the time of your life.

It's something unpredictable, but in the end it's right.
I hope you had the time of your life.