Search This Blog
Sunday 16 December 2012
မိကျောင်းတစ်ကောင်ရဲ့မျက်ရည်
ကျွန်မ မငိုဘူးလို့ သူတို့ပြောကြတယ်။ မျက်ရည်ကလည်း အတုတွေပါတဲ့။ တောင်အမေရိကတိုက်က တောနက်တစ်နေရာမှာ ကျွန်မ မင်းမူကျက်စားတယ်။ ကျွန်မက ခွန်အားဗလပြည့်စုံတဲ့ မိကျောင်းတစ်ကောင်ပါ။ ကျွန်မဘာဖြစ်လို့ ငိုရမှာလဲ?
အမှောင်ထဲကနေ ကျွန်မအမြဲလန့်လန့်နိုးတယ်။ ညတိုင်းမက်တဲ့အိပ်မက်ထဲကနေ ကျွန်မ လန့်နိုးတယ်။ အိပ်မက်ထဲမှာ ကျွန်မ အင်အားမဲ့နေတယ်။ မျက်လုံးတွေ ဖျော့တော့နေတယ်။ ကိုယ်လက်တွေ လှုပ်ရှားလို့မရဘူး။
ကျွန်မကိုမွေးဖွားပြီး သိပ်မကြာခင်မှာ အမေနဲ့အတူ စွတ်စိုတဲ့ကမ်းစပ်တလျှောက် ကျွန်မတွားသွားနေခဲ့တယ်။ အဲဒီအချိန်က မနက်ခင်းဆိုတာကို ကျွန်မကောင်းကောင်းမှတ်မိနေ
တယ်။ နေရောင်ခြည်ကြောင့် လက်လက်ထနေတဲ့ အေးစိမ့်စိမ့်ချောင်းရေတွေက ကျွန်မကိုယ်ပေါ်ဖြတ်စီးနေတယ်။ တိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်ထဲ ကျွန်မနစ်မျောနေမိတယ်။
ကျွန်မက အမေရဲ့အငယ်ဆုံးကလေးပါ။ ကျွန်မကို အစာပေးတယ်၊ နေရာအနှံ့ခေါ်လည်တယ်ဆိုပေမယ်
့ အမေဘယ်တော့မှ မပြုံးဘူး။ တစ်ခါတလေ အမေမျက်လုံးထဲမှာ နူးညံ့သိမ်မွေ့တဲ့ အရိပ်အယောင်တွေ စွန်းထင်နေတတ်တယ်။ ဒါတွေဟာ အမေ့မျက်လုံးကို ပိုလှစေတယ်။ ဒါပေမယ့် အဲဒီသိမ်မွေ့မှုတွေက လျှပ်တစ်ပြက်အတွင်းမှာ ပျောက်သွားတတ်ပြီး "ဒီလောကကြီးမှာ အားနွဲ့သူရဲ့အသားကို အားသန်သူစားဆိုတဲ့ စကားတစ်ခွန်းရှိတယ်။ အင်အားကြီးသူ အသက်ရှင်စတမ်းဆိုတဲ့ ဥပဒေတစ်ခုရှိတယ်" လို့ အမေပြောတယ်။
ဒါကြောင့် အားနွဲ့သူ မဖြစ်ရဘူး။
အဲဒီနေ့မနက်က ကျွန်မတို့ အတိုက်ခိုက်ခံလိုက်ရတယ်။ ချောင်းအကွေ့တစ်ခုမှာ အမေက ကျွန်မကိုရှေ့ဆက်သွားဖို့ အမိန့်ပေးတယ်။ အမေ့စကားကို ကျွန်မနားထောင်ပြီး ရှေ့ဆက်သွားတယ်။ စကျင်ကျောက်တွေကြောင့် ကျွန်မဗိုက်သားတွေ စူးပြီးနာနေတယ်။ ရှေ့ဆက်မသွားချင်လို့ ရပ်လိုက်ပြီး အမေ့ကို ကျွန်မလှည့်ကြည့်လိုက်တယ်။ အမေကနောက်ပြန်လှည့်ပြီး ဆုတ်ခွါဖို့ပြင်နေတာကို ကျွန်မတွေ့လိုက်တယ်။ အမေ့ကိုကြည့်ပြီး ကျွန်မနားမလည်ဘူး။ ကိုယ်ကိုအမြန်လှည့်ပြီး အမေနောက်အမီလိုက်ဖို့ ကျွန်မစဉ်းစားလိုက်တယ်။
ရုတ်တရက် ကျွန်မခါးကနေ ကိုင်မြောက်ခံလိုက်ရတယ်။ ထက်မြက်တဲ့သွားတွေက သိပ်မမာသေးတဲ့ ကျွန်မအခွံထဲတိုးဝင်လာတယ်။ ကျွန်မရုန်းမိတယ်။ အမြီးနဲ့ရေပြင်ကို ကျွန်မရိုက်ပြီးရုန်းမိတယ်။
အမေက ကျွန်မကို နောက်ပြန်လှည့်ကြည့်တယ်။ အမေ့မျက်လုံးထဲမှာ ပြတ်သားတဲ့အရိပ်တွေ ပြည့်နေတယ်။ အမေပြောခဲ့ဖူးတဲ့ စကားတစ်ခွန်းကို ကျွန်မရုတ်တရက် သတိရလိုက်မိတယ်။ ကျွန်မတို့မိကျောင်းမိသားစုမှာ ကိုယ့်အသက်ရှင်ဖို့ ကိုယ့်သားသမီးတွေကိုလည်း စွန့်လွှတ်နိုင်ရသတဲ့...
ကျွန်မ မျက်လုံးအိမ်ကမျက်ရည်တွေ ပန်းထွက်လာတယ်။ အမေ... အမေ!
ဒီတောနက်ထဲမှာ နောက်ထပ်အင်အားကြီးသူက ကျားသစ်တွေဖြစ်တယ်။ သူတို့ရဲ့ အမူအရာကသိမ်မွေ့ပြီး သွားတွေက ချွန်ထက်တယ်။ မနက်ပိုင်းမှာ သူတို့အစာရှာလေ့ရှိတယ်။ တစ်ခါတလေ မိကျောင်းလေးတစ်ကောင်ကလည်း သူတို့အတွက် အရသာထူးတဲ့မနက်စာဖြစ်တယ်။
ကျွန်မကိုဖမ်းတဲ့ကျားသစ်က ကျားသစ်မတစ်ကောင်ပါ။ ကျွန်မ မကြောက်မိဘူး။ ကျွန်မကိုထားပြီး အမေ နောက်ပြန်လှည့်သွားတဲ့အချိန
်ကစပြီး ကျွန်မ ဘာကိုမှ မကြောက်တော့ဘူး။ ကျွန်မကို ကျားသစ်လေးတွေရှေ့ ကျားသစ်မ ပစ်ပေးလိုက်တဲ့အချိန် ကျားသစ်မကို ကျွန်မနှစ်သက်သွားမိတယ်။ အမေလည်း ကျွန်မကို အစာတွေကျွေးဖူးပါတယ်။ ဒါပေမယ့် ဒီလို သိမ်သိမ်မွေ့မွေ့ မရှိခဲ့ဖူးဘူး။
ကျားသစ်လေးတွေကို လျာနဲ့လျှက်ပြီး မနက်စာစားဖို့ ကျားသစ်မက ညင်ညင်သာသာခေါ်နေတယ်။ ကျားသစ်လေးတွေက ကျွန်မဘက်ကို ဦးတည်လာနေတယ်။ ဦးခေါင်းထိပ်မှာ ထောင့်ရှစ်ထောင့်ရှိတဲ့နေမင
်းလို ထူးခြားတဲ့ပန်းကွက်ပါတဲ့ ကျားသစ်ငယ်လေးတစ်ကောင်က ကျွန်မအနားနားကပ်ပြီး ကျွန်မကိုကြည့်တယ်။ ကျွန်မစိတ်ထဲမှာ "စားပါ.. စားပါ.. မင်းသိပ်ကံကောင်းတယ်။ မင်းမှာ မင်းကိုချစ်တဲ့ အမေရှိတယ်။ ငါ့မှာ ဘာမှမရှိဘူး။ ငါသေတာပဲကောင်းမယ်" လို့ တွေးနေမိတယ်။
ကျားသစ်လေးက ကျွန်မကိုကြည့်ပြီး ကျားသစ်မကိုမေးတယ်။
"သူဒီလောက် ငယ်တာ... သူ့မေမေရော?"
ပြောပြောဆိုဆို ကျားသစ်လေးက ကျွန်မကို ရုတ်တရက် ရေထဲပစ်ချလိုက်တယ်။ ကျားသစ်မဘေးမှာ ပွတ်သပ်ကျီစယ်ရင်း ရေစီးနောက် မျောသွားတဲ့ကျွန်မကို သူငေးကြည့်နေခဲ့တယ်။
အမေ့အနား ကျွန်မ မပြန်ခဲ့ဘူး။ ရေစီးအတိုင်း နောက်နေရာတစ်နေရာဆီ ကျွန်မစီးမျောခဲ့တယ်။ ကျွန်မ မြန်မြန်ဆန်ဆန် ကြီးပြင်းခဲ့တယ်။ ကိုယ်တိုင်အစာရှာတယ်။ ကိုယ်တိုင်ကာကွယ်စောင့်ရှော
က်တယ်။ ဒါပေမယ့် ကျွန်မ အိပ်မက်ဆိုး မကြာခဏမက်တတ်တယ်။ မက်တဲ့အိပ်မက်တိုင်းက ကျွန်မကို အမေစွန့်ပစ်တဲ့ မနက်ခင်းဖြစ်တယ်။ အိပ်မက်ရဲ့အစက လှပတယ်။ အဲဒီနောက် တဖြည်းဖြည်း အကျည်းတန်လာပြီး ဒဏ်ရာတွေ ပြင်းထန်လာတယ်။ အိပ်မက်ဆိုးက လန့်နိုးလာတိုင်း ကျွန်မကိုယ်ကျွန်မ မေးမိတယ်။ ကျွန်မဘာဖြစ်လို့ မိကျောင်းဖြစ်ရတာလဲ?
ကျွန်မလူလားမြောက်ခဲ့တယ်။ ကျွန်မရဲ့ အရေခွံတွေမာကျောပြီး မျက်လုံးတွေစူးရှလာတယ်။ ရက်စက်ကြမ်းကြုတ်လာတယ်။ ဒီရေစီးကြောင်းမှာ ကျွန်မဟာ ဘုရင်တစ်ဆူဖြစ်ခဲ့တယ်။ ကျွန်မမှာ ကျွန်မရင်သွေးလေးတွေရှိတယ်။
မိခင်ကောင်းတစ်ဦးဖြစ်ဖို့ ကျွန်မကြိုးစားခဲ့တယ်။ သူတို့ကိုကျွန်မချစ်တယ်၊ ဂရုစိုက်ကာကွယ်တယ်၊ အန္တရာယ်နဲ့ကြုံခဲ့သည့်တိုင် သူတို့ကိုစွန့်ပစ်ပြီး ကိုယ်တိုင်လွတ်မြောက်ဖို့ ကျွန်မကိုယ်လွတ်ရုန်းမှာ မဟုတ်ဘူး။
မိကျောင်းမိသားစုမှာ မိခင်ကောင်းတစ်ဦးရှိတယ်လို
့ တောနက်ထဲမှာ သတင်းမွှေးခဲ့တယ်။ ကလေးတွေက ဒီအတွက် ကျွန်မကို ဂုဏ်ယူဝမ်းမြောက်ကြတယ်။
တစ်ည အိပ်မက်ဆိုးကနေ ကျွန်မလန့်နိုးလာတဲ့အချိန် အနီရောင်အလင်းတန်းတစ်ခုကို ကျွန်မတွေ့လိုက်တယ်။ ကလေးတွေကိုနှိုးပြီး နေရာကနေကျွန်မခွါခိုင်းတယ်။
ဒီနေရာက မကြာခင်ပျက်သုန်းတော့မယ်။ ကီလိုမီတာ(၂၀)က တောအုပ်တွေ အဖျက်ဆီးခံလိုက်ရတယ်။ ကီလိုမီတာ(၂၀၀)အပြင်ကတောအုပ်တွေ စိုက်ပျိုးမြေဖြစ်ခဲ့တယ်။
အတော်ကြာ ခရီးဆက်ပြီး အရင်က ကျွန်မနေခဲ့တဲ့နေရာကို ကျွန်မတို့ရောက်လာခဲ့တယ်။ ဒီနေရာမှာလည်း အစာတွေ ခေါင်းပါးနေပြီ။ တိရစ္ဆာန်အများက ဒီထက်နက်ထဲ တောထဲပြောင်းရွေ့သွားကြပြီ။
အသက်ရှင်နေတဲ့တိရစ္ဆာန်တွေကို ကျွန်မတို့မမြင်မိတာ (၂)ရက်ရှိနေပါပြီ။
မနက်ခင်းတစ်ခုမှာ အငယ်ဆုံးကလေးကိုခေါ်ပြီး ကျွန်မအစာရှာထွက်ခဲ့တယ်။ ကံဆိုးစွာနဲ့ ကျွန်မရဲ့မျက်စိရှေ့မှာပဲ ကျားသစ်တစ်ကောင်ရဲ့ အတိုက်အခိုက်ကို သူခံလိုက်ရတယ်။ ရှေ့ကို အမြန်ထိုးတက်ပြီး ကလေးရဲ့အသက်ကိုကယ်ဖို့ ကျွန်မကြိုးစားတယ်။
ရှေ့တက်ပြီး ကျားသစ်ကို ကျွန်မအမြီးနဲ့ ပုတ်ထုတ်မယ့်အချိန် ကျားသစ်ရဲ့ဦးခေါင်းထိပ်က ရှစ်ထောင့်နေမင်းကို ကျွန်မတွေ့လိုက်တယ်။ သူပိန်လှီနေတယ်။ ဗိုက်တွေပြားချပ်နေတယ်။ အစာမစားရတာ တော်တော်ကြာနေပုံရတယ်။ တကယ်လို့ အစာထပ်မရရင် သူသေနိုင်တယ်လို့ ကျွန်မထင်တယ်။ ကျွန်မမှာ သားသမီးတွေအများကြီးရှိတယ်။
ဒီကျားသစ်သာမရှိခဲ့ရင် ကျွန်မမှာလည်း ဒီမိသားစုရှိခဲ့မှာ မဟုတ်ဘူး။
ကျွန်မအကြာကြီး တွေဝေနေတယ်။ နောက်ဆုံး ကျွန်မလှည့်ထွက်လာခဲ့တယ်။ ထောင့်ချိုးတစ်နေရာရောက်တော
့ ကျွန်မနောက်ပြန်လှည့်ကြည့်မိတယ်။ ကျွန်မအမြင်တွေ မှုန်ဝါးနေတယ်။ မျက်စိရှေ့ကအရာအားလုံးကို ကျွန်မသဲသဲကွဲကွဲ မမြင်နိုင်တော့ဘူး... ကျွန်မရဲ့မျက်လုံးအိမ်ထဲမှာ မျက်ရည်တွေ ပြည့်နှက်နေလို့လေ.......
မူရင်းလင့်-- http://book.qq.com/s/book/0/10/10929/47.shtml
နိုင်းနိုင်းစနေ (Saturday, May 29, 2010)
Friday 7 December 2012
ရင်ရဲ့ ရိုးရာ
ကျွန်တော်တို့မြို့လေးမှာ ဥာဏ်မမှီတဲ့ ကောင်လေးတစ်ယောက်ရှိတယ်… မွေးကတည်းက ဥာဏ်မမှီတာ မဟုတ်ဘဲ သူ့အသက်၅နှစ် အရွယ်မှာ အဆိပ်ဓာက်ငွေ့ ရှူမိပြီးသူတစ်ယောက်တည်း အသက်ရှင်နေခဲ့တယ်… သူနဲ့တစ်ခန်းတည်း အတူတူ အိပ်နေတဲ့ သူ့အဖေဟာ နောက်ဆုံးကျန်တဲ့အင်အားကို သုံးပြီး သူ့ကို ပြတင်းပေါက် အပြင်ဘက်ကို တွန်းပို့နိုင်လိုက်ပြီး သူကိုယ်တိုင်ကတော့ အခန်းထဲမှာဘဲ လဲကျ သေဆုံးခဲ့ရတယ်… အဲဒီနောက်ပိုင်းမှာ ကောင်လေးဟာ ပျော်သည်ဖြစ်စေ၊ စိတ်ညစ်သည်ဖြစ်စေ အမြဲတမ်း အအနဲ့ ရယ်နေ ပြုံးနေတတ်တယ်… ပြောကြတာကတော့ အဆိပ်ငွေ့ရှူမိပြီးနောက်ပိုင်း ဦးနှောက်ထိသွားရှာတယ်။
ကောင်လေးမှာ လှပတဲ့ အမေနဲ့ ချစ်စရာကောင်းတဲ့ ညီမလေးတစ်ယောက်တော့ရှိတယ်… သူ သူ့အမေကို အမြဲမေးလေ့ရှိတယ်… သူ့ ဖေဖေ ဘယ်ရောက်သွားပြီလဲတဲ့… သူ့မေမေက တော့ သူကို ပြန်ဖြေတယ်… ဖေဖေဆုံးသွားပြီ… သူ ကြယ် အဖြစ်ပြောင်းသွားပြီးတော့ ဟိုးမိုးကောင်းကင်ထက်မှာ သားသားတို့ မေမေတို့ကို အမြဲစောင့်ကြည့်နေတယ်လေ…
ကောင်လေးကတော့ ညတိုင်း ခြံထဲက မြက်ခင်းပြင်မှာ လဲပြီး ကြယ်တွေကို ကြည့်လေ့ရှိတယ်… ကြည့်ရင်းပြုံးရင်း….
ကောင်လေး ၁၁နှစ်သား အချိန်မှာ သူ့ အချစ်ဆုံးမေမေဟာ ကျောက်ကပ်ရောဂါနဲ့ဆုံးသွားရှာတယ
်… မဆုံးခင်မှာ သူ့ညီမလေးကို သေသေချာချာ ဂရုစိုက်ဖို့ မှာသွားခဲ့တယ်… အဲဒီ အချိန်တုန်းက သူ့ညီမလေးက ၆နှစ်ဘဲရှိသေးတယ်။
ကောင်လေးက တော့ အအနဲ့ဘဲ ပြုံးနေတတ်တယ်… ညတိုင်း ကောင်းကင်ထက်က ကြယ်တွေကို ကြည့်လေ့ရှိတယ်… သူပြောတယ်… ကောင်းကင်ထက်မှာ ကြယ် အသစ်တစ်လုံးတိုးလာတယ်… အဲဒါက မေမေဘဲ… ဖေဖေ နဲ့ နီးနီးကပ်ကပ်ရှိနေတယ်…
စိတ်ရင်းကောင်းတဲ့ လူတွေရဲ့ကူညီမှုနဲ့ ကောင်လေးဟာ တွန်းလှည်းဘိန်းမုန့်ဆိုင်လေးတစ
်ဆိုင်ဖွင့်နိုင်ခဲ့တယ်… မုန့်ဆိုင်လေးကတော့ ညီမလေးရဲ့ကျောင်းနဲ့သိပ်မဝေးဘူး
ကောင်လေးဟာ အိမ်မှာ ရှိနေတဲ့ အချိန် ဘယ်တော့မှ ညီမလေးရဲ့ အခန်းထဲကို မ၀င်ဘူး… ဘာလို့လဲဆိုတော့ ညီမလေးက သူ့ကိုမုန်းတယ်… ညီမလေးက ဒီလို လအ အစ်ကို တစ်ယောက်ရှိတာကို မကြိုက်ဘူး… ဒါပေမဲ့ သူကတော့ ညီမလေးရဲ့ အခန်းတံခါးဝလေးကိုမှီပြီး ညီမလေး စာကြည့်နေတာကို ကြည့်နေရတာကို နှစ်သက်တယ်… သူ့ညီမလေး သတိထားမိလိုက်တိုင်း သူကတော့ အပြစ်လုပ်မိတဲ့ ကလေးလေး တစ်ယောက်လို ပုန်းနေရှာတယ်…ပြီးတော့ ပြုံးလိုက်သေးတယ်… ပျော်သလား… ၀မ်းနည်းလားတော့ မသိဘူး…
ကောင်လေးဟာ မနက်တိုင်း စောစောထပြီး ညီမလေး အတွက် မနက်စာလုပ်ပေးပြီးမှ တွန်းလှည်းလေးတွန်းပြီး အလုပ်သွားလေ့ရှိတယ်… ညဘက်ကျတော့… ကြယ်တွေကို ကြည့်နေရတာဟာ သူ့ အကြိုက်ဆုံး အလုပ်ဘဲ။
ကောင်းလေးရဲ့လက်ရာဟာ အရမ်းကောင်းတယ်… ကျောင်းက ဆရာတွေကော… ကျောင်းသားတွေကော သူ့ရဲ့ ဆိုင်မှာ ဘိန်းမုန့်ဝယ်စားလေ့ရှိတယ်… ဒါပေမဲ့ ကောင်းလေးမှာ ကျောင်းတက်နေတဲ့ ညီမလေးချောချောလေးတစ်ယောက်ရှိတာ
ကို ဘယ်သူမှ မသိကြဘူး… ဘာလို့လဲဆိုတော့ ညီမလေးက သူ့ဆီမှာ လအ အစ်ကို တစ်ယောက်ရှိတာကို မသိစေချင်ဘူး… ကောင်လေးကတော့ အအနဲ့ပြုံးနေတတ်တယ်… ပျော်သည်ဖြစ်စေ… စိတ်ညစ်သည်ဖြစ်စေ…
ကောင်လေးက အလုပ် အရမ်းကြိုးစားတယ်… ပြီးတော့ ပိုက်ဆံလဲ အရမ်းချွေတာတယ်… သူဒီလောက်ထိကြိုးစားပြီးပိုက်ဆံ
ရှာနေတာ ဘာအတွက်လဲဆိုတာကို ဘယ်သူမှ မသိကြဘူး… ကောင်လေး အလုပ်လုပ်တဲ့ အချိန်မှာ လက်ကို ခဏခဏ မီးပူလောင်တယ်… ဖိနပ်တစ်ဖက်လဲ အမြဲလိုလိုပျောက်လို့… ညီမလေးက မြင်ရင် “ဒါလေးလုပ်တာတောင် မီပူလောင်တတ်တယ်… ဖိနပ်ကလဲ ပျောက်တတ်သေး… ကိုယ်ကိုယ်တိုင်ကိုဘဲ ဖျောက်လိုက်ပါတော့လား… တကယ် အ တာဘဲ” ကောင်လေးက နားထောင်ပြီးတော့လဲ အအနဲ့ပြုံးနေတတ်တယ်… ပျော်နေလား… ၀မ်းနည်းနေလားတော့ မသိ…
ကောင်လေးဟာ ညတိုင်း မအိပ်ခင် စာအုပ်လေးမှာ နေ့စဉ်မှတ်တမ်း ရေးလေ့ရှိတယ်… ညီမလေးကတော့ စပ်စုပြီး ကြည့်ချင်တယ်… ကောင်လေးကတော့ ဘယ်တော့မှ ပေးမကြည့်ဘူး…ရေးပြီးတာနဲ့ကို သိမ်းထားလိုက်တယ်… ညီမလေးကတော့ ကြိုးစားပြီး ရှာကြည့်သေးတယ်… ရှာမတွေ့တော့တဲ့နောက်ဆုံး ညီမလေးလဲ လက်လျှော့လိုက်တယ်…
ကောင်လေး ၁၇ နှစ်ရှိပြီ… ညီမလေးကတော့ အလယ်တန်းစတက်နေပြီပေါ့… ကောင်းလေးရဲ့ ဆိုင်လေးလဲ ညီမလေးရဲ့ အလယ်တန်းကျောင်းနဲ့ မနီးမဝေးနေရာကို ပြောင်းခဲ့တယ်… မနက်တိုင်း မုန့်ရောင်းလို့ကုန်ရင် ညီမလေးရဲ့ကျောင်းဘက်ကို သွားကြည့်လေ့ရှိတယ်… ကိုယ်ပေါ်မှာတော့ အမြဲတမ်းညစ်ပတ်နေပြီးဟောင်းနွမ်
းနေတဲ့ အ၀တ်အစားနဲ့… ခြေထောက်မှာလဲ ဖိနပ်တစ်ဖက်က အမြဲပျောက်လို့… သူအလုပ်လုပ်ရင်တော့ သူ့တွန်းလှည်းဆိုင်လေးဟာ သပ်သပ်ရပ်ရပ်ပါဘဲ… အမြဲတမ်းပြုံးနေတတ်တယ်…
တစ်နေ့မှာ သူ့ဆိုင်ရှေ့ဖြတ်သွားတဲ့ ကျောင်းသူလေး၂ယောက်က သူ့ညီမလေးရဲ့နာမည်ပြောသံကြားလို
က်ရတယ်… “သူအတန်းထဲမှာ မျက်နှာမကောင်းဘူး… ခါးလဲ အရမ်းနာနေတယ်…” ကောင်လေးကပြောသံ ကြားပြီး ခဏကြောင်သွားတယ်… နောက် ရုတ်တရက် သူ့ညီမလေး နာမည်ကို အကျယ်ကြီးခေါ်ပြီး ကျောင်းဘက်ကို ပြေးသွားတယ်… သူက ဒီတိုင်းဘဲ ညီမလေးရဲ့နာမည်ကို အကျယ်ကြီးအော်ခေါ်ပြီး ကျောင်းက ကျောင်းစောင့်တွေ ဆရာမတားတာတွေကို ကျော်ဖြတ်ပြီး ညီမလေးရဲ့ စာသင်ခန်းဆီကို ရောက်သွားတယ်… ညီမလေးက စာပွဲပေါ်မှာ မှောက်နေပြီး မျက်နှာက ဖြူဖျော့ပြီး ချွေးတွေပြန်လို့… ကောင်လေးဒီတချိန်မှာတော့ မပြုံးနိုင်တော့ဘူး… မျက်နှာမှာ ပူပန်မှုတွေနဲ့ ညီမလေးကို ကျောပိုးပြီးတော့ ဆေးရုံကို ပြေးတော့တာဘဲ…
လမ်းမှာ ကျောင်းက ဆရာမတွေနဲ့တွေ့တော့ သူ့ကိုမေးတယ်… “နင် ဒါဘာလုပ်တာလဲ… သူ့ကို ချလိုက်…” ကောင်လေးက ဒေါသနဲ့ မျက်နှာက နီရဲနေပြီးပြောလိုက်တယ်… “သူ က ကျွန်တော့ညီမ… ကျွန်တော်က သူ့ အစ်ကို” ကောင်လေးဟာ တစ်လမ်းလုံး ဒီစကားကိုဘဲ ခေါက်တုံ့ခေါက်ပြန်ရေရွတ်ပြီး ကျောင်းနားက ဆေးရုံကို ရောက်ခဲ့တယ်… ကျောင်းက ဆရာတွေကော ကျောင်းသားတွေကော အံ့သြကုန်တယ်… ဘာလို့လဲဆိုတော့ သူ့မှာ အစ်ကို တစ်ယောက်ရှိတာကို ဘယ်သူမှ မသိကြဘူး…
ကောင်လေးက အခန်းအပြင်ဘက်မှာ ညီမလေးကို ကြည့်နေတယ်… သူနိုးလာပြီ… ကောင်လေးက ဆေးရုံမှာ ၃နေ့၃ည ကောင်းကောင်းမနားရဘူး… ဆေးရုံက သူနာပြုက ပြောလိုက်တယ်… “ဘာမှစိတ်မပူနဲ့… ညီမလေး အစ်ကိုက ဆေးစရိတ်တွေ အားလုံး အဆင်သင့်လုပ်ထားပြီ…” ညီမလေး က အားစိုက်ပြီး အခန်း အပြင်ဘက်က ကောင်လေးကို ကြည့်လိုက်ပြီး စိတ်ထဲမှာတော့ သံသယစိတ်တွေနဲ့… အဲအချိန်မှာ ကောင်လေးက နဂိုအတိုင်း ပြန်ဖြစ်သွားပြီ… အအလေးပြုံးနေပြီး အခန်းထဲကို မ၀င်ရဲဘူး…
သူနာပြုက ညီမလေးကို ပြောတယ် … သူ အမြဲတမ်း ကောင်လေးဆိုင်မှာ မုန့်ဝယ်နေကျ… ကောင်လေး အလုပ် အရမ်းကြိုးစားမှန်း သိတယ်… ပိုက်ဆံ မဖြုန်းတတ်ဘူးဆိုတာလဲ သိတယ်… အစပိုင်းတုန်းကတော့ ဘာလို့ဒီလောက်ထိကြိုးစားပြီး ပိုက်ဆံရှာနေရတာလဲ ဆိုတာကို နားမလည်နိုင်ဘူး… ဒီနေ့မှဘဲ သဘောပေါက်တော့တယ်… ဘာလို့လဲဆိုတော့ ကောင်လေး ညီမလေးကို ပိုးပြီး သူ့ကိုတွေ့တဲ့ အချိန်မှာ သူအော်ပြီးပြောနေတာက “ မေမေ က ဒီလိုဘဲ သေသွားတာ… တောင်းပန်ပါတယ်… ညီမလေးကိုကယ်ပါ… ကျွန်တော့ညီမလေး မသေပါရစေနဲ့…” အကြောင်းရင်းကတော့ ကောင်လေးမေမေ မသေခင်မှာ သူ့ကို မှာခဲ့တယ်… သူ့ညီမလေးမှာလဲ ကျောက်ကပ်ရောဂါရှိတယ်… သူ့ကို ကောင်းကောင်းဂရုစိုက်ဖို့ မှာခဲ့တယ်…
ဆရာဝန်က ပြောတယ်… “ညီမလေး ကျောက်ကပ်က အခြေအနေ တော်တော်လေးဆိုးနေတယ်… ကျောက်ကပ်လဲဖို့လိုတယ်…”
ဆေးကုဖို့ကုန်ကျစရိတ်ကိုတော့ ကောင်လေးကပေးထားပြီးပြီ… ဒါပေမဲ့ သင့်တော်တဲ့ ကျောက်ကပ် ကိုတော့ရှာမတွေ့သေးဘူး…
ဆရာဝန်က ညီမလေးကို ရှင်းပြတယ်… ကောင်လေးက ညီမလေး ကျောက်ကပ်လဲဖို့လိုတယ်လို့ပြောလ
ိုက်ချိန်မှာ ကောင်လေးက အော်ပြီးပြောတယ်… “ကျွန်တော့ဟာ သုံးပါ… ကျွန်တော်က သူ့အစ်ကိုပါ…” ဒါပေမဲ့ စစ်ဆေးပြီးတဲ့ နောက်ပိုင်းမှာ ကောင်လေးရဲ့ကျောက်ကပ်က လဲ ညီမလေးနဲ့ မသင့်တော်ဘူးဖြစ်နေတာကို ကောင်လေး သိလိုက်ရတော့ စိတ်ဓာတ်ကျပြီး “ကျွန်တော်က သူ့အစ်ကိုပါ…” ဆိုတာကိုဘဲ ရေရွတ်နေတယ်… ဆရာဝန်ကတော့သူဆိုလိုတာကိုသဘောပေါက်လိုက်တယ်… “ကျွန်တော်က သူ့အစ်ကိုပါ… ကျွန်တော့ကျောက်ကပ် ဘာဖြစ်လို့ ညီမလေးကိုပေးလို့မရတာလဲဗျာ…”
ကောင်လေးကတော့ အခန်း အပြင်ကနေ ညီမလေးကို ကြည့်နေပြီး အအ လေးပြုံးနေတယ်… အဲဒီ အချိန်မှာ ညီမလေးရဲ့မျက်နှာကတော့ မျက်ရည်တွေနဲ့ရွှဲလို့… ဟို တံခါး အပြင်ဘက်က သူ့ကို တောက်လျှောက် အရှက်ရစေတယ်လို့ ထင်ထားခဲ့တဲ့ အစ်ကို့ကို ကြည့်ရင်း သူမရဲ့ ချိနဲ့နေတဲ့ အသံနဲ့ပြောလိုက်တယ် “နင် အပြင်မှာဘာလုပ်နေတာလဲ… ဘာလို့မ၀င်လာတာလဲ”… ကောင်လေး ကြောင်သွားတယ်… တုန်တုန်နဲ့ပြန်မေးလိုက်တယ် “ ငါဝင်လာလို့ရသလား…” ညီမလေးက မျက်ရည်ဝဲ၀ဲနဲ့ ခေါင်းငြိမ့်လိုက်တယ်…
ကောင်လေးက လက်ကို နောက်ပစ်ပြီး ညီမလေးရဲ့ကုတင်နားကိုရောက်လာတယ်
… ညီမလေးက ဘာဖြစ်လို့လက်ကို နောက်ပစ်ထားရတာလဲလို့မေးတယ်… ပြီးတော့ လက်ကို အတင်းပြခိုင်းတယ်…
ကောင်လေးက လက်ကို ဆန့်ထုတ်ပြလိုက်တယ်… လက်မှာက ပတ်တီးတွေနဲ့… ဖိနပ်တစ်ဖက်ကလဲ ပါမလာဘူး… အဲဒါက ညီမလေးကို ဆေးရုံလိုက်ပို့တဲ့ အချိန်မှာ လမ်းမှာ ခြစ်မိထားတာ… ပြေးရင်းနဲ့လဲ ဖိနပ်တစ်ဖက် ကျွတ်ကျန်ခဲ့တယ်… ညီမလေးကတော့ ခါတိုင်းလိုဘဲ… “ဘာလို့ ဒီလောက် အ ရတာလဲ… လက်မှာလဲ ဒဏ်ရာတွေနဲ့… ဖိနပ်ကလဲ ပျောက်ပြန်ပြီ…” ဒါပေမဲ့ ဒီတစ်ခေါက်ပြောတဲ့ အချိန်မှာတော့ မျက်ဝန်းမှာ ကြင်နာမှုအပြည့်နဲ့ ရင်နာမှုအပြည့်တွေနဲ့ပါ…
ဒါကတော့ ကောင်လေး ပထမဆုံး အကြိမ် ညီမလေးရဲ့ခွင့်ပြုချက်နဲ့ ညီမလေးရဲ့အခန်းထဲကို ၀င်ခဲ့တာပါ…
အချိန်က တနေ့ပြီး တနေ့ ကုန်ဆုံးသွားတယ်… ညီမလေးရဲ့ရောဂါ အခြေအနေကလဲ တနေ့ထက်တနေ့ ပိုပိုဆိုးလားတယ်… ခဏခဏ သတိမေ့မျှောတဲ့ အနေအထားမှာရောက်နေတယ်…
ဆေးရုံက ဆရာဝန်တွေရဲ့ကြိုးပမ်းမှုနဲ့ နောက်ဆုံးမှာတော့ သင့်တော်တဲ့ကျောက်ကပ်ကို ရှာတွေ့ခဲ့တယ်… အစားထိုး ခွဲစိတ်မှုက လဲ အရမ်းကို အောင်မြင်ခဲ့တယ်… ညီမလေးကို သေမင်းရဲ့လက်ထဲ ကနေပြန်ဆွဲထုတ်နိုင်ခဲ့တယ်… ဒါပေမဲ့… သူပြန်နိုးလာတဲ့ အချိန်မှာ ရင်းနှီးတဲ့ အအ လေးပြုံးတတ်တဲ့ သူ့ အစ်ကို ရဲ့ အပြုံးကို မတွေ့ရတော့ဘူး… ဆရာဝန်က သူ့ကိုပြောပြတယ်… သူ့အစ်ကို ဒီဆေးစရိတ်တွေကို ရှာဖို့ အတွက် ဟိုးအဝေးကြီး တစ်နေရာမှာ အလုပ်သွားလုပ်နေတယ်… ညီမလေးလုံးဝနေပြန်ကောင်းတဲ့ အချိန်မှာ သူ့ကိုလာခေါ်မယ်… သူ့ကို စိတ်ချလက်ချ အနားယူဖို့မှာခဲ့တယ်…
ညီမလေးဆီကို ၂ရက်ခြား ၃ရက်ခြားတစ်ခါ စာလုံး မညီမညာရေးထားတဲ့ စာတစ်စောင် အမြဲရောက်ရောက်လာတယ်… ဒါတွေကတော့ သူ့ အစ်ကိုဆီကနေလာတဲ့စာတွေပါဘဲ… စာထဲမှာ ရေးထားတာတွေက အရမ်းကို ရိုးရှင်းလွန်းတယ်… ပြီးတော့ အက်ကြောင်းထပ်နေတယ် … “ငါနေကောင်းတယ် … ကျန်းမာရေးဂရုစိုက်နော်”
ဆေးရုံဆင်းတဲ့နေ့မှာ ကောင်လေးကဆေးရုံမှာ ညီမလေးကိုလာမကြိုဘူး… ညီမလေးက ဆရာဝန်ဆီကနေ သူ့အစ်ကိုပေးလိုက်တဲ့ ၀က်ဝံအမွေးပွရုပ်လေးတစ်ရုပ်ကို ရလိုက်တယ်… အမွေးပွရုပ်ရဲ့ခြေထောက်နားမှာ သွေးစလေးတွေပေလို့…
ဆရာဝန်က ညီမလေးကို ရှင်းပြတယ်… ကောင်လေးပေးတဲ့ ပိုက်ဆံဟာ ကျောက်ကပ်လဲဖို့ အတွက်ဘဲလောက်တယ်… တခြားဆေးပစ္စည်းတွေဝယ်ဖို့အတွက် ပိုက်ဆံမလောက်ဘူး… ဒီလို ရက်ရှည်ကြာတဲ့ဆေးကုသမှုစရိတ်ရဖို
့ အတွက် ကောင်လေးက မနက်ပိုင်းမှာ မုန့်ရောင်းတယ်… ညနေပိုင်းမှာ တခြားရရာ အလုပ်ကိုလုပ်တယ်… ပိုက်ဆံရတဲ့ ဘယ်လို အလုပ်မျိုးမဆိုသွားလုပ်ရှာတယ်…
ကောင်လေးဆေးရုံမှာ ညီမလေးကို လာကြည့်တဲ့အချိန်မှာ ဆရာဝန်က သင့်တော်တဲ့ကျောက်ကပ်ရှာတွေ့တဲ့
အကြောင်းပြောပြတော့ ကောင်လေးက အအ လေးပြုံပြီး ဆရာဝန်ကို ရိုရိုသေသေ ကန်တော့လိုက်သေးတယ်… ပြီးတော့ ဆရာဝန်ကိုပြောလိုက်တယ် “ကျွန်တော်… ညီမလေး… လက်ဆောင်ဝယ်ပေးမယ်… သူ… နိုးလာရင်… သူ့ကိုပေးမယ်…”
ကောင်လေး ပင်ပန်းနေတဲ့ သူ့ ခန္ဓာကိုယ်ကို သယ်ပြီး အရုပ်ဆိုင်မှာ ဖြူဖွေးနေတဲ့ ၀က်ဝံ အမွေးပွရုပ်လေးတစ်ရုပ်ဝယ်ခဲ့တယ်
… သူအရမ်း ပင်ပန်းနေတာလဲ ပါမယ်နဲ့တူတယ်… တစ်ချက် သတိမထားမိလိုက်တဲ့ အချိန် လမ်းမကို ဖြတ်ကူးတုန်း အရှိန်ပြင်းပြင်းမောင်းလာတဲ့ ကားတစ်စီးတိုက်ခံလိုက်ရပြီးလွင့်ထွက်သွားတယ်… ဆေးရုံကို ရောက်လာတော့ သတိမေ့မျှောနေပြီ…
လက်မှာတော့ အမွေးပွရုပ်ထည့်ထားတဲ့အိတ်ကို ကျစ်ကျစ်ကိုင်ထားဆဲ… လက်မှာထွက်နေတဲ့သွေးတွေဟာ တစက်တစက်စီးကျနေပြီး အရုပ်လေးရဲ့ခြေထောက်မှာစွန်းထင်
သွားတယ်…
သူ မဆုံးခင်လေးမှာ ဆရာဝန်ကိုပြောလိုက်တယ်… “၀က်ဝံရုပ်… ညီမလေးကိုပေးပေးပါ…”
ပြောပြီးတော့ ဒီလိုဘဲ အအ လေးပြုံးပြီး လူ့ဘ၀ကနေ ထွက်သွားတယ်… သူပျော်သလား… ၀မ်းနည်းသလားဆိုတာ တော့မသိဘူး…
ဆရာဝန်က ညီမလေးကို ရှင်းပြတယ်… သူရခဲ့တဲ့ စာတွေဟာ သူ ကောင်လေးရဲ့ လက်ရေးကို အတုခိုးပြီးရေးခဲ့တာပါ… သူသိနေတယ်… ကောင်လေးကလဲ သူ့ညီမ နေပြန်မကောင်းတဲ့ အချိန်အထိ သူသေသွားပြီဆိုတဲ့ အကြောင်းကို ပေးသိစေချင်မှာမဟုတ်ဘူး… ဆရာဝန်က ကောင်လေးရဲ့ဆန္ဒကို ဖြည့်ဆည်းပေးချင်လို့ ဒီစာတွေကိုရေးခဲ့တာပါ…
ညီမလေးဟာ ဘာပြန်ပြောရမှန်းမသိတော့ဘဲ တိတ်ဆိတ်စွာဘဲ အရုပ်ကို ယူပြီးအိမ်ပြန်ရောက်ခဲ့တယ်…
အခန်းထဲမှာတော့ ရိုးရိုးရှင်းရှင်းဘဲ… ဒါပေမဲ့ ရှင်းထားတာ အရမ်းသပ်ရပ်တယ်…အထူသဖြင့် ညီမလေးရဲ့အခန်း… သူရှိနေသေးတဲ့အချိန်မှာထက်တောင်
သပ်ရပ်သေးတယ်… တစ်ခုဘဲ… ပရိဘောဂတွေ အပေါ်မှာ ဖုန် ပါးပါးလေးတစ်လွှာဖုံးနေပြီ…စာပွဲပေါ်မှာ ပန်းအိုးတစ်လုံးရှိတယ်… ပန်းအိုးထဲက ပန်းတွေလဲ ညိုးနွမ်းနေပြီ… ဘေးမှာ မညီမညာရေးထားတဲ့ စာတစ်စောင်… “ညီမလေး ပြန်လာတာကို ကြိုဆိုပါတယ်…”
ကောင်လေး ညီမလေး ဆေးရုံဆင်းရတော့မှာကို သိလို့ ကြိုတင်ပြင်ဆင်ထားတာလေးတွေပါ…
ဒါပေမဲ့ ဒီအချိန်မှာတော့ အအလေးရယ်တတ်တဲ့ ရယ်သံကို မကြားရတော့ဘူး…
ညီမလေး ကောင်လေးရဲ့ အခန်းထဲကို ရောက်လာတယ်… ကောင်လေးကျန်ခဲ့တဲ့ပစ္စည်းတွေကို
ရှင်းဖို့လုပ်တော့ သူ ကြည့်ချင်နေတဲ့ စာအုပ်လေးကို တွေ့ခဲ့တယ်…
စာအုပ်မှာ ဘိန်းမုန့် အနံ့လေးက စွဲလို့… စာအုပ်ထဲမှာတော့ မညီမညာ ရေးထားတဲ့ စာလုံးလေးတွေ…
ညီမလေးက အအိပ်ကြီးတယ်… မနက် ထတဲ့အချိန်မှာ မဆူညံအောင်လုပ်ရမယ်… သူ့ကို မနိုးအောင်လို့…
ညီမလေးက ဘိန်းမုန့်မကြိုက်ဘူး… ခေါက်ဆွဲထုတ်ဘဲစားတယ်… မနက်ထလာရင် သူ့ကို အရင်လုပ်ပေးပြီးမှ အပြင်ထွက်ရမယ်…
ညီမလေးက သူ့အခန်းထဲ ၀င်တာကို မကြိုက်ဘူး… သူနဲ့နီးနီးကပ်ကပ်နေတာကို မကြိုက်ဘူး… သူ့ခွင့်ပြုချက်မရဘဲ အခန်းထဲမ၀င်ရဘူး…
ညီမလေးက ငါက သူ့အစ်ကိုဆိုတာကို တခြာလူ မသိစေချင်ဘူး… သူ့သူငယ်ချင်းတွေကို လုံးဝပေးသိလို့မရဘူး…
ညီမလေးမှာ ရောဂါရှိတယ်… ဒါပေမဲ့ သူ့မှာ မေမေ့လို ရောဂါရှိတယ်ဆိုတာကို လုံးဝပေးသိလို့မဖြစ်ဘူး…
ငါ အလုပ်ကြိုးစားပြီး ပိုက်ဆံရှာရမယ်…
ညီမလေးရဲ့ရောဂါ ကုလို့ပျောက်ပြီ…
ညီမလေးကတော့ ကောင်လေးနဲ့ စာအုပ်လေးကို ဖတ်ပြီး ရှိုက်ကြီးတငင် ငိုတော့တာဘဲ…
အဲဒါပြီးနောက်ပိုင်းမှာ ညီမလေးကလဲ ကောင်လေးလိုဘဲ ညတိုင်း ခြံထဲက မြက်ခင်းပြင်မှာ ကောင်းကင်းထက်က ကြယ်တွေကို ကြည့်ရတာ နှစ်သက်ခဲ့တယ်…
ကောင်းကင်ယံမှာ ကြယ်လေးတစ်လုံးထပ်တိုးလာပါတယ်… အဲဒါကတော့ သူ့ရဲ့ “အ”နေတဲ့ အစ်ကိုလေးပါဘဲ…
သူ့ဖေဖေမေမေနဲ့ နီးကပ်လို့ သူ့ကို မိုးကောင်းကင်ထက်ကနေ စောင့်ကြည့်နေပါတယ်…  ။           ။
Thursday 22 November 2012
ကျနော် နဲ့ မြန်မာ့မြေ
အေးတရ် ၊ ထပ်အိပ်လို့မရတော့လို့ ထ ၊ မျက်နှာသစ် ၊ ဂျာကင်ကောက်စွပ်လို့
အာရုဏ်မတက်ခင် မှောင်မှောင်မဲမဲထဲ . . .
စက်ဘီးစီးထွက်ခဲ့တရ်
၁။ ကြယ် နဲ့ လ မြင်နေရဆဲအချိန်
(က) ကိုရင်တွေ သပိတ်လေးပိုက်လို့ ခပ်သွက်သွက်လမ်းလျှောက်
(ခ) ဂက်ဂလောက် ဂက်ဂလောက် ငိုက်မြည်နေတဲ့ မြင်းလှည်း
(ဂ) ဈေးဗန်းတွေရွက်လို့ စကားတွေဖောင်ဖွဲ့ လမ်းလျှောက်နေတဲ့ ဈေးသည်တွေ
(ဃ) လရောင်အောက် ဓနိတန်းနဲ့ စီထားတဲ့ မြစ်၊ လှေ တဒုတ်ဒုတ်နဲ့ မောင်းလို့
(င) ဟိုဒေါင့် ဒီနားက လှမ်းလှမ်းမြင်ရတဲ့ မီးမှိတ်တုပ်တုပ် ဆိုင်လေးတွေ
၂။ တိမ်တွေ ဖြည်းဖြည်းချင်းလင်းလာချိန်
(က)မြို့ ဦးစေတီက ဆည်းလည်းသံလေးတွေ
(ခ) စူးရှရှအော်လို့ အစာရှာထွက်တော့မရ့် ငှက်လေးတွေ
(ဂ) မြေပေါ် အသံတိုးတိုးလေးပေးပြီး ကြွေသွားတဲ့ ပန်းရောင်စုံတွေ
(ဃ) နှင်းတွေစိုနေတဲ့ အရွက်တွေက လှပနေတဲ့ လေအလာ ယိမ်းအက
(င) တဒုန်းဒုန်းနဲ့ ဂျုံထိုးနယ်နေတဲ့ တ၀က်ဖွင့်ကာစ လက်ဖက်ရည်ဆိုင်
၃။ နှင်းတွေထူပြီး အလင်းဖျော့ဖျော့အချိန်
(က) မြို့ပတ်လမ်းပေါ်က မသဲမကွဲ လမ်းလျှောက်လေ့ကျင့်ခန်းလုပ်နေသူတွေ
(ခ) စိမ်းလန်းနေတဲ့ လယ်ကွင်းတွေထဲက အစာငမ်းနေတဲ့ နွားတွေ
(ဂ) ရှမ်းဘောင်းဘီပွပွနဲ့ ၀ါးကျည်တောက်ဆွဲလာတဲ့ ထန်းတတ်သမား
(ဃ) တိုးကြိတ်နေတဲ့ မြို့တတ်တဲ့ လိုင်းကားပေါ်က ခရီးသည်တွေ
(င) မြစ်ကူးတံတားပေါ်က စီးကရက် ရပ်ဖွာနေတဲ့ ကျွန်တော် လန်းဆန်းလို့
Monday 12 November 2012
ရင်ကိုငြိတဲ့ ကြိုး
.................
.................
 ငါ့ဆီ ငါပြန်ရောက်ပါတော့မလား
မြေပုံကြမ်း ကြည့်ပြီး
လှမ်းလျှောက်နေရတာ......မောလှပြီ၊၊
ငါ့ကို ယုံပါ၊၊
ငါဟာ....
လမ်းကူးရင်တောင်
မျဉ်းကြားက ဖြတ်ကူးတတ်တဲ့
ခွေးလေခွေးလွင့်တစ်ကောင်ပါ၊၊
ငါ.....မပစ်ခတ်ခဲ့ပါဘူး
လေးကြိုးဆွဲရင်း
လက်ထဲက လွတ်ထွက်သွားတာပါ....
ငါ့ကို......ယုံပါ ၊၊
လူတွေဆီက မတောင်းခဲ့ပါဘူး
ဘုရားက မပေးဘူးဆိုရင်တောင်
ဘုရားဆီကပဲ တောင်းခဲ့သူပါ
ငါ့ကို ယုံပါ ၊၊
(ဖိနပ် မစီးထားတဲ့ ကလေးငယ်လိုပဲ.....
 ဘယ်သူကမှ...
 အိမ်ထဲဝင်ဖို့ ငါ့ကို မဖိတ်ချင်ကြဘူး....)
လက်တစ်ဖက်နဲ့
ခေါ်လို့မရတဲ့ ကောင်းကင်
လက်နှစ်ဖက်နဲ့လှမ်းခေါ်တော့လည်း
အရာမထင်ဘူး ၊၊
ငါ......တတ်တဲ့ မြေကြီးစကားနဲ့
ကောင်းကင်ကြီးကို နားလည်အောင်
ပြောမပြနိုင်ခဲ့ဘူးလေ.......၊၊   ၊၊
တာရာမင်းဝေ ရဲ့ကဗျာလေးပါ။ မွန်းကျပ်တဲ့
.................
.................
 ငါ့ဆီ ငါပြန်ရောက်ပါတော့မလား
မြေပုံကြမ်း ကြည့်ပြီး
လှမ်းလျှောက်နေရတာ......မောလှပြီ၊၊
ငါ့ကို ယုံပါ၊၊
ငါဟာ....
လမ်းကူးရင်တောင်
မျဉ်းကြားက ဖြတ်ကူးတတ်တဲ့
ခွေးလေခွေးလွင့်တစ်ကောင်ပါ၊၊
ငါ.....မပစ်ခတ်ခဲ့ပါဘူး
လေးကြိုးဆွဲရင်း
လက်ထဲက လွတ်ထွက်သွားတာပါ....
ငါ့ကို......ယုံပါ ၊၊
လူတွေဆီက မတောင်းခဲ့ပါဘူး
ဘုရားက မပေးဘူးဆိုရင်တောင်
ဘုရားဆီကပဲ တောင်းခဲ့သူပါ
ငါ့ကို ယုံပါ ၊၊
(ဖိနပ် မစီးထားတဲ့ ကလေးငယ်လိုပဲ.....
 ဘယ်သူကမှ...
 အိမ်ထဲဝင်ဖို့ ငါ့ကို မဖိတ်ချင်ကြဘူး....)
လက်တစ်ဖက်နဲ့
ခေါ်လို့မရတဲ့ ကောင်းကင်
လက်နှစ်ဖက်နဲ့လှမ်းခေါ်တော့လည်း
အရာမထင်ဘူး ၊၊
ငါ......တတ်တဲ့ မြေကြီးစကားနဲ့
ကောင်းကင်ကြီးကို နားလည်အောင်
ပြောမပြနိုင်ခဲ့ဘူးလေ.......၊၊   ၊၊
တာရာမင်းဝေ ရဲ့ကဗျာလေးပါ။ မွန်းကျပ်တဲ့ ပစ္စုပ္ပန် ရဲ့ ထွက်ပေါက်ဖြစ်ပြီး လွတ်မြောက်ရာရဲ့ ၀င်ပေါက်ပေါ့....
                                                                                     (တာရာမင်းဝေ)
ပစ္စုပ္ပန် ရဲ့ ထွက်ပေါက်ဖြစ်ပြီး လွတ်မြောက်ရာရဲ့ ၀င်ပေါက်ပေါ့....
                                                                                     (တာရာမင်းဝေ)
Thursday 25 October 2012
ဝံပုလွေတွေရဲ့ ဒဿန
(၁) ဝံပုလွေတွေဟာ ဂုဏ်သိက္ခာကိုထိန်းသိမ်းတဲ့ အနေနဲ့ဆိုပြီး ကိုယ်ငယ်ရွယ်အားပျော့ချိန်မှာ ကိုယ့်ထက်အင်အားကြီးမားသူကို မတိုက်ခိုက်ဘူး။
(၂) တကယ်လို့ မဖြစ်မနေ ကိုယ့်ထက်အင်အားကြီးသူကို တိုက်ခိုက်ရတော့မယ်ဆိုရင် အုပ်စုအင်အားနဲ့ပဲ တိုက်ခိုက်တယ်။
(၃) ဝံပုလွေလည်း တောဘုရင်ဖြစ်ချင်တာပဲ။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုတော့ ဝံပုလွေဆိုတာကို သူတို့သိတယ်။
(၄) ဝံပုလွေတွေက ကုန်ကျမှုနည်းနည်းနဲ့ အကျိုးအမြတ်များများအတွက် ဘယ်လိုလုပ်ရမယ်ဆိုတာကို သိတယ်။
(၅) ဝံပုလွေတွေဟာ တစ်ကိုယ်တည်းလှုပ်ရှားတတ်တယ်ဆိုပေမယ့် သူတို့ဟာ စည်းရုံးမှုအကောင်းဆုံး တိရစ္ဆာန်ဖြစ်တယ်။ ထိခိုက်ဒဏ်ရာရတဲ့ ကိုယ့်အဖော်ကို တစ်ကောင်တည်းထားပြီး သူတို့ထွက်မပြေးတတ်ဘူး။
(၆) ဝံပုလွေတွေလည်း ရိုးသားဖြူစင်တဲ့ တိရစ္ဆာန်ဖြစ်ချင်ကြတယ်။ ဒါပေမယ့် သူတို့ရဲ့အစာအိမ်က အသားငါးတွေကိုပဲ အစာခြေနိုင်ခဲ့တယ်။ ဒါကြောင့် သူတို့လုပ်နိုင်တဲ့ တစ်ခုတည်းသောအရာက ဖမ်းမိတဲ့သားကောင်ကို ပြောင်ပြောင်စင်စင် စားလိုက်တာပါပဲ။ ရိုးသားဖြူစင်တယ်လို့ ကိုယ့်ကိုယ်ကိုထင်သူတချို့က မမြင်ကွယ်ရာမှာ မရိုးသား၊ မဖြူစင်တဲ့အလုပ်တွေ လုပ်နေတတ်ကြပါတယ်။ 
(၇) ဝံပုလွေတွေဟာ ကိုယ့်ပြိုင်ဖက်ကို အလေးထား၊ လေးစားတယ်။ ကိုယ့်ပြိုင်ဖက်နဲ့ မတိုက်ခိုက်ခင် ပြိုင်ဖက်အကြောင်းကို လေ့လာထားတတ်တယ်။ ပြိုင်ဖက်ကို ဘယ်တော့မှ ပေါ့ပေါ့မတွက်ဘူး။ ဒါကြောင့် ဝံပုလွေတွေဟာ တိုက်ခိုက်တိုင်း ရှုံးနိမ့်သလောက် မရှိခဲ့ပါဘူး။
(၈) ဝံပုလွေအဖိုဟာ ဝံပုလွေအမ ကိုယ်ဝန်ရှိပြီဆိုတာနဲ့ ဝံပုလွေမကို စောင့်ရှောက်တော့တယ်။ ရင်သွေးငယ်မွေးဖွားပြီး ရင်သွေးငယ်ကိုယ်တိုင် လမ်းလျှောက်နိုင်၊ အစာရှာနိုင်တဲ့အထိ စောင့်ရှောက်တယ်။ ဝံပုလွေတွေဟာ သာမန်အားဖြင့် တလင်တမယားကို ပိုအသားပေးတယ်။ ကိုယ့်အဖော်အသက်ရှင်နေသရွေ့ သက်ဆုံးတိုင်အတူနေတယ်။ ကိုယ့်အဖော်သေဆုံးသွားပြီဆိုမှ တခြားအကောင်နဲ့ နေတတ်တယ်။ ဝံပုလွေတွေဟာ သစ္စာရှိတယ်။ ဒါကြောင့် ရက်စက်တဲ့အသဲနှလုံးရှိသူတွေကို ဝံပုလွေနဲ့မနှိုင်းစေချင်ဘူး။
(၉) ဝံပုလွေမိဘတွေဟာ ကိုယ့်ကလေးတွေ ကိုယ်တိုင်အစာရှာနိုင်၊ ကိုယ့်ကိုယ်ကိုအားကိုးနိုင်ပြီဆို သူတို့အနားကခွာတယ်။ တကယ်လို့ ဝံပုလွေဟာ ဝံပုလွေလို မကျင့်ကြံရင် သိုးပဲဖြစ်မယ်ဆိုတာကို ဝံပုလွေတွေသိလို့ဖြစ်တယ်။
(၁ဝ) ဝံပုလွေတွေဟာ အစာလို့လို ကိုယ့်သိက္ခာကိုတောင်မငဲ့ဘဲ သခင်ကို အမြီးနှံ့ပြတတ်သူ မဟုတ်ဘူး။ ဝံပုလွေတွေဟာ မာနထောင်လွှား စိတ်ကြီးဝင်တာကို မကောင်းဘူးဆိုတာသိတယ်။ ဒါပေမဲ့ ကိုယ့်ဂုဏ်သိက္ခာနဲ့ ကိုယ်နေရတယ်ဆိုတာကိုတော့သိတယ်။
မူရင်း-- http://www.lz13.cn/weirenchushi/20100522360.html
                                                                                                                                နိုင်းနိုင်းစနေ ဘာသာပြန်သည်။
Sunday 21 October 2012
မိုးရေစက်များ၏ သုညအတ္တအင်အား
မိုးခါးကြီးရွာသွားပြီဆိုတော့ ဇနပုဒ်ငယ်လေးတစ်ခုဆီသို့သူရောက်လာခဲ့သည်။ ရည်ရွက်ချက်မရှိဘဲ ရောက်လာခဲ့ခြင်းဖြစ်၏။ ယခင်ဤရွာလေး ရှိကြောင်းပင်မသိ။ ဤရွာကလေးတွင်နေထိုင် ကြသော လူမျိုးစု သုံးခုအကြောင်းကိုလည်း ကြားပင်မကြားဖူးခဲ့ပေ။
ဤရွာကလေး၌ မိုးခါးကြီးရွာသွားပြီး သောက်သုံးမိသူများရူးသွားကြောင်း၊ မသောက်ဘဲ နေသူများက လည်း ကျောက်ရုပ်ဖြစ်ကျန်ခဲ့ကြောင်း သတင်းနှင့်အတူ ဤရွာမှလူများ၏ ရှေးဟောင်းသင်္ချာ နည်း စနစ်များကို သူသိခဲ့ရခြင်း ဖြစ်သည်။
မိုးခါးကြီး ရွာခြင်း၊ ရူးသွပ်ခြင်း ၊ကျောက်ရုပ်ဖြစ်ခြင်း၊ စသည့် သတင်းများထက် ရှေးဟောင်း သင်္ချာ နည်းဆိုင်ရာသတင်းက သူ့ကို ပိုမိုဆွဲဆောင်နိုင်ခဲ့သည်။ လေ့လာ ဆည်းပူးချင် စိတ်များတဖွားဖွား ပေါ်ပေါက်လာပြီးနောက် သူဤ ရွာသို့ ရောက်လာခဲ့ရခြင်းဖြစ်လေသည်။
မိုးခါးရေ သောက်ထားပြီးသူ တွေဟာ အသ်စိတ် မရှိကြတော့။ သူတို့ ပြောနိုင်တာ တချက်ဘဲ ကျန်ရစ် ခဲ့သည်။ ထိုအချက်ကတော့ သူတို့ သောက်ခဲ့သည့် မိုးခါးရေခွက်အရေအတွက် ကို ပြောပြ နိုင်ခြင်း ဖြစ်၏။
မိုးခါးရေက အတော်ဆွဲဆောင်မှုရှိပုံပဲ
ထိုသို့ ပင်သူမှတ်ချက် ချမိ၏။ မသောက်ရ မနေနိုင်အောင်နှင့် သောက်မိသူကိုလဲ ထပ်ထပ်သောက် ချင်နေစိတ်ရှိအောင် ဆွဲဆောင်ဖမ်းစားနိုင်ခဲ့ပုံ ရသည်။ အချို့လူများသောက်ခဲ့ သည့် မိုးခါးရေခွက် အရေ အတွက်က အတော်များလေ၏။
ထိုခွက်အရေ အတွက်များကို သူတို့၏ရှေးဟောင်း သင်္ချာ ညွှန်ပြချက် နည်းများအတိုင်းညွှန်ပြ သွား ကြ၏။ ထိုညွှန်ပြချက်နည်းများကို သူစိတ်ဝင်တစားလေ့လာ မိလေသည်။
အစုသုံးစုခွဲ ပြီးသူလေ့ လာလိုက်ရ၏။
ပထမ အစုမှ လူအများသည်ဓားများ ဝှေ့ရမ်းပြီး ပါးစပ် မှလည်း ရေ- - -ရေ - - -ဟု ညည်းတွားနေ ကြ၏။ သူတို့ သောက်ခဲ့သော တစ်ဦးစီ၏ ခွက်အရေအတွက်များကို သစ်ပင်များပေါ်မှာ သူဖတ်ခဲ့ ရ သည်။ ပင်စည်ပေါ်မှာ ဓါးနှင့် အထစ်ကလေးများ ထစ်ပြီး ခွက်အရေ အတွက်ကို ရေးမှတ်ကြ သူများ ဖြစ်သည်။ ဓါးထစ်တ ထစ်လျှင် တခွက်ဖြစ်သည်။
ဒုတိယ အစုမှလူအများကတော့ လက်ထဲမှ ကြိုးများကို ဆွဲချည် ဆန့်ချည် လုပ်ရင်း တဟင်းဟင်း အော်နေကြ ၏။ သူတို့ သောက်ခဲ့သည့် ခွက် အရေ အတွက်ကို သူတို့လက်ထဲမှ ကြိုးများမှ တဆင့် သိ ရ၏။ သူတို့ က ကြိုးကို အထုံးကလေးထုံးရင်း မှတ်သားသွားကြ ခြင်းဖြစ်၏။
ကွစ်ပူ (ျှကငစက) ပုံစံပါလား
သူ... အလွန် သဘောကျသွား၏။ ထိုသို့ကြိုးအထုံးဖြင့် ရေတွက်မှုသဘောတရားကို တောင်အမေ ရိကတိုက်မှ အင်ကာ လူမျိုးများ လည်းသုံးစွဲဖူး၏။
လေ့လာရ အခက်ခဲဆုံးဖြစ်ခဲ့သည်မှာ တတိယ အုပ်စုဖြစ်သည်။
တတိယ အုပ်စုမှလူများသည် လမ်းမပေါ်မှာ ကခုန်နေကြ၏။ ဘာစကားကိုမှ မပြောကြ။ သို့သော် သူတို့၏ မျက်လုံးများထဲမှ မွတ်သိပ်မှုကို တွေ့နေရသည်။
အားပါးပါး....မလွယ်ပါလား
သူတို့၏ ကခုန်မှုမှာ သူတို့သောက်ခဲ့သည့် ခွက်အရေ အတွက်ကိုညွှန်ပြနေခြင်းဖြစ်သည်။ ခန္ဓာကိုယ် အစိတ်အပိုင်းများကို ကိန်းဂဏာန်းများ အဖြစ် သင်္ကေတပြုကာ ဖော်ပြ နေကြခြင်းဖြစ်၏။
အဓိပ္ပါယ်ဖတ်ရန် အတော် ခက်ခဲလေသည်။ ဤကဲ့သို့ သော ရေတွက်မှုပုံ စံကို နယူးဂီနီ လူမျိုးများ လည်း သုံးစွဲ ကြ၏။ သူ..ကြိုးစားပမ်းစား လေ့လာယူရလေသည်။ ကျေနပ်အားရ မှုလည်းရှိခဲ့၏ ။
လေ့လာမှုများပြီးဆုံးပြီဟု ယူဆသော အချိန်ကျမှ....
အင်း. .ကျောက်ဖြစ်တဲ့လူကို သွားကြည့်ရဦးမယ်။
မိုးခါးရေမသောက်ဘဲ တောင့်ခံနေသဖြင့် ကျောက်ဖြစ်သွားသူမှာ တယောက်တည်း ဖြစ်၏။ (ကျန်လူ များအားလုံးမှာ မိုးခါးရေ သောက်ပြီးရူး သွားကြ၏။)
ထိုလူသည် သို့မဟုတ် ကျောက်ရုပ်သည် အဝေးသို့ လှမ်းကြည့်နေ၏။ ကျောက်ဖြစ်နေသော မျက်လုံး များကတော့ ဘာကိုမှမြင်ပုံမပေါ်။ ထိုကျောက်ရုပ်ကိုလှည့်ပတ်ကြည့် ရှုရင်းသူ. .သက်ပြင်းချမိ၏။
ဖြစ်မှ- -ဖြစ်ရလေ
ထိုလူအတွက် စိတ်မကောင်းဖြစ်ရင်း သူ့စိတ်ထဲမှာလဲစိမ့်ပြီးကြောက်လာ မိ၏။
အင်း.. အခုပြန်တာဘဲ ကောင်းပါတယ်..
ထိုအခိုက်မှာပင်...
ရုတ်ချည်းဆိုသလို ကောင်းကင်သည် ညိုမှိုင်းသွား၏။
ဝေမှုန်သော်လဲ ကြမ်းတမ်းသည့်လေတို့က အေးရှစွာ ကျဆင်းလာသည်။ တစ်စုံတစ်ခုသော ရနံ့ကို ရှု ရှုက်လိုက်ရပြီး . . .
ဟင်...မိုးခါးကြီး ထပ်ရွာတော့မယ်
ရင်ထဲမှာ ပူလောင်ပြီး ကမ္မာပျက် သွားသလို ခံစားလိုက်ရသည်။
လေထဲမှာမိုး၏ အငွေ့ အသက်တို့ ပါလာသည်။ သူ့အပေါ်ကျလာသော မိုးစက်မိုးမှုန် ပျပျကလေး များကို လက်နှင့် ဝှေ့ယမ်းကာကွယ် နေမိ၏။
ဂျိမ်း....ဂျုန်း
မိုးခြိမ်းသံ ကြီးက ခြောက်ခြား ဖွယ်ရာ ပေါ်ထွက်လာသည်။ သဲကြီးမဲကြီးရွာတော့ မည်မှာသေချာ၏။
သူ ယောက်ယက်ခက် ပြေးလွှားနေမိသည်။ ဤမိုးကို ကာကွယ်၍ရတော့မည် မဟုတ်ကြောင်းကို လည်း သိလိုက်ရသည်။
လူများကို ဒုက္ခဆိုး အမျိုးမျိုးပေးခဲ့သော မိုးခါးကို သူပက်ပက်စက်စက် ဆဲဆိုရင်း လမ်းပေါ်မှာ ခုန် ပေါက်နေမိ၏။
ပြီး ... လိုအပ်ချက်တစ်ခုကို သတိရပြီး . .ဘေးဘီဝဲယာဆီလျှောက်ကြည့် မိသည်။
ဓါးတစ်လက်ကို တွေ့သည်။ ကောက်ယူပြီး သစ်ပင်ဆီသို့ ပြေးသွားကာ ပင်စည်မှာအထစ်လုပ်ကြည့်၏
ခုတ်ကြည့်ခြင်း ဖြစ်သည်။ သို့ သော်ဘာ တစ်ခုမှ ထင် မကျန်၊ ဆွေးမြေ့နေပြီဖြစ်သော ဓားကြီးက ကြိုး သွား၏။
တောက် . . .
လမ်းမပေါ်မှာ ကြိုးတချောင်းကိုတွေ၍ ကုန်းကောက်ရသေးသည်။ ကြိုးကို အထုံးလေးများရစ် ချည် ကြည့် ၏။ မရချေ။ ထို ကြိုးထုံးနည်းကို သူမထုံးတတ်၊ ပုံစုံမျိုးစုံနှင့် ကမန်းကတန်း ချည်ကြည့် နေပြီး မရလွန်းသည့် အဆုံးမှာ ထိုကြိုးကို ဒေါသ တကြီး လွှင့်ပစ်လိုက်၏။
နောက်ဆုံး အနေနှင့် ကိုယ်အင်္ဂါ အစိတ် အပိုင်းနှင့် ဖော်ပြနိုင်ရန် သူကြိုးစားရသည်။ မိုးစက်တွေ က လည်းခပ်ပါးပါး ကျရောက်နေပြီ ဖြစ်၏။
သို့ သော်လည်း ဒူးမြောက် လက်မြောက် လုပ်နေရခြင်းသည် သူ့ အတွက် အဆင်မပြေလှချေ။ ကိုယ် အင်္ဂါ အစိတ်အပိုင်းများမှ တဆင့် ကိန်း ဂဏာန်းကို ဖော်ပြနေသလို မဖြစ်ဘဲ ဓါတ်လိုက်နေသလို ၊ ဘရိတ်ဒန့် ကနေသလို လို ဖြစ်နေသည်။
ဒုက္ခပဲ
ထိုသို့ ဆိုရင်တော့ တနည်းဘဲ ကျန်တော့သည်။ ကျောက်ရုပ်ရှိရာကို သူအပြေးသွားလိုက်၏။
မိုးခါးရေကို သူမသောက်ဘဲ ကျောက်ရုပ် အဖြစ်ခံတော့မည်။
ကျောက်ရုပ်၏ နဘေးမှာ သူဝင်ရပ်သည်။ ရပ်ရပ် ခြင်းမှာတော့ လက်နှစ်ဘက် တွဲလောင်းချပြီး တောင့် တောင့် ကြီးရပ်နေလိုက်ခြင်း ဖြစ်သည်။ ထို့နောက်မှာမူ နောင်လာနောက်သားတွေ အမြင်မှာ သူ့ ကျောက်ရုပ်လှပရန် လိုအပ်ကြောင်း ကိုသတိရသည်။
ထိုသို့ဖြင့် တစောင်းပြင်ရပ်သည်။ ခါးမှာ လက်ထောက်ရပ်၏၊ ဆံပင်ကို ပင့်တင် ရသေးသည်။ ဓါတ် ပုံဆရ ရှေ့မှာ အိုက်တင်ပေးသည့်နှယ် သူ့ကိုယ်ဟန်ကို အမျိုးမျိုး ပြုပင်နေရ၏။
သိပ် အချိုးမပြေသလို ခံစားမိ၏။ မိုးကြီးကရွာ လာပြီ။ ထိုအခါကျမှ ပန်းပုရုပ်တစ်ခု ၏ကိုယ် ဟန်ကို သတိရပြီး သူထိုင်ချလိုက်သည်။
ကမ္ဘာကျော် ပန်းပုဆရာကြီး သြဂတ်ရိုဒင်၏ အတွေးအခေါ် သမား (ွှ့ငညုနမ ) အမည်ရှိ ပန်းပု၏ ကိုယ်ဟန်အတိုင်း သူထိုင်နေခြင်းဖြစ်သည်။ ဒဿန တစ်ခုခုကို အလေးအနက် စဉ်းစားတွေးခေါ်နေဟန် . .
မိုးကြီးက တဝေါဝေါ ရွာချလာ၏။
အား . .အေးလိုက်တာ
ခိုက်ခိုက်တုန်အောင် ချမ်းအေးနေသော်လည်း ဤကိုယ်ဟန် အနေအထားကိုမပျက်အောင် သူထိုင်နေ ခဲ့၏။
တစ်ကိုယ်လုံးလဲ စိမ့်စက် ရွှဲစိုနေပြီ။ ထိုင်ရတာလဲ ပင်ပန်းလှပြီ၊ မိုးကြီးရွာတာလဲ ကြာပြီ။ နောက်ဆုံး ဆဲချိန်ကျမှ ဤမိုးသည် မိုးခါးမဟုတ် ရိုးရိုး မိုးဖြစ်မှန်း သူသိရ၏။
....
ဘာပြောရမှန်းပင်မသိ။ အူကြောင်ကြောင်ဖြင့် သူပြန်ထလိုက်ရသည်။ ထွက်ခွာရန် ပြင်ချိန်ရောက်မှ သူ့ ကို စိုက်ကြည့်နေသော မျက်လုံးအစုံများကို မြင်လိုက်ရသည်။
ဟင်
ကိုယ့် အပူနှင့် ကိုယ် ပြာလောင်ခတ်နေခဲ့၍ ထိုလူများကို သူသတိမထားမိခဲ့။ ( ဘယ်အချိန်ထဲက ရောက်နေကြမှန်းမသိ)
သူ့လိုဘဲ လာရောက်လေ့လာ သူများဖြစ်ပုံရသည်။ သူ့ကို ကြည့်နေကြရင်းတယောက် ကပြော၏။
အရူးတွေထဲ ဒီအရူးအဆိုးဆုံးဘဲနော်
အေးလေ . . . မိုးခါးရေတွေ သူဘယ်နှစ်ခွက်လောက် သောက်ပစ်လိုက်လဲမှ မသိတာ။ အများတုံးသောက် ပြီး အရူးဆုံး ဖြစ်သွားတာနေမှာပေါ့။. . .ကျွတ်. .ကျွတ်. .ဖြစ်မှ ဖြစ်ရလေ
သူတို့အားလုံးက သူ့ ကို စိတ်မကောင်းစွာ ၀ိုင်းကြည့်နေကြလေသည်။
ကြိုက်လို့ ပြန်တင်ထားဖြစ်တာပါ ...
                                                                    တာရာမင်းဝေ အမှတ်တရ( နေရဲ့ အင်္ကျီ စာအုပ်မှ)
Tuesday 2 October 2012
သူ့ လို “လူ”
ပုံမှာ မြင်တွေ့နေရတာကတော့ Anand kumar အမည်ရ သင်္ချာဆရာ တစ်ဦး ဖြစ်ပါတယ်။
တွက်ချက်ခြင်းကို ငယ်ငယ်လေးကတည်းက အထုံဝါသနာပါပြီး အတန်းပညာ အဆင့်တိုင်းမှာ သင်္ချာ အမှတ်အများဆုံး ဖြစ်ခဲ့ပါတယ်။ တက္ကသိုလ်မှာလည်း သင်္ချာဘာသာရပ် အထူးပြုပြီး တက်ရောက်ရာ ဘွဲ့ရအောင်မြင်ခဲ့ပါတယ်။ Anand ရဲ့ ရည်မှန်းချက်က ကမ္ဘာကျော် သင်္ချာ ပညာရှင် တစ်ဦး ဖြစ်ဖို့ ဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန် ကိန်းဘရိတ်ခ်ျ တက္ကသိုလ်ကို ဆက်လျှောက်ပါတယ်။ Number Theory (Mathematical Spectrum , Mathematical Gazette) အစရှိသဖြင် ကိုယ်တိုင်ဖန် တီးပြီး လျှောက်လွှာမှာ သူ့ အရည်အချင်းကို ထုတ်ဖော်ပြသခဲ့ပါတယ်။ သူ့ရဲ့ အရည်အချင်းကြောင့် ကိန်းဘရိတ်ခ်ျတက္ကိသိုလ်မှာ တက္ကသိုလ်တက်ခွင့်ပေး လိုက်ပါတယ်။
ဝမ်းသာလို့မဆုံးတဲ့ Anand ဟာ ဖခင်နဲ့ တိုင်ပင်ပါတယ်။ Anand တို့ မိသားစုဟာ ဆင်းရဲပါတယ်။ တက္ကသိုလ် ဆက်တက်ဖို့ ငွေမရှိဖြစ်နေပါတယ်။ ဒါကြောင့် အိန္ဒိယနိုင်ငံတစ်ဝန်း ဆပွန်ဆာပေးမယ့် သူ တစ်ယောက်ယောက် များ တွေ့မယ်ဆိုတဲ့ မျော်လင့်ချက်နဲ့ လိုက်ရှာပါတယ်။ ကူညီမယ့်သူ မရှိပါဘူး။ နောက်ဆုံးတော့ တက္ကသိုလ်ဆက်တက်မယ့် အိပ်မက်ကို အဆုံးရှုံးခံလိုက်ရပါတယ်။ အဖေဖြစ်သူကလည်း ကွယ်လွန်သွားတဲ့အတွက် တက္ကသိုလ် ဆက်မတက်ဖြစ်ဖို့ ကြိမ်းသေသွားပါတယ်။
နောက်တော့ အမေနဲ့အတူ မုန့်ပြားသလပ် ရောင်းတဲ့ အလုပ်ပဲ လုပ်ကိုင် ပါတော့တယ်။ အပိုဝင်ငွေရရန်အတွက် လည်း ကလေးတွေကို သင်္ချာ သင်ပေးပါတယ်။ မုန့်ပြားသလပ် ရောင်းတဲ့ ရထားဘူတာဆီ ရောက်အောင် သွားရတဲ့ ခရီးက ၆ နာရီကြာပါတယ်။ သူ့မှာ သိပ်အချိန်မရပါဘူး။ လမ်းခရီးမှာ တက္ကသိုလ်စာကြည့်တိုက် တစ်ခုရှိပါတယ်။ တစ်ရက်ကို နာရီပိုင်းမျှအချိန်ပေးပြီး
နေ့စဉ် ပုံမှန် သင်္ချာနဲ့ ဆိုင်တဲ့စာအုပ်တွေ ရှာဖတ်ပါတယ်။ စနေ၊ တနင်္ဂနွေ ကျတော့ သူနေတဲ့ မြို့ ငယ်တွင်းက စာကြည့်တိုက်တော်တော်များများကို သွားပြီး ရှာဖတ်ပါတယ်။
နောက်တော့ စိတ်ကူးတစ်ခု ရလာပြီး ရပ်ကွက်ထဲက အခန်းကျဉ်းတစ်ခုကို တစ်လ အိန္ဒိယရူပီ ၅၀၀ နဲ့ ငှားရမ်းပြီး ကိုယ်ပိုင် သိပ္ပံကျောင်းတစ်ခု ဖွင့်ပါတယ်။ ကျောင်းကို Ramanujam School of Mathematic (RSM) လို့ အမည် ပေးထားပါတယ်။ တစ်နှစ်အတွင်းမှာ ပဲ ကျောင်းသား နှစ်ယောက် ကနေ ၃၆ အထိတိုးလာပါတယ်။ သုံးနှစ်ကြာတဲ့အချိန်မှာတော
့ ကျောင်းသား ဦးရေ ၅၀၀ အထိရှိလာပါတယ်။ ၂၀၀၀ ခုနှစ် အစောပိုင်းရောက် တော့ ဆင်းရဲသားများအတွက် ကူညီဖို့ စိတ်ကူးရလာပါတယ်။
လခများများပေးမှ တက်နိုင်မယ့် သင်တန်းကျောင်း မတက်နိုင် တဲ့ ကျောင်းသားများကို ခေါ်ယူပြီး သင်ကြားပေးပါတယ်။ ၂၀၀၃ ခုနှစ်က စတင်လို့ Super 30 ပရိုဂရမ် စတင်ပေးပါတယ်။ Super 30 ဆိုတာ ကျောင်းရဲ့  သင်္ချာအတော်ဆုံး ကျောင်းသား ၃၀ ဖြစ်ပါတယ်။ ယင်း ၃၀ထဲမှာ သူတောင်းစား၊ အိမ်ခြေမဲ့၊ အမှိုက်ကောက်သမား အစရှိသဖြင့် ဆင်းရဲနှုံချာတဲ့ ကလေးတွေတောင် ပါဝင်လာပါတယ်။ တစ်နှစ်အတွင်းမှာပဲ သူမွေးထုတ်ပေးတဲ့ စူပါ ၃၀ ဟာ အိန္ဒိယနိုင်ငံရဲ့  အတော်ဆုံး သင်္ချာကျောင်းသားများ ဖြစ်လာခဲ့ပါတယ်။ လူတန်းစားကွာဟပေမယ့် ဥာဏ်ရည်ပိုင်းဆိုင်ရာမှာ အိန္ဒိယတို့ မြင့်မားတယ်ဆိုတာကို Anand မှ သက်သေပြနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ နောက်တော့ ယင်း စူပါ ၃၀ ဟာ ကမ္ဘာ့ သင်္ချာအတော်ဆုံး စာရင်းတွေ အထိတောင် ပါဝင်လာပါတယ်။
ဒါကြောင့် သူ စစ်ပေးတဲ့ စူပါ ၃၀ စာမေးပွဲကို ဝင်ရောက်ဖြေဆိုသူဟာ ၅၀၀၀ နဲ့အထက်အထိ ရှိလာပါတယ်။ သူမွေးထုတ်ပေးတဲ့ ကလေးအားလုံးကို အိန္ဒိယ နည်းပညာ တက္ကသိုလ်ဝင်ခွင့်ရအောင် ပို့ဆောင်ပေးပါတယ်။ စူပါ ၃၀ စာရင်းမပါလည်း သင်ပေးသမျှကျောင်းသားတိုင်း
ကို အိန္ဒိယရဲ့ အကောင်း ဆုံး တက္ကသိုလ်များသို့ အများစု ရောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်
ဒါကြောင့် အိန္ဒိယပြည်တွင်းရှိ အစိုးရတက္ကသိုလ်နဲ့ ပုဂ္ဂလိက ကျောင်းများက သူ့ကို လက်တွဲလုပ်ကိုင်ဖို့ ဖိတ်ခေါ်ပါတယ်။ သူ ငြင်းဆန်ခဲ့ပြီး သူ့ရဲ့ ကျောင်းမှာပဲ ဆက်လက်သင်ကြားပါတယ်။ လူဦးရေတိုးလာတဲ့အတွက် အခန်းချဲ့ ရပြီး ဒီအတွက် အခြား အလုပ်တွေပိုလုပ်ခဲ့ပါတယ်။ ဆင်းရဲသားအများစုကို သင်ပေးရတဲ့အတွက် လခ မယူပါဘူး။ လူတန်းစားပေါင်းစုံတက်ရောက်
လာတဲ့အတွက် အချို့ ကို အိန္ဒိယမှာ အသက်သာဆုံး လခနဲ့ သင်ကြားပေးပါတယ်။
သူ့ရဲ့ ထူးခြားတဲ့ လုပ်ဆောင်ချက်များကြောင့် ကိန်းဘရိတ်ခ်ျတက္ကသိုလ် ဟာ ကျောင်းကို တက်ရောက်ဖို့ ဖိတ်ခေါ်ပေမယ့် Anand ငြင်းဆန်လိုက် ပါတယ်။ အခြား ဥရော နိုင်ငံကြီးမှ ပုဂ္ဂလိကအစိုးရကျောင်းများလည
်း သူ့ကို ဖိတ်ခေါ်ပေမ့် ငြင်းဆန်ခဲ့ပါတယ်။ သူသင်ကြားပေးတဲ့ ကျောင်းဟာ အိန္ဒိယနိုင်ငံ က အခြေခံလူတန်းစား များအတွက်ကော အကျိုးဖြစ်ထွန်းစေ တာမို့ ဖြစ်ပါတယ်။
BBC, Newsweek , Time တို့မှ လာရောက်အင်တာဗျူးမှုများ ပြုလုပ်ပါ တယ်။ အမေရိကန် သမ္မတ အိုဘားမားကိုယ်တိုင် Anand ရဲ့ လုပ်ဆောင်ချက်ကို လေးစားပြီး သဝန်လွှာများပေးပို့ခဲ့ပါတယ်
။ အကူအညီ လိုအပ်ရင် အချိန်မရွေးတောင်းနိုင်တယ်လို့ ဆိုထားပေမယ့် Anand မယူခဲ့ပါဘူး။ စူပါ ၃၀ စာရင်းဝင် ကျောင်းသားများထံလည်း သမ္မတအိုဘားမား မှ ဂုဏ်ပြု စာလွှာများ ပေးပို့ခဲ့ပါတယ်။ Discovery ရုပ်သံလှိုင်းမှလည်း Anand ရဲ့ ကျောင်းကို တစ်နာရီစာ ပရိုဂရမ်ရိုက်ကူးပြီး ထုတ်လွင့်ပြသခဲ့ပါတယ်။
သူဖွင့်လှစ်သင်ကြားပေးတဲ့ကေ
ျာင်းဟာလည်း ကမ္ဘာ့ ရှေ့ ဆောင် လမ်းပြ ကျောင်း ၄ခုစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။ သူကိုယ်တိုင်ဟာလည်း Time မဂ္ဂဇင်းမှာ ရှေ့ ဆောင်လမ်းပြ ပုဂ္ဂိုလ် ၁၀၀ စာရင်းမှာ ပါဝင်လာ ခဲ့ပါတယ်။ ဧပြီလ ၂၀၁၁ မှာတော့ ဥရောပ Focus မဂ္ဂဇင်းက Anand ကို ကမ္ဘာ့ စံပြပုဂ္ဂိုလ်တစ်ဦးလို့ ဂုဏ်ပြုသတ်မှတ်ပေးခဲ့ပါတယ်။ အိန္ဒိယအဆိုးရ မှလည်း အမြင့်ဆုံး လူမူထူးချွန်ဆုများ ချီးမြင့်ခဲ့ပါတယ်။
ကိန်းဘရိတ်ခ်ျ တက္ကသိုလ်တက်ခွင့်ဆုံးရှုံးခ
ဲ့ရပြီး မုန့်ပြားသလပ် ရောင်း ရာကနေ ကမ္ဘာ့စံပြ ပုဂ္ဂိုလ်ဖြစ်လာတဲ့ Anand kumar ဟာ သာမန် အရပ်သားတစ်ဦးဖြစ်ပါတယ်။ ကိုယ့်မှာ ရှိတဲ့ ပညာအရည်အချင်းကို တစ်နည်း မဟုတ် တစ်နည်းနဲ့ ဖော်ထုတ်ပြသနိုင်တဲ့အတွက် ကမ္ဘာက စံထားရတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာပါတယ်။ စာဖတ်သူတို့လည်း ဒီလို ပုဂ္ဂိုလ် တို့အကြောင်းကို လေ့လာဖတ်ရှုပြီး အားတက်လာစေရန်ဆန္ဒနဲ့ ဘာသာပြန် ဖော်ပြပေးလိုက်ရပါတယ်။
--
အောင်ခမ်း (International news for myanmar)
Ref: Douknow
http://innewsmyanmar.blogspot.com/2012/10/blog-post_196.html
Friday 21 September 2012
တန်ဖိုး
ဘာမှ မလုပ်ပဲ ရတဲ့  ပိုက်ဆံထက်
တောင်းစားပြီးရတဲ့  ငွေတကျပ်က ပိုတန်ဖိုးရှိပါတယ်...
ဘာလို့ လဲဆိုတော့ 
အဲငွေတကျပ်မှာ ကိုယ်ရင်းနှီးထားတဲ့  ချွေးစက်လေးတွေပါတယ်...
ခေါင်းလေးငုံ့ ထားတဲ့  မာနတချို့ ပါတယ်...
လက်ညိုးထိုးကဲ့ ရဲ့ သူတွေရဲ့  အပြစ်တင်ခြင်းတွေပါတယ်...
မယုံကြည်နိင်တွေသူတွေရဲ့  သံသယတွေ ပါတယ်...
                                                                                                  (ပုံရိပ်စစ်)
Monday 10 September 2012
“ ဏ ၊ ရ ၊ ဘ ”
တစ်ခါက
မင်းသားသုံးယောက်ဟာ ပညာသင်ယူပြီးလို့ သူတို့ရဲ့ နေရာဌာနသို့
တောအုပ်တစ်ခုကို ဖြတ်ပြီး ပြန်လာခဲ့ကြတယ်.။ တောအုပ်ရဲ့ အလယ်ကိုလည်း
ရောက်ရော တောအုပ်ကို စောင့်နေတဲ့ ဘီလူး အကောင်သုံးဆယ်ထွက်လာပြီး
သူတို့ကို စားမယ် လုပ်ပါလေရော.။
အဌာရသ ၁၈ ရပ်ကို သင်လာတဲ့ မင်းသားတွေပဲလေ.။ အတိုက်အခိုက်ကတော့ တတ်ပါတယ်.။
ဒါပေမဲ့ ဘီလူးတွေက အကောင် ၃၀ တောင်မှ ဖြစ်နေတော့ တိုက်ကြ ၊ ခိုက်ကြရင်
သူတို့လည်း သေကြေမယ်လေ.။ ဒါကြောင့် သူတို့ ဥာဏ်ကိုသုံးပြီး
တစ်ဖက်လှည့်နဲ့ ဘီလူးတွေကို ပြောကြတယ်.။
“ ဒီမှာ ဘီလူးများ .၊ သင်တို့ ကျွန်ုပ်တို့ကို စားမယ် ဆိုရင်လည်း စားပါ.။
သို့သော် ဒီအတိုင်းစားပါက အလွန်ပဲ ပျင်းဖို့ကောင်းပါလိမ့်မယ်.။ ဒါကြောင့်
ကျွန်တော်တို့ ပျော်စရာ ကောင်းသော ကစားပွဲလေး တစ်ခု လုပ်ကြပါမယ်.။
ဒီကစားပွဲလေးကတော့ အခု ဘီလူးများက အားလုံးပေါင်း ၃၀ ၊ ကျွန်တော်တို့က ၃
ယောက် ၊ အားလုံးပေါင်း အယောက် ၃၃ ယောက်မဟုတ်လား.။ ဒါကို ကျွန်တော်တို့
အားလုံးစည်းဝိုင်းလို ဝိုင်းလိုက်ပါမယ်.။
ဒီစည်းဝိုင်းကြီးကို ဟိုမှာ ရပ်နေတဲ့ အရပ်အမြင့်ဆုံး ဘီလူးကနေ စပြီး
ကျွန်တော်တို့ ဂဏာန်းရေမယ်.။ ၁၀ ကျတဲ့ နေရာမှာ ကျွန်တော်တို့ လူပဲ
ဖြစ်ဖြစ် ၊ ဘီလူးပဲ ဖြစ်ဖြစ် သတ်ပစ်မယ်.။ ပြီးရင် အဲဒီနေရာကနေ ဆက်ပြီး ၁၀
အထိ ဆက်ရေမယ် ။ ဒီနေရာမှာလည်း လူပဲဖြစ်ဖြစ် ၊ ဘီလူးပဲဖြစ်ဖြစ်
သတ်ပစ်မယ်.။ ဒီလိုဆိုရင် ကျွန်တော်တို့ ပျော်စရာ ကောင်းတဲ့ ပွဲလေး
ဖြစ်လာလိမ့်မယ်.။ ဘယ်လိုလဲ သဘောတူလား.။ ”
ဒီလို မင်းသားတွေက ပြောလိုက်တော့ ဘီးလူတွေက ပျော်သွားပြီး
သဘောတူလိုက်သတဲ့..။ ဒီမှာ မင်းသားတွေက မြန်မာဗျည်းအက္ခရာ ၃၃ လုံးထဲက
အရပ်အရှည်ဆုံး ဘီလူးကြီးကို “ က ” နေရာမှာ ထားလိုက်ပြီး သူတို့ကတော့ “ ဏ
၊ ဘ ၊ ရ ” နေရာတွေမှာ ဝင်ပြီး ပြိုင်ပွဲကို စတင်လိုက်တယ် ။ ဒီမှာ ၁ ကနေ
၁၀ အထိရေတယ်.။ ၁၀ ကျတဲ့နေရာမှာ ဘီလူးတစ်ကောင်ဖြစ်နေတယ် ။ ဒီတော့ သူတို့
သတ်လိုက်ကြတယ်.။ နောက်ထပ် ထပ်ရေတယ်.။ နောက်ထပ် ၁၀ ကျတော့လည်း ဘီလူးပဲ..။
ထပ်သတ်လိုက်ကြတယ်.။ ဒီလိုနဲ့ သူတို့ ရေလာလိုက်ကြတာ. ၁၀ ကျတိုင်းလည်း
သတ်လာလိုက်ကြတာ..။ သူတို့ သတ်သူတွေကလည်း ဘီလူးတွေပဲ ဖြစ်နေတယ်.။
နောက်ဆုံးမှာ ဘီလူးတွေ တစ်ကောင်မှ မကျန်တော့ပဲ..။ “ ဏ ၊ ရ ၊ ဘ ” မှာ
နေရာယူထားတဲ့ သူတို့ပဲ ကျန်ခဲ့တော့တယ်.။
တကယ်တော့ ဒါဟာ ထူးဆန်းတော့ ထူးဆန်းပါတယ်.။ တကယ်တော့ မထူးဆန်းလှပါဘူး.။
ဗုဒ္ဓဘာသာရဲ့ ပါဠိဘာသာမှာ “ ဏ - ဘ - ရံ ” ဆိုတာ ” ဘေးမရှိ ” လို့ အဓိပ္ပါယ်
ရှိနေတယ်လေ.။ ဒီတော့ “ ဏ - ဘ - ရံ ” နေရာတွေမှာ ဝင်ပြီး နေရာယူထားမှ တော့
ဒီမင်းသားတွေ ဘယ်လိုလုပ် ဘေးအန္ကရာယ် ကျရောက်တော့မလဲဗျာ.။
“ ဏ - ဘ - ရံ ” ဆိုတာ “ ဘေးမရှိ.။ ” လို့ ဆိုထားတာကိုး..။
ဘာရယ် မဟုတ်ပါဘူး.။ သူငယ်ချင်းတွေ အပျင်းပြေ နဲ့ ဗဟုသုတ အနေနဲ့
လုပ်ကြည့်လို့ရတာပေါ့ဗျာ.။ စမ်းကြည့်ပါလား.။ စာရွက်လေးတွေမှာ “ က ၊ ခ ၊ ဂ
” လေးတွေ ရေးပြီး ၁ ကနေ ၁၀ အထိရေကြည့်.။ ၁၀ ကျတဲ့ နေရာကို ဖယ်လိုက်..။
နောက်..အဲဒီနေရာကနေ ဆက်ရေကြည့် နောက်ဆုံးမှာ တကယ်ကို ” ဏ - ဘ - ရံ ”
ဆိုတဲ့ အက္ခရာ ၃ လုံးပဲ ကျန်နေတာ တွေ့လိမ့်မယ်.။ စဉ်းစားစရာပါတဲ့ လက်တွေ့
တရားစာလေး တစ်ခုပါပဲ.။
အတ္တစိတ်
 ကျွန်တော့်သူငယ်ချင်းတွေဖတ်ပြီးသား စာတစ်ပုဒ် ဖြစ်ချင်ဖြစ်မှာပါ  ဒါပေသိ ကျွန်တော့်ဘလော့လေးက
ကျွန်တော့်မှတ်စုလေးလို ဖြစ်နေတာမို့  ... :)
တစ်နေ့ ပေါ့ဗျာ
မိုးသက်လေပြင်းတွေကျနေတဲ့နေ့တစ်နေ့ ပေါ့ ...
 သင်က ကားတစ်စီးနဲ့ ဘတ်စ်ကားဂိတ်ရှေ့ ကနေမောင်းသွားမယ်။
အဲဒီမှာ ကားကိုစောင့်နေတဲ့ လူသုံးယောက်ရှိမယ်.. မိုးရေတွေလဲစိုလို့ပေါ့
တယောက်က အရမ်းနာမကျန်းဖြစ်နေတဲ့ အဖိုးအို။ သူက ဆေးရုံကို သွားရမယ်။
တယောက်က ဆရာဝန် သင့်အသက်ကို ကယ်ဖူးတဲ့ ဆရာဝန်။ ဒီအခွင့်အရေးနဲ့ ကျေးဇူးပြန်ဆပ်ချင်နေမယ်။
နောက်တယောက်ကတော့ သင်သိပ်ချစ်ရတဲ့ သူ။ သင်နဲ့ လက်ထက်မဲ့သူ။ အခွင့်အရေးကို လက်လွတ်မဆုံးရှုံးချင်ဘူး။
ဒါပေမဲ့ သင်မောင်းနေတဲ့ ကားက နောက်ထပ်လူတယောက်ကို ပဲ တင်လို့ရမှာ။
သင်ဘယ်သူ့ကို တင်မှာလဲ။ ဘယ်သူ့ကို ရွေးချယ်မှာလဲ။
ဒါကတော့ သင့်ရဲ့စိတ်ကို စမ်းတဲ့မေးခွန်းလေးပါ။ လူတိုင်း သူ့အကြောင်းပြချက်နဲ့ သူဖြေသွားတာပဲ။
အဖိုးအိုကသေတော့မှာမလို့ သူ့ကို အရင်ကယ်ရမယ်။
ဆရာဝန်ကိုလဲ ကျေးဇူးဆပ်ချင်တယ်။
သင့်ရဲ့ချစ်သူကိုလဲ သင်လက်မလွတ်နိုင်ဘူး။ အခွင့်အရေးဆိုတာ တစ်ခါပဲရှိတာ။
သင်ရော ဘယ်လိုလုပ်ဖြစ်မလဲ
သင်ဖြေပြီးပြီဆိုရင်တော့…
အောက်ကအဖြေလေးကိုကြည့်လိုက်ပါ…
သင်ဖြေပြီးမှာကြည့်ပါ…
<<
<<
<<
<<
<<
<<
လူတယောက်ကဖြေတယ် ဒါပေမဲ့  သူဘာကြောင့် ဒီလိုလုပ်တယ်ဆိုတာတော့ သူမပြောသွားဘူး။
သူဖြေလိုက်တာက
“ ဆရာဝန်ကို ကားသော့ပေးပြီး အဖိုးအိုကို ဆေးရုံပို့ခိုင်းမယ် ကျွန်တော်ကတော့ ကျွန်တော့် ချစ်သူနဲ့ ဘတ်စ်ကားအတူတူစောင့်မယ်”
ဒီအဖြေလေးကတော့ အကောင်းဆုံးအဖြေလို့ထင်ပါတယ်။
ဒါပေမဲ့ ကျွန်တော်အပါအ၀င် တော်တော်များများ ဒီအဖြေကိုစဉ်းစားမိကြမယ် မထင်ပါဘူး။
>>>>ဘာကြောင့်လည်းလို့ မေးရင် ကျွန်တော်တို့  လက်ထဲမှာပိုင်ဆိုင်ထားတဲ့အရာ(ကားသော့)ကို မဆုံးရှုံးချင်ကြဘူး။ တစ်ခါတစ်လေ ကျွန်တော်တို့ရဲ့ အတ္တတွေကို လွှတ်ချကြည့်လိုက်ပါ ပျော်ရွှင်မှု တစ်စုံတစ်ရာ ရနိုင်ကောင်းပါရဲ့<<<<
Saturday 8 September 2012
ကျွန်တော် ဖီလော်ဆော်ဖာ
တစ်ရက် . . . ဒီက ငါးတန်းကျောင်းသားနဲ့ ခဏတဖြုတ်စကားပြောဖြစ်တယ်။ ဒီနေ့ ကျောင်းမှာ ဘယ်လိုလဲ လို့မေးတော့ Great! We did Philosophy တဲ့။ ဖီလော်ဆော်ဖီ ဆိုတော့ ဘာတွေသင်လဲ မေးရင်း စိတ်ထဲပေါ်လာတာက ပလေတို တို့ ဘာတို့ အကြောင်းကြားရမယ်လို့ ထင်နေတာ။ ဘယ် ဟုတ်ပါ့မလဲ။ မေးခွန်းတွေ စဉ်းစားရတယ်တဲ့။ လူတွေ ငြင်းကြခုန်ကြတာ ကောင်းသလား။ ဘာလို့လဲ။ ဘယ်လို အကျိုးအပြစ်တွေ ရှိနိုင်သလဲ။ ပိုက်ဆံချမ်းသာရင် ပျော်မယ် ထင်သလား။ ပြည့်စုံမယ် ထင်သလား။ ဒါမျိုး မေးခွန်းလေးတွေ။ အဲ့ဒါနဲ့. . မင့်ဘယ်လိုထင်တုန်း မေးတော့. . . ဆရာသမားကလဲ အလာကြီးပဲ။ It depends တဲ့။ ပိုက်ဆံကို နင် ဘယ်လို သုံးချင်တာလဲ။ ဘယ်လောက် ရှိချင်တာလဲ တဲ့။ အမေးကို အမေးနဲ့ ပြန်လာတာ။ အင်းပေါ့လေ. . ဒီလို အခြေခံပညာရေးပေးတဲ့ ဒီလို တိုင်းပြည် လူမှုအဆင့်အတန်း ကောင်းတာ မထူးတော့ မထူးဆန်းပါဘူး။
Monkey Thinker
သူများ တိုင်းပြည်က ဦးနှောက်ကို သုံးပြီး ရေရေလည်လည် တွေးတတ်ဖို့ ပျိုးထောင်နေချိန်မှာ ကြီးတော်တို့များနိုင်ငံမှာတော့. .
' မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဧ။် ဆန်အိုးကြီးဖြစ်ပါသည်. . .'
' ၁၈၇- က တစ်ကြိမ်၊ ၁၈-- က တစ်ကြိမ်၊ ၁၈၈၅ တွင် တတိယအကြိမ်မြောက် ကျူးကျော်စစ်ကို ဆင်နွှဲကာ. . .   ဗြိတိသျှတို့သည် ... ... ..'
' My name is Kyaw Kyaw. My father name is U Mya. I live in North ----. I have two brothers and sisters.'
' တြိဂံတစ်ခုဧ။် အတွင်းထောင့်သုံးထောင့်ပေါင်းခြင်းသည် ၁၈ဝ ဒီဂရီဖြစ်ပါသည်။'
' ကျွန်မနာမည် မြမြ ဖြစ်ပါသည်။ ကျွန်မဧ။် အဖေနာမည်မှာ .. ... '
ကြီးတော်တို့ တိုင်းပြည်လို တိုင်းပြည်ကလာတဲ့. . ကြီးကောင်ကြီးမားမှ ဖီလော်ဆော်ဖီဆိုတာကို ကျွမ်းဝင်ဖူးတဲ့ ပလေတို၊ အရစ္စတိုတယ်လ်၊ ဒေးကာ့ လော့ခ် စသည်ဖြင့် လူကြားထဲ မျက်စိသူငယ် နားသူငယ်မဖြစ်ရအောင် ဖီလော်ဆော်ဖာနာမည်တွေကိုသာ ကျက်မှတ်ထားဖူးတဲ့ ကြီးတော်တို့ ပိန်းချက်၊ ပုဂ္ဂိုလ်စွဲကြီးချက်ကတော့. . . . နာမည်ကြီး ဖီလော်ဆော်ဖာတွေ တွေးတဲ့ အတွေးအခေါ်တွေမှသာ ဖီလော်ဆော်ဖီ လို့ ထင်နေတာကိုး။
                                                                                                                                                    ရေနံ့ သာ
Wednesday 5 September 2012
ကြောက်စိတ်
  ပို့ မတင်ဖြစ်တာတောင်ကြာပြီ ရှိစုမဲ့စု သူငယ်ချင်းတို့ ရေ ဒီနေ့ တော့ စာလေးတစ်ပုဒ်ဖတ်လိုက်ရတယ်
ဆရာမောင်သစ်ဆင်းရဲ့ “ကြောက်စိတ်”ဆိုတဲ့ စာလေးတစ်ပုဒ်ပါ ကျွန်တော်ကြိုက်တာနဲ့  သူငယ်ချင်း
တို့ ကိုပါမျှဝေလိုက်ပါတယ်
   ကြိမ်လုံးအကြောင်းစဉ်းစားမိတိုင်းအထက်တန်းကျောင်းသားဘ၀တုန်းက ကြုံခဲ့ရတာလေး တစ်ခုကို အမြဲသတိရနေမိပါတယ်။ မြန်မာစာ အချိန်မှာ ပင်ရင်း စကားပြေလက်ရွေးစင်ထဲက မင်းတုန်းမင်းနှင့် ငါးခြောက်ပြား ဆောင်းပါးကို သင်ပြီးစပေါ့။မင်းတုန်းမင်းငယ်ရွယ်စဉ် မောင်လွင်ဘ၀က စံကျောင်း ဆရာတော် ဆီမှာပညာသင်ကြားခဲ့ရတယ်။တစ်နေ့မှာ အင်းသားကြီးငကြူးက ငါးခြောက်ပြားကြီး တစ်ပြားလာပြီး လှူတယ်။ ဆရာတော်က ငါးခြောက်ကို သိပ်ကြိုက်ပါသတဲ့။ ကျောင်းမှာကလည်း
ငါးခြောက်ပြတ်လပ်နေချိန်ဖြစ်တော့ ဆရာတော်က မောင်လွင်ကို ကျက်သရေခန်းထဲမှာသေသေချာချာ သိမ်းခိုင်းလိုက်ပါတယ်။ နောက်တစ်နေ့ ဆရာတော် ဆွမ်းဘုဉ်းပေး တဲ့အခါ မောင်လွင်ကို ငါးခြောက် ဖုတ်ခိုင်း တော့ ငါးခြောက်က ရှာမတွေ့တော့ဘူး။
     ဆရာတော်ကတော့ လက်ဆေးပြီးနှမ်းဆီမွှေးမွှေးနဲ့ ရောက်လာမယ့် ငါးခြောက်ဖုတ်ကို စောင့်နေတာပေါ့.။ မောင်လွင်မှာ ဘယ်လိုမှ ရှာဖွေ မေးမြန်းစုံစမ်းလို့မရဘဲ ဗျာများနေခိုက် ဟဲ့...... ငလွင်မရသေးဘူးလား လို့မေးလိုက်တော့ ညှိုးညှိုးငယ်ငယ်နဲ့ပဲ ငါးခြောက်ပြားကြီး ပျောက်ဆုံးသွားတဲ့အကြောင်း တင်လျှောက် ရတော့တယ်။ ငလွင်......လာခဲ့ လို့ ထားဝယ်ကြိမ်ကို ဆွဲပြီး ခေါ်လိုက်တဲ့ ဆရာတော်အသံက ကျောင်းသား အားလုံးရဲ့ နှလုံးသားကို ကန့်လန့်ဖြတ်ဝင်သွားပါသတဲ့။
     ဟဲ့...ငလွင် နင်ဟာ ဘုရင့်သား၊ အကြောင်း ညီညွတ်ရင် နိုင်ငံကို အုပ်ချုပ်မင်းလုပ်ရမယ့်သူ။ ဒီလိုလူက ငါးခြောက်ပြား တစ်ချပ်ကိုတောင် လုံခြုံအောင် မစောင့်ရှောက်နိုင်ရင် နိုင်ငံကို နင်ဘယ်လို လုံခြုံအောင်
လုပ်နိုင်တော့မှာလဲ လို့မိန့်ပြီး အချက်ပေါင်း များစွာ ရိုက်နှက်ဆုံးမပါသတဲ့။
     ဒီဆောင်းပါးကို သင်ပြီးတော့ ဆရာက သင်ရိုးထဲက မေးခွန်းတွေကို ဖြေခိုင်းပါတယ်။ မေးခွန်း တစ်ခုက စံကျောင်း ဆရာတော်၏ ဆုံးမမှုကို သင်လက်ခံပါသလား လို့ အဓိပ္ပါယ်မျိုးပေါက်တဲ့ မေးခွန်းပါ။ နောက်တစ်နေ့ မြန်မာစာအချိန်ရောက်တော့ ဆရာဟာ အတန်းထဲကို ခြေသံပြင်းပြင်းနဲ့ဝင်လာပါတယ်. အဖြေလွှာ တွေကို စားပွဲပေါ် ဘုန်းခနဲမြည်အောင် ပစ်ချလိုက်ပါတယ်။
     ဆရာ့မျက်နှာက နီပြီးတင်းလို့။ တစ်တန်းလုံးကို ဝေ့၀ဲပြီးကြည့်တယ်။ တစ်တန်းလုံး ကလည်း ငြိမ်လို့။ ဆရာ ဘာဖြစ် လာတာပါလိမ့်လို့ တွေးနေကြပုံပဲ။ ဆရာက ကျောင်းသားတစ်ယောက်ရဲ့နာမည်ကို ခေါ်ပြီး အတန်းရှေ့ ထွက်ခိုင်းပါတယ်။ နောက်ဆုံးခုံက ကျောင်းသားတစ်ယောက်ထွက်လာပါတယ်။ ဆရာက အဖြေလွှာတစ်ရွက်ကို ဆွဲထုတ်ပြီး အဲဒီကျောင်းသားကို ပေးလိုက်တယ်။ "ဒါ မင်းအဖြေလား"။ "ဟုတ်ပါတယ် ဆရာ"၊ "အေး တစ်တန်းလုံး ကြားအောင် ဖတ်စမ်း" နည်းနည်း အံ့သြနေပုံနှင့် ကျောင်းသားက သူ့အဖြေကို ဖတ်ပါတယ်။ မှတ်မိသလောက်ဆိုရင် စံကျောင်းဆရာတော်ရဲ့ ဆုံးမပုံကို မကြိုက်ကြောင်း။ ဆရာတော်ရဲ့ အဲဒီအချိန်က စိတ်ခံစားမှုဟာ တပည့်ကို လမ်းညွှန်ချင်စိတ်ထက် မိမိအလွန်တရာ ကြိုက်နှစ်သက်တဲ့ ငါးခြောက်ဖုတ်ကို ဘုန်းမပေးရတဲ့အတွက် ဖြစ်ပေါ်လာတဲ့ ဒေါသစိတ်ကပိုပြီး ကြီးမားနေနိုင်ကြောင်း၊ ပြီးတော့ ဒီကိစ္စဟာ ဒီလောက် ရိုက်နှက် အပြစ်ပေးစရာမလိုကြောင်း၊ နားဝင်အောင်ဆုံးမလျှင် ရပါလျှက်နှင့် သေရာပါ အမာရွတ်ထင်အောင် ရိုက်နှက်ခြင်းဟာ ဒေါသစိတ်ကြောင့် ဟု သံသယဖြစ်စရာရှိကြောင်း။ ဘုရားသားတော် တို့မည်သည် ရသတဏှာဖြစ် ဆွမ်းဘုဉ်း မပေးသင့်သည်ကို သတိရသင့်ကြောင်း၊ ဆရာကိုယ်တိုင်က ဤ၀ိနည်းကို မထိန်းသိမ်းနိုင်ပါဘဲ တပည့်ကို ဆုံးမခြင်းမှာ စဉ်းစားဖွယ်ဖြစ်ကြောင်း၊ အသားနာမှ အရိုးစွဲမှတ်မည်လို့ထင်ပြီး ပြင်းပြင်းထန်ထန် အပြစ်ပေးဆုံးမခဲ့ပေမယ့် မင်းတုန်းမင်း လက်ထက်မှာ အောက်မြန်မာနိုင်ငံ တစ်ခုလုံးကို အင်္ဂလိပ် လက် ထိုးပေးလိုက်ရတဲ့အတွက် ဒီဆုံးမနည်းဟာ မအောင်မြင် နိုင်ကြောင်း၊ အဲဒီလိုတွေ ဖြေထားတာဗျ။
     တစ်တန်းလုံးက တခိခိနဲ့ရယ်ကြတယ်၊ သူတစ်ကြောင်းဖတ်လိုက်၊ ခိခနဲ ကျိတ်ရယ်လိုက်ကြနဲ့။ ဆရာကတော့ ကျောင်းသားတွေရယ်လေ ဒေါသထွက်နေလေပါပဲ။ ကျောင်းသား ဖတ်သွားပြီးတော့ ဆရာက သူ့ကိုမေးတယ်။ "မင်း ငါ့ကို နောက်တာလား" "ဟာ.......မဟုတ်ပါဘူး ဆရာ၊ ကျွန်တော် မေးခွန်းကို ဖြေတာပါ" ကဲအားလုံး သူဖြေတာကို လက်ခံကြသလား၊ တစ်ယောက်စီ မေးမယ်၊ ကဲ....မင်းကစ၊ သူဖြေတာ မှန်သလား၊
မှားသလား။
     ပထမဆုံး အမေးခံလိုက်ရတဲ့ ရှေ့ဆုံးခုံက ကျောင်းသားဟာ ရုတ်တရက် ဘာဖြေရမှန်း သိပုံမရဘူး။ အဖြေရှင်ကျောင်းသားကို ကြည့်လိုက် ၊ ဆရာ့ကို ကြည့်လိုက် ဘေးဘီကို ကြည့်လိုက်နဲ့။ ကျွန်တော့် စိတ်ထဲမှာတော့ အဲဒီကျောင်းသားရဲ့ အဖြေကိုကြိုက်နေတယ်။ ကျွန်တော်လည်း သူ့လိုခံစားမိတာပဲ။ ဒါပေမယ့် သူ့လို မဖြေတတ်ဘူး။ သူ့လို ထောင့်စေအောင် မမြင်တတ်ဘူး။ ပြီးတော့ သူ့လို မဖြေရဲဘူး။ တစ်တန်းလုံး လိုလိုလည်း ကျွန်တော့်လိုဘဲထင်တယ်။ သူတို့ မျက်နှာတွေကို ကြည့်ရင်သိသာပါတယ်။
ဟေ့ကောင်.......ဖြေလေကွာ ရှေ့ဆုံးက ကျောင်းသားခမျာ တုန်သွားပါတယ်။ အဖြေရှင်ကျောင်းသားကို တစ်ချက်ခိုးကြည့်ပြီး ခေါင်းငုံ့ချ လိုက်တယ်။
     တကယ်တော့ ဆရာကမှန်သလား၊ မှားသလားဆိုတဲ့ မေးခွန်းနှစ်ခုကို မေးနေတယ် ဆိုပေမယ့် အမူအရာ၊ လေသံ၊ ဖန်တီးထားတဲ့ ၀န်းကျင် အငွေ့အသက်တွေက မှားတယ်လို့ ဖြေစမ်း၊ မဖြေရင် ကြိမ်လုံး လို့ပြောပြီးသား ဖြစ်နေပါပြီ။ ဆရာက ကျောင်းသားတွေကို လိမ်နေသလို သူတရားပါတယ် ဖြစ်အောင် သူကိုယ်တိုင်လည်း ပြန်လိမ်နေတာပါ။ ဒါကို အဲဒီကျောင်းသားလည်း သဘောပေါက်ဟန်တူပါရဲ့။ သူဖြေတာ မှားပါတယ် ဟုတ်ပြီ၊ နောက်တစ်ယောက် မှန်....အဲ...မှားပါတယ် နောက်တစ်ယောက် မှားပါတယ်
တစ်ယောက်ပြီးတစ်ယောက် မေးလာလိုက်တာ ကျွန်တော့်အလှည့်ရောက်လာပါတယ်။ ကျွန်တော်
ထရပ်လိုက်ပါတယ်။ အသက် တစ်ချက် ပြင်းပြင်း ရှူလိုက်တယ်။ မှားပါတယ်၊ အဖြေရှင်ကျောင်းသားကို မကြည့်ရဲပါဘူး။ ခေါင်းငုံ့ပြီး ခုံပေါ်က စာအုပ်ကိုပဲ စိုက်ကြည့် နေမိတယ်။ ထူးခြားတာက ကျောင်းသားအားလုံးလည်း ဒီလိုပါပဲ။ 
     လူကုန်သွားတော့ ဆရာက အဲဒီကျောင်းသားကို နောက်ပြောင်မှုနဲ့ အတန်းထဲမှာ ရိုက်ပါတယ်။ ကြိမ်လုံးသံ တစ်ချက်ကြားရတိုင်း ကျွန်တော့် ခန္ဓာကိုယ် တစ်နေရာမှာ နာနာသွားသလိုပဲ။ ကျွန်တော်ကိုယ်တိုင် အရိုက်ခံနေရသလိုပဲ။ တစ်တန်းလုံးလည်း ကျွန်တော့လိုဘဲ ခံစားနေရမှာကပါ။ အဲဒီကျောင်းသားဟာ ကျောင်းပြောင်းသွားပါတယ်။ ကိုယ့်ထင်မြင်ချက်ကို ပွင့်ပွင့်လင်းလင်း ပြောရဲတဲ့ သူငယ်ချင်းတစ်ယောက်ကိုကျွန်တော်တို့ ဆုံးရှုံးလိုက်ပါတယ်။ ဆရာမှာ ဒီလိုတပည့်မျိုး ဆုံးရှုံးလိုက်ပါတယ်။
ကျောင်းမှာ အဲဒီလို ကျောင်းသားမျိုး ဆုံးရှုံးလိုက်ပါတယ်။ အဲဒီက ဆန့်တွေးလိုက်ရင်တော့ နိုင်ငံပေါ့ခင်ဗျာ။ ဒါဆုံးရှုံးမှုပါ။ ဘာဖြစ်လို့ ကျွန်တော်ဟာ ခံစားမှုချင်း တူပါလျှက်နဲ့ သူ့လို မဖြေရဲခဲ့တာလဲ။ ဖြေရဲသူ ရှိလာတာတောင် ကျွန်တော်က ဘာဖြစ်လို့ သူမှန်တယ်လို့ မပြောရဲခဲ့တာလဲ။ အာရုံထဲမှာတော့ ငယ်စဉ်ကတည်းက ကြုံကြိုက် ဆုံစည်းခဲ့ရတဲ့ ကြိမ်လုံးတွေ၊ ကြိမ်လုံးတွေ၊ ကြိမ်လုံးတွေ.........။ ခက်ထန်တဲ့ အမူအရာတွေ။ ။
     အဲဒီလို ကျွန်တော်တို့ရဲ့သွေးထဲမှာ အကြောက်မျိုးစေ့တွေ ပွားများလာပြီး အရွယ်ရလာတာနဲ့အမျှ ကြောက်သီးတွေ တတွဲတွဲ၊ ကြောက်ပွင့်တွေ တဝေေ၀နဲ့။ လုပ်ငန်းခွင်ထဲမှာ ပြုပြင် ပြောင်းလဲဘို့ လိုအပ်တဲ့ ပြသနာတွေ၊ အခက်အခဲတွေ ရှိရင်လည်း ကျွန်တော်ဘာမှ မပြောရဲဘူး။ အပြုဘက်က မြင်ပြီးပြောင်းလဲပစ်လိုက်ရင် အကျိုးရှိမယ်ဆိုတာ သေသေချာချာကြီး သိမြင်နေပါလျှက်ကနဲ့ အထက် လူကြီးမကြိုက်မှာစိုးလို့ ကျွန်တော်ဘာမှ အကြံမပြုရဲဘူး။ ကျွန်တော့ဆီက အကြံ၊ အတွေး၊ အမြင်၊ သဘောထားတွေကိုလည်း ဘယ်သူကမှ မတောင်းကြဘူးလေ။
     သင်ခဲ့ရတဲ့ ပညာတွေ စာအုပ်ထဲ ပြန်သွားလည်း သွားပေရော့ပေါ့။ ဟောဒီ ပရောဂျက်ဟာ ဘယ်နေရာမှာ မှားနေတယ်လို့ ကျွန်တော် မြင်ပေမယ့် ဒါဟာ ပြောရမယ့် ကိစ္စလို့ ကျွန်တော် မထင်တော့ဘူး၊ တဖြည်းဖြည်းနဲ့ အဲဒါ ကျွန်တော်မှန်တယ်လို့ ထင်လာတယ်။ ကျွန်တော့အထက် အဆင့်ဆင့်၊ အောက်အဆင့်ဆင့်က လူတွေအာလုံးက ဒါကို မှန်တယ် ထင်လာကြရင်ဖြင့်......ဌာန မနာဘူးလား တိုင်းပြည်မနာဘူးလား၊ ပညာရပ်အမြင်နဲ့ ကြည့်ရင် တစ်ကမ္ဘလုံးနဲ့ လူသားအားလုံး နာပါတယ်။ ဒါပေမယ့်....... ကျွန်တော်
အိမ်ပြန်ရောက်တော့ အကြီးကောင်ရဲ့ ငိုသံပြဲကြီးကို ကြားရပါတယ်။
သူ့အမေ လက်ထဲမှာ တုတ်တစ်ချောင်းနဲ့.......
"ဘယ်လိုဖြစ်နေကြတာလဲကွာ" "ဘယ်လိုဖြစ်ရမလဲ၊ တော့်သားက အိမ်စာပြီးအောင် မလုပ်ဘဲ ကမြင်းတာလေ၊ ပန်းကန်တစ်လုံး ကွဲပြီ"  "ဘာဖြစ်လဲကွ၊ ကလေးဆိုတာ ဒီအရွယ်မှာ.................................."
"တော်...... စာအုပ်ထဲက ဟာတွေလာပြောမနေနဲ့၊ ပန်းကန်တစ်လုံး ဘယ်လောက် အောက်မေ့လို့လဲ၊ ရှင့် ၀င်ငွေက ဘယ်လောက်..............................." 
ရွယ်ထားတဲ့ တုတ်အောက်ကနေပြီး သားကြီးက အကြောက် မျက်လုံးများနဲ့ ကျွန်တော့်ကို အားကိုးတကြီး ကြည့်နေရှာပါတယ်။ ဒါပေမယ့် ဖေဖေ့မျက်လုံး တွေကလည်း သားရဲ့ မျက်လုံးတွေလိုဘဲ ဖြစ်နေတာ ကြာပါပြီကောလား သားရယ်.......။
                                                                                                                                           မောင်သစ်ဆင်း
Sunday 17 June 2012
ဖြေကြည့်ရအောင် 2
ကျွန်တော်လည်း စာမေးပွဲတွေ ပြီးတော့မယ်ဆိုတော့ ပျင်းပျင်းရှိလာတယ်ဗျ
ဒီတော့ ကျွန်တော် ဥာဏ်စမ်းလေး တစ်ခုလောက် မေးကြည့်မယ် 
သိပြီးသားလူတွေကတော့ သည်းခံပေးကြပါ ... :)
ဒီဥာဏ်စမ်းက အမေရိကန် Harvard တက္ကသိုလ်ရဲ့ ၂၀၀၁ခုနှစ်မှာ Institute of
Science ဂုဏ်ထူးတန်းကိုမေးတဲ့ မေးခွန်းလိုဆိုထားပါတယ်။
မေးခွန်းက အကယ်၍
၁= ၅
၂= ၂၅
၃= ၁၂၅
၎= ၆၂၅
၅= ?
လူတော်တွေတက်တဲ့ ဟားဗတ်ရဲ့မေးခွန်းကို ဖြေကြည့်ကြရအောင်...သူငယ်ချင်းတို့အားလုံးမှာ ဟားဗတ် တက်နိုင်
တဲ့ အရည်အချင်းရှိကြပါတယ်။
Friday 15 June 2012
“စစ်နှင့် စစ်သား”
စစ်ပွဲဟူသည် နိုင်ငံရဲ့ဝါဒကို တစ်နည်းတစ်ဘာသာအားဖြင် ဆက်လက်
အကောင်အထည်ဖော် ကျင့်သုံးခြင်းသာဖြစ်သည်။နိုင်ငံတစ်ခုသည်
မိမိရဲ့ ၀ါဒလမ်းစဥင်္အရ အခြားတိုင်းပြည် တစ်ပြည်ကို လွှမ်းမိုးရန် ကြိုးပမ်းရာတွင်
အခြားနည်းလမ်းဖြင့် မအောင်မြင်သောအခါ လက်နက်အင်အားဖြင့်ဖိ လာတက်သည်။
ထိုနည်းအတူ နိုင်ငံေ၇း အဖွဲ့ အစည်းတစ်ခုသည် မိမိရဲ့ ၀ါဒလမ်းစဥင်္အရ တိုင်းပြည်
အတွင်း လွှမ်းမိုးရန် ကြိုးပမ်းရာ အခြားနည်းလမ်းဖြင့် မအောင်မြင်သောအခါ ထိုတိုင်းပြည်
အစိုးရအား လက်နက်အားကိုးဖြင့် ဖြုတ်ချရန် ကြိုးစားလာတက်သည်။
ထိုအခါ စစ်ပွဲဟူသည် ပေါ်ပေါက်လာရသည်။
မည်သို့ ပင်ဖြစ်စေ စစ်ပွဲ စပြီဆိုသည်နှင့် ပထမဆုံးသော ကျည်ဆန်သည်
ထိုတိုင်းပြည်၏ စစ်သားအား ချိန်ရွယ်ပီး ပစ်လွှတ်လိုက်ခြင်းပင် ဖြစ်သည်။
ထို့ ကြောင့် အရေးအခင်းကို ဦးဆုံးပြေးပီး တွေ့ ရသူသည် စစ်သားပင် ဖြစ်ရသည်။
ထိုစစ်သားအဖို့ မှာတော့ မည်သူက မှားသည်၊ မည်သူက မှန်သည်ဟူသော အချက်သည်
ပြသနာမဟုတ်ပါ။မဟုတ်နိုင်တော့ပါ။
ထိုစစ်သားသိဖို့ ၊ နားလည်ဖို့ ၊ ယုံကြည်ဖို့  တစ်ခုသာရှိသည်။ အဲဒါက မှားသည်ဖြစ်စေ၊
မှန်သည်ဖြစ်စေ ငါ၏ တိုင်းပြည်နှင့် ငါ၏ တပ်မတော်အောင်နိုင်ရေးပဲဖြစ်သည်။
                                                                                                         (တိုင်းပြည်ကနုနု မုန်တိုင်းကထန်ထန်)
Sunday 20 May 2012
ဖြေကြည့်မလား ?
နေ ကျချိန်ညနေခင်း တစ်ခုမှာပေါ့ဗျာ ကျောင်းပရိဝုဏ်ထဲမှာတော့ စာအံသံလေးတွေညံညံစီစီနဲ့ ပေါ့ ။
ဒုတိယတန်း စာသင်ခန်းတစ်ခုထဲမှာ ဆရာက ကလေးတွေကို ကျောင်းဆင်းခါနီး အချိန် ဗဟုသုတအနေနဲ့   
ကမ္ဘာမြေကြီးအကြောင်းပြောပြနေတဲ့ အချိန်ပေါ့။  
“ဒီကမ္ဘာကြီးရဲ့ အလေးချိန်က ဘယ်လောက်လောက်ရှိလဲ ဆရာကြီး” 
မေးခွန်းတစ်ခု ဒုတိယတန်းကျောင်းသား ချာတိတ်က မေးတယ်။ ဆရာလုပ်သူခဗျာ နည်းနည်းတော့ နင်သွား
တာတယ် ရုတ်တရက်ဆိုတော့ ဘယ်ဖြေနိုင်မှာလည်း  ဒါပေမဲ့  ဆရာက  ဆရာပါပဲ ...  :)
 သူသင်ကြားလာခဲ့ရတဲ့ ပညာရေး နည်းစနစ်များထဲက အကောင်းဆုံး နည်းလမ်းကို ထုတ်သုံးလိုက်ပါတယ်။
“ဒီမေးခွန်းက အင်မတန် စိတ်ဝင်စား စရာကောင်းတဲ့  မေးခွန်းပဲ ၊ ကဲ..ဒီတော့ မနက်ဖြန်ကျရင် 
ဒီမေးခွန်းကို  ဘယ်သူ ဖြေနိုင်မလဲဆိုတာ ကြည့်ကြ ရအောင်”
ဆရာဖြစ်သူ ပုစ္ဆာကို ဖြေရှင်းနိုင်မဲ့ နည်းလမ်းလေးကို လျှပ်တပြတ်လေး စဉ်စားလိုက်တာပါ ။ ဘာပဲဖြစ်ဖြစ်
သူ့ တပည့်တွေရှေ့ မှာတော့ သူ့ ရင်တွေ ကော့နေချင်သေးတာပေါ့ ။ ဒီလိုနဲ့  ညနေ ကျောင်းဆင်းချိန်
ကြိုးစားပန်းစား  ရှာဖွေ ဖတ်ရှုပြီးတော့  သူ အဖြေကို တွေ့သွားပါသည်။ လန်းဆန်းတဲ့ အပြုံးတွေနဲ့ အတူ ။
နောက်တစ်နေ့  ကျောင်းတက်ချိန်မှာတော့ ဆရာဖြစ်တဲ့သူ ကျောင်းသားတွေရှေ့  မတ်မတ်ကြီး ရပ်ပြီးတော့
“ကမ္ဘာကြီးရဲ့ အလေးချိန်ကို သိခဲ့ကြပြီလား တပည့်တို့ ”
ကလေးတွေဆိုတာက ကျောင်းကပြန်ရောက်တာနဲ့ လွယ်အိတ်ကို တိုင်မှာချိတ်ပြီး ကမျင်းကြတဲ့
အမျိုးဆိုတော့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက် ဆရာ့ကိုကြည့်လိုက်နဲ့   ဖြေနိုင်သူ နတ္တိ ။
အဲ့အချိန်ကြတော့မှ ဆရာဖြစ်သူဟာ မိန့် မိန့် ကြီးပြုံးလိုက်ပြီး သူ ကြိုးစားပမ်းစား ရှာဖွေတွက်ချက်လာတဲ့
အဖြေကို ဂုဏ်ယူဝံ့ကြွားစွာနဲ့  ပြောပြလိုက်တယ် ...
“  #$%@  #!% ”
သူရဲကောင်း တစ်ယောက်ကိုမြင်လိုက်ရသလို ကလေးတွေရဲ့ လေးစားတဲ့ အကြည့်တွေနဲ့ ၊ ဆရာ့ရဲ့ ပြုံးရွှင်နေ
တဲ့မျက်နှာနဲ့  ၊စာသင်ခန်းလေးဟာ တဒင်္ဂလေး ငြိမ်သက်သွားခဲ့တယ်။တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်တာက
ကမ္ဘာကြီး ဘယ်လောက်လေးလည်းဆိုတဲ့  မေးခွန်းထုတ်ခဲ့တဲ့ အမောင်ကျောင်းသားကြီးပဲပေါ့။
 သူရဲ့ လက်ညှိုးလေးထောင်ပြီးမေးလိုက်တဲ့ မေးခွန်းကြောင့် 
ဆရာဖြစ်သူခဗျာ ထိုင်ခုံပေါ် အရုပ်ကြိုးပြတ်။
 မေးလိုက်ပုံက ... .. .
 “အဲဒါ လူတွေ အပါအ၀င်လား၊ လူတွေ မပါဘဲနဲ့လား ဆရာကြီး”    
 “ တိန် ”
Sunday 13 May 2012
ကလေးအတွေး :)
ယုန်ကလေးက နားရွက်ထောင် .. ပညာရှိယောင်ဆောင် ~~~
ကြောင်ကလေးက လက်သည်းဝှက် .. ချောင်းလိုက်ရတဲ့ကြွက် ~~~
ရွှေဇီးကွက်ရဲ့ အိနြေ္ဒ .. ဘုရင်ကြီးလိုနေ ~~~
မိုးလေ၀သဗေဒင်ဟော .. တောက်တဲ့ ကိုလူချော ~~~
ပြောတိုင်းယုံတဲ့ ပုတ်သင်ညို .. ခေါင်းညိမ့်လှသကို ~~~
ရွှေကျီးညို သာပါစ .. ဧည့်သည်လာပါစ ~~~~~
မေမေဆိုပြဘူးတဲ့ ကဗျာတစ်ချို့ တစ်လေ၊ ပုံပြင် တစ်ပိုင်းတစ်စလေးတွေနဲ့   အပူအပင်မရှိတဲ့ 
ကလေးဘ၀လေးကို တစ်ခါတစ်လေ တမ်းတမိရုံလေးပါပဲ ဒီထက်ဘာမှမပိုခဲ့ပါဘူး ... ... ... ။
တစ်ကယ်လိုများ ဒီကဗျာလေးထဲကလို လူလောကကြီးမှာလည်း ဟန်ဆောင်မှုတွေ
လှည့်စားမှုတွေ အမှန်တကယ်ရှိမှန်း ငယ်ငယ်ကတည်းက သိခဲ့ရင် 
ကျွန်တော် ...   ...   ...
 လူကြီးဖြစ်ချင်ခဲ့မှာ မဟုတ်ဘူး ... ... ... ။                          ။
Friday 11 May 2012
သ၀န်တိုစိတ် ...
ကိုယ်ချစ်တဲ့သူတယောက်က နောက်တယောက်နဲ့ပျော်နေတာမြင်ရင်
စိတ်ထဲမှာ သ၀န်တိုမိမှာပဲ ....
ကိုယ်မြတ်နိုးတဲ့သူတွေကို သူများတွေက အပြောင်အပျက် ပြောနေရင်
စိတ်ထဲမှာ သ၀န်တိုမိတာပါပဲ ....
ဒါပေမယ့် တွေးကြည့်ဖူးသလား ....
သ၀န်တိုခြင်းဆိုတာ သင်တို့ချစ်ခြင်းရဲ့ ခိုင်မြဲမှုကို ပါးပါးလေး ကပ်လှီးနေတဲ့
ဘလိတ်ဓားတချောင်းဆိုတာ ....
သ၀န်တိုခြင်းရဲ့ တခြားဘက်မှာ ဘာရှိမယ်လို့ သင်တွေးဖူးလဲ ...
အရာရာတိုင်းမှာ Limit ဆိုတာရှိတယ် ....
သိပ်ချစ်လို့ သိပ်သ၀န်တိုတယ် ...
ဖြစ်တတ်တဲ့သဘောတရားတခုပါ ...
မည်သူတဦးတယောက်ကိုမျှ သ၀န်မတိုပါနဲ့လို့ မတားပါဘူး ....
ဒါပေမယ့် တခြားတဖက်မှာ ကိုယ့်ချစ်သူရဲ့ ဂုဏ်သိက္ခာကို ထပ်တူထပ်မျှ
စော်ကားနေတယ်ဆိုတာ သိဖို့လိုအပ်မယ်ထင်ပါရဲ့ ....
ချစ်တဲ့သူတိုင်းကိုပျော်ရွှင်စေချင်ပါတယ် ....
ဘာလို့များ တကွက်ကျော် ... ဒါမှမဟုတ် တကွက်နောက်ကျပီး
မတွေးတတ်ရတာလဲ ..
သိပ်ချစ်လို့လို့တော့ ခေါင်းစဉ်မတပ်ပါနဲ့လား ...
ထိုအရာက သိပ်ချစ်လို့မဟုတ်ပါဘူး ...
သင့်အချစ်အပေါ် သင်သံသယ၀င်နေတာပါ ....
မိမိကိုယ်ကို မလုံခြုံခြင်းက သင့်ချစ်သူကို သင့်အနားကနေ
အဝေးကိုခေါ်သွားစေတယ်ဆိုတာ လူတိုင်းသိသင့်တယ်ထင်ပါတယ် ...
                                                                                                                               By:  Matsuri Pan
Sunday 22 April 2012
ကျွန်တော်နဲ့  A-levels မေးခွန်း ၄ ခု
ဒီမေးခွန်း ၄ခုကို website တစ်ခုမှာ မြင်ဖူးတာ တော်တော်ကြာပြီး ။ A-levels ကို ကျွန်တော် မဖြေဖူးတော့ အဲဒါ တစ်ကယ့် မေးခွန်းပုံစံလား ၊ ဒီလိုမေးခွန်းတွေ တကယ်မေး တတ်လား ဆိုတာတော့ ကျွန်တော် မသိဘူး ။ ခွင့်ပြုချိန်က ၁ မိနစ် ဆိုတော့ မဖြစ်နိုင် ဘူးလို့  ထင်တာပဲ ။ တကယ့် မေးခွန်းသာဆို တော်တော် မလွယ်တာပဲ ။
ဒီမေးခွန်း ၄ ခု ကို သတ်မှတ်ထားတဲ့ အချိန် ၁ မိနစ်ထက် အများကြီး ကျော်ပြီး ကျွန်တော် စဉ်းစားခဲ့ ပေမဲ့ စိတ်တိုင်းကျတဲ့ အဖြေ တစ်ခုမှ မရခဲ့ဘူး ။ အဖြေတွေ ကလဲ မပါတော့ ကိုယ့်ဘာသာ ကိုယ် ခန့် မှန်း ထားတဲ့ အဖြေတွေက မှန်လားမသိ ၊ မှားလားမသိနဲ့  တော်တော် ခေါင်းစားခဲ့တယ် ။
ပြီးခဲ့တဲ့ တစ်ပတ် လောက်က website တစ်ခုမှာ ဒီမေးခွန်းတွေကို အဖြေတွေနဲ့  တွေ့ လိုက်လို့  အဖြေတွေကို အောက်မှာ တင်ထားတယ် ။ မေးခွန်းတွေကို ကိုယ့်ဘာသာ ကိုယ် အရင် ဖြေကြည့် ကြပြီးမှ အောက်က အဖြေကို ကြည့်ကြပါ ။
ကျွန်တော်ကတော့ ဒီလိုတွေဖြေထားတယ်ဗျာ အဖြေမှန်တွေက ဟိုးအောက်ဆုံးမှာနော် ကျွန်တော်ဖြေထားတာတွေကို အဖြေမှန်ထင်နေဦးမယ် .. :PP
မေးခွန်း နံပတ် ၁ အတွက် ကျွန်တော့် အဖြေက...
ကျွန်တော်ရဲ့  စဉ်းစားပုံက...
မေခွန်း နံပတ် ၁ ကို မြင်တာနဲ့  ၆ ခုမြောက် ကွက်လပ်က T ဖြစ်ရမယ် လို့  ကျွန်တော် တန်းတွေး လိုက်တယ် ။ ဘာလို့  အဲဒီလို တွေးမိ လိုက်တာလဲ ဆိုတော့ မေးခွန်းမှာ logical way လို့  ပြောထားတယ်လေ ။ T က ကွက်လပ် တစ်ခုကျော်စီမှာ ရှိနေတော့ ၆ ခုမြောက်က T ဖြစ်ရမှာပေါ့ ။ ကျန်တဲ့ ကွက်လပ် ၂ ခုကိုတော့ တော်တော်နဲ့  စဉ်းစားလို့  မရဘူး ။ M နဲ့  W ကြားမှာ စာလုံး ၉ လုံးခြားပြီး W နောက်မှာက စာလုံး ၃ လုံးပဲ ကျန်နေတော့ စာလုံး အရေအတွက်နဲ့  ခြားထားတာလဲ မဖြစ်နိုင်ဘူး ။ နောက်ဆုံး စဉ်းစားမိ တာက M ကို ပြောင်းပြန် လုပ်လိုက်ရင် W ရတယ်လေ ။ M နဲ့  W ကို ပြောင်းပြန် လုပ်ပြီး T နဲ့  ခြားပြီး တစ်ခုကျော် စီ ထည့်ထားတာ ဖြစ်မယ်လို့  တွေးပြီး အပေါ်က အဖြေကို စဉ်းစား မိတယ် ။ တခြား ဖြစ်နိုင်တဲ့ အဖြေတွေကိုလဲ စဉ်းစားလို့  မရတာနဲ့  အဲဒါကိုပဲ အဖြစ် နိုင်ဆုံးလို့  သတ်မှတ် လိုက်တယ် ။
မေးခွန်း နံပတ် ၂ အတွက် ကျွန်တော့် အဖြေက...
ကျွန်တော်ရဲ့  စဉ်းစားပုံက...
စိတ်နဲ့  ဟိုနေရာမှာ မျဉ်းကြောင်းလေး ခြစ်ကြည့်လိုက် ၊ ဒီနေရာမှာ ခြစ်ကြည့် လိုက်နဲ့  ကျွန်တော် အချိန်တော်တော် ကြာအောင် စဉ်းစားပါတယ် ။ ညီမျှခြင်းရဲ့  ဟိုဖက်နဲ့  ဒီဖက်ကို ညီအောင်ညှိုဖို့  ဘယ်လိုမှ စဉ်းစားလို့  မရတဲ့ အဆုံး ၊ အပေါ်က အဖြေကို အဖြစ်နိုင်ဆုံး အဖြေလို့  ကျွန်တော် သတ်မှတ်လိုက်တယ် ။
မေးခွန်း နံပတ် ၃ အတွက် ကျွန်တော့် အဖြေက...
ကျွန်တော်ရဲ့  စဉ်းစားပုံက...
မေးခွန်းမှာ Write anything ဆိုပေမဲ့ အပေါ်က မေးခွန်းတွေ ပုံစံအရ ကိုယ်ကြိုက်တာ တစ်ခုခုကို ရေးလို့  ပြောတာတော့ မဖြစ်နိုင်ဘူး ။ Anything ဆိုတဲ့ စာလုံးကို ရေးခိုင်းတာ ဖြစ်မယ် ။ အဲဒီလိုမှ မဟုတ်ပဲ ကိုယ်ကြိုက်တာ ကိုယ်ရေး ဆိုရင်လဲ anything ဆိုတဲ့ စာလုံးကို ရေးလိုက်တာ မမှားဘူးလေ ။ အဲဒါနဲ့  အပေါ်ကအဖြေကို အဖြစ်နိုင်ဆုံး အဖြေလို့  သတ်မှတ်လိုက်တယ် ။
မေးခွန်း နံပတ် ၄ အတွက် ကျွန်တော့် အဖြေက...
ကျွန်တော်ရဲ့  စဉ်းစားပုံက...
လိုင်း ၃ လိုင်းနဲ့  လေးထောင့်ပုံ ရအောင်ဆွဲဖို့  ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး ။ လေးထောင့်ပုံ ရဖို့  က လိုင်း ၄ လိုင်း ရှိမှ ရမှာလေ ။ အဲဒီတော့ မေးခွန်း အောက်မှာ ဘောင်ခတ်ထားတဲ့ လိုင်းကို အောက်ခံထားပြီး ဆွဲလိုက်တယ် ။ အပေါ်က အဖြေမှာတော့ ကျွန်တော် ဆွဲတဲ့ လိုင်း ၃ လိုင်းကို မြင်သာအောင် အရောင် မတူတာနဲ့  ဆွဲထားလို့  လေးထောင့်ပုံ မဟုတ်သလို ဖြစ်နေတာ ၊ အောက်ကလိုင်းနဲ့  အရောင်တူအောင်ဆွဲလိုက်ရင် လေးထောင့်တုံး ပုံရတယ်လေ ။
အဲဒါတွေကတော့ ကျွန်တော် စဉ်းစားမိတဲ့ အဖြေတွေပဲ ၊ ကျွန်တော် ဘယ် နှစ်ခု မှန်မယ် ထင်သလဲ ။ အောက်က အဖြေမှန် တွေနဲ့  တိုက်ကြည့်ပါ ။
ကျွန်တော် ဘယ်နှစ်ခု မှန်တယ် ဆိုတာ မြင်ကြတဲ့ အတိုင်းပဲ ။ ကျွန်တော်ကပဲ ညံ့တာလား ၊ မေးခွန်းတွေ ကပဲ ခက်တာလား တော့မသိဘူး ။ ဒီမေးခွန်း တွေရဲ့  အဖြေတွေကို သိနေတဲ့ သူဆိုရင်တော့ ကျွန်တော် စဉ်းစားတဲ့ ပုံကို ကြည့်ပြီး ရယ်လွန်းလို့  သေနိုင်တယ်... xD
 သူငယ်ချင်းတို့ ရော ဘယ်နှစ်ခု မှန်လဲ... ... :)
ဒုတိယဆိုဒ်မှ ကူးယူတင်ပြပါသည် ... ။