Search This Blog
Sunday 20 May 2012
ဖြေကြည့်မလား ?
နေ ကျချိန်ညနေခင်း တစ်ခုမှာပေါ့ဗျာ ကျောင်းပရိဝုဏ်ထဲမှာတော့ စာအံသံလေးတွေညံညံစီစီနဲ့ ပေါ့ ။
ဒုတိယတန်း စာသင်ခန်းတစ်ခုထဲမှာ ဆရာက ကလေးတွေကို ကျောင်းဆင်းခါနီး အချိန် ဗဟုသုတအနေနဲ့   
ကမ္ဘာမြေကြီးအကြောင်းပြောပြနေတဲ့ အချိန်ပေါ့။  
“ဒီကမ္ဘာကြီးရဲ့ အလေးချိန်က ဘယ်လောက်လောက်ရှိလဲ ဆရာကြီး” 
မေးခွန်းတစ်ခု ဒုတိယတန်းကျောင်းသား ချာတိတ်က မေးတယ်။ ဆရာလုပ်သူခဗျာ နည်းနည်းတော့ နင်သွား
တာတယ် ရုတ်တရက်ဆိုတော့ ဘယ်ဖြေနိုင်မှာလည်း  ဒါပေမဲ့  ဆရာက  ဆရာပါပဲ ...  :)
 သူသင်ကြားလာခဲ့ရတဲ့ ပညာရေး နည်းစနစ်များထဲက အကောင်းဆုံး နည်းလမ်းကို ထုတ်သုံးလိုက်ပါတယ်။
“ဒီမေးခွန်းက အင်မတန် စိတ်ဝင်စား စရာကောင်းတဲ့  မေးခွန်းပဲ ၊ ကဲ..ဒီတော့ မနက်ဖြန်ကျရင် 
ဒီမေးခွန်းကို  ဘယ်သူ ဖြေနိုင်မလဲဆိုတာ ကြည့်ကြ ရအောင်”
ဆရာဖြစ်သူ ပုစ္ဆာကို ဖြေရှင်းနိုင်မဲ့ နည်းလမ်းလေးကို လျှပ်တပြတ်လေး စဉ်စားလိုက်တာပါ ။ ဘာပဲဖြစ်ဖြစ်
သူ့ တပည့်တွေရှေ့ မှာတော့ သူ့ ရင်တွေ ကော့နေချင်သေးတာပေါ့ ။ ဒီလိုနဲ့  ညနေ ကျောင်းဆင်းချိန်
ကြိုးစားပန်းစား  ရှာဖွေ ဖတ်ရှုပြီးတော့  သူ အဖြေကို တွေ့သွားပါသည်။ လန်းဆန်းတဲ့ အပြုံးတွေနဲ့ အတူ ။
နောက်တစ်နေ့  ကျောင်းတက်ချိန်မှာတော့ ဆရာဖြစ်တဲ့သူ ကျောင်းသားတွေရှေ့  မတ်မတ်ကြီး ရပ်ပြီးတော့
“ကမ္ဘာကြီးရဲ့ အလေးချိန်ကို သိခဲ့ကြပြီလား တပည့်တို့ ”
ကလေးတွေဆိုတာက ကျောင်းကပြန်ရောက်တာနဲ့ လွယ်အိတ်ကို တိုင်မှာချိတ်ပြီး ကမျင်းကြတဲ့
အမျိုးဆိုတော့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက် ဆရာ့ကိုကြည့်လိုက်နဲ့   ဖြေနိုင်သူ နတ္တိ ။
အဲ့အချိန်ကြတော့မှ ဆရာဖြစ်သူဟာ မိန့် မိန့် ကြီးပြုံးလိုက်ပြီး သူ ကြိုးစားပမ်းစား ရှာဖွေတွက်ချက်လာတဲ့
အဖြေကို ဂုဏ်ယူဝံ့ကြွားစွာနဲ့  ပြောပြလိုက်တယ် ...
“  #$%@  #!% ”
သူရဲကောင်း တစ်ယောက်ကိုမြင်လိုက်ရသလို ကလေးတွေရဲ့ လေးစားတဲ့ အကြည့်တွေနဲ့ ၊ ဆရာ့ရဲ့ ပြုံးရွှင်နေ
တဲ့မျက်နှာနဲ့  ၊စာသင်ခန်းလေးဟာ တဒင်္ဂလေး ငြိမ်သက်သွားခဲ့တယ်။တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်တာက
ကမ္ဘာကြီး ဘယ်လောက်လေးလည်းဆိုတဲ့  မေးခွန်းထုတ်ခဲ့တဲ့ အမောင်ကျောင်းသားကြီးပဲပေါ့။
 သူရဲ့ လက်ညှိုးလေးထောင်ပြီးမေးလိုက်တဲ့ မေးခွန်းကြောင့် 
ဆရာဖြစ်သူခဗျာ ထိုင်ခုံပေါ် အရုပ်ကြိုးပြတ်။
 မေးလိုက်ပုံက ... .. .
 “အဲဒါ လူတွေ အပါအ၀င်လား၊ လူတွေ မပါဘဲနဲ့လား ဆရာကြီး”    
 “ တိန် ”
4 comments:
  1. အမ ဖြေသွားပေးမယ် ဆရာဖြေရခက်နေတယ် ထင်တယ်.. တိန်
    လူပါရင် နံတယ်.. ဟီး
    ReplyDelete
  2. သူငယ်ချင်း ရေး သီချင်းလေးကြိုက်တယ် ဆင်ပေါက်ဆိုတယ်ဆိုတာတော့သိတယ်ဗျ ဒါပေမယ့် မတွေ့လို့ အဆင်ပြေနိုင်မယ်ဆိုရင် lwanpaishin@gmail.com ကို တစ်စိတ်လောက်ပို့ပေးပါလား ခင်ဗျာ
    ReplyDelete
  3. အော်.. အဖြေက "တိန်" ပဲဖြစ်မယ်ထင်တယ်နော်.. (း
    ReplyDelete
ဖြတ်သန်းမှုများထဲမှာ အတွေ့အကြုံသာမရရှိဘူးဆိုလျှင်
ကျွန်ုပ်တို့သည် ကလေးများသာဖြစ်မည်ထင်သည် ... :)