Search This Blog

Showing posts with label သူတို့  ကဗျာ. Show all posts
Showing posts with label သူတို့  ကဗျာ. Show all posts

Monday, 12 November 2012

ရင်ကိုငြိတဲ့ ကြိုး

.................
.................
 ငါ့ဆီ ငါပြန်ရောက်ပါတော့မလား
မြေပုံကြမ်း ကြည့်ပြီး
လှမ်းလျှောက်နေရတာ......မောလှပြီ၊၊

ငါ့ကို ယုံပါ၊၊
ငါဟာ....
လမ်းကူးရင်တောင်
မျဉ်းကြားက ဖြတ်ကူးတတ်တဲ့
ခွေးလေခွေးလွင့်တစ်ကောင်ပါ၊၊

ငါ.....မပစ်ခတ်ခဲ့ပါဘူး
လေးကြိုးဆွဲရင်း
လက်ထဲက လွတ်ထွက်သွားတာပါ....
ငါ့ကို......ယုံပါ ၊၊

လူတွေဆီက မတောင်းခဲ့ပါဘူး
ဘုရားက မပေးဘူးဆိုရင်တောင်
ဘုရားဆီကပဲ တောင်းခဲ့သူပါ
ငါ့ကို ယုံပါ ၊၊

(ဖိနပ် မစီးထားတဲ့ ကလေးငယ်လိုပဲ.....
 ဘယ်သူကမှ...
 အိမ်ထဲဝင်ဖို့ ငါ့ကို မဖိတ်ချင်ကြဘူး....)

လက်တစ်ဖက်နဲ့
ခေါ်လို့မရတဲ့ ကောင်းကင်
လက်နှစ်ဖက်နဲ့လှမ်းခေါ်တော့လည်း
အရာမထင်ဘူး ၊၊

ငါ......တတ်တဲ့ မြေကြီးစကားနဲ့
ကောင်းကင်ကြီးကို နားလည်အောင်
ပြောမပြနိုင်ခဲ့ဘူးလေ.......၊၊   ၊၊

တာရာမင်းဝေ ရဲ့ကဗျာလေးပါ။ မွန်းကျပ်တဲ့

.................
.................
 ငါ့ဆီ ငါပြန်ရောက်ပါတော့မလား
မြေပုံကြမ်း ကြည့်ပြီး
လှမ်းလျှောက်နေရတာ......မောလှပြီ၊၊

ငါ့ကို ယုံပါ၊၊
ငါဟာ....
လမ်းကူးရင်တောင်
မျဉ်းကြားက ဖြတ်ကူးတတ်တဲ့
ခွေးလေခွေးလွင့်တစ်ကောင်ပါ၊၊

ငါ.....မပစ်ခတ်ခဲ့ပါဘူး
လေးကြိုးဆွဲရင်း
လက်ထဲက လွတ်ထွက်သွားတာပါ....
ငါ့ကို......ယုံပါ ၊၊

လူတွေဆီက မတောင်းခဲ့ပါဘူး
ဘုရားက မပေးဘူးဆိုရင်တောင်
ဘုရားဆီကပဲ တောင်းခဲ့သူပါ
ငါ့ကို ယုံပါ ၊၊

(ဖိနပ် မစီးထားတဲ့ ကလေးငယ်လိုပဲ.....
 ဘယ်သူကမှ...
 အိမ်ထဲဝင်ဖို့ ငါ့ကို မဖိတ်ချင်ကြဘူး....)

လက်တစ်ဖက်နဲ့
ခေါ်လို့မရတဲ့ ကောင်းကင်
လက်နှစ်ဖက်နဲ့လှမ်းခေါ်တော့လည်း
အရာမထင်ဘူး ၊၊

ငါ......တတ်တဲ့ မြေကြီးစကားနဲ့
ကောင်းကင်ကြီးကို နားလည်အောင်
ပြောမပြနိုင်ခဲ့ဘူးလေ.......၊၊   ၊၊

တာရာမင်းဝေ ရဲ့ကဗျာလေးပါ။ မွန်းကျပ်တဲ့ ပစ္စုပ္ပန် ရဲ့ ထွက်ပေါက်ဖြစ်ပြီး လွတ်မြောက်ရာရဲ့ ၀င်ပေါက်ပေါ့....

                                                                                    
                                                                                     (တာရာမင်းဝေ)
ပစ္စုပ္ပန် ရဲ့ ထွက်ပေါက်ဖြစ်ပြီး လွတ်မြောက်ရာရဲ့ ၀င်ပေါက်ပေါ့....
                                                                                    
                                                                                     (တာရာမင်းဝေ)

Wednesday, 14 March 2012

ဟိုးးးးး ရှေးရှေးတုန်းက

ငါသဘောကျတဲ့
နတ်သမီးလေးတစ်ပါးရှိတယ်
အဲ့နတ်သမီးလေးက...လမ်းကူးတာတောင်
မျဉ်းကြားကပဲကူးတဲ့
စည်းကမ်းရှိစနစ်ကျသူဖြစ်တယ်...
ဒီလိုနဲ့
ငါလမ်းကူးတိုင်းမျဉ်းကြားကပဲကူးဖြစ်တော့တယ်....

အဲ့ဒီနတ်သမီးလေးကအပျင်းလဲ
ထူသေးတယ်ဆိုပဲ......

မျက်လုံးပြူးပြုးလေးနဲ့ဆိုတော့
ငါ့မှာငှက်မျက်ပြူးလေးတွေတွေ့ တိုင်းသတိရရတယ်....

ခိုးခိုးကြည့်ရတဲ့ဓါတ်ပုံတွေထဲ
နင့်ကိုပြောချင်တာကနတ်သမီးလေးရယ်
....   ....   ....   ....

....   ....   ....   ....

ဒီလိုနဲ့ငါဘာမှမပြောဖြစ်လိုက်ပါဘူး.....

နင်ကRapသီချင်းတွေမကြိုက်ဘူးဆိုတာနဲ့
ဘာမှမဆိုင်ဘဲငါRapperတွေကိုကြည့်မရဖြစ်တတ်တယ်...

နင့်ကိုကိုက်တဲ့ခြင်တွေကိုမုန်းရင်းနဲ့
ခြင်ဆေးကြော်ငြာတွေကြိုက်လာခဲ့တယ်...



နင်ပြောခဲ့တဲ့...
ဘ၀မှာအချစ်ဆိုတာဘယ်နှရာခိုင်နှုန်း(%)
အရေးပါလို့လဲ..ဦးနှောက်နဲ့စဉ်းစားပါဆိုတာလေးကို
တရေးရေးတွေးရင်း.....
လေးဖြူရဲ့သီချင်းလို...
တိုက်ဆိုင်မှုတွေရှိတဲ့တဒင်္ဂလေးတွေမှာတော့
အမှတ်တမဲ့   နင့်ကို လွမ်းမိပါရဲ့ ....

ခုချိန်ထိတော့
ဦးနှောက်နည်းတဲ့ငါ....လေ
နင်နဲ့...တဖြည်းဖြည်း....ဝေး................ဝေးနေဆဲ.... ။                          ။

                                                                                                                                  By: ကြယ်

Friday, 9 March 2012

ထိပ်ဆုံးသို့ 

ကျွန်တော်အကြိုက်ဆုံးကဗျာတွေထဲက တစ်ပုဒ်ပေါ့ ၊ ကျွန်တော်လဲကျတဲ့ အချိန်တိုင်းမှာ ဒီကဗျာလေးက ကျွန်တော့်အတွက် အားဖြစ်ခဲ့ပါတယ် ၊ ကျွန်တော့်ရဲ့ အားဆေးပေါ့ဗျာ ... ။

ထိပ်ဆုံးသို့ 

တစ်တောင်ပေါ် တစ်တောင်ဆင့်
တောင်အမြင့် ပတ်ခြံရံ
တစ်တောင်ဆုံးပြန်တော့
တစ်လုံးကျန်ပြန်သေးသမို့ 
ဖန်ဖန်လေ အားအင်နှိုးလို့ ရယ်
ကြိုးလျှောက်ရပြန်။

ခါတလေ တစ်ကယ်ပန်းတာကြောင့်
တော်ပါပြီ ဆက်မလှမ်းချင်ဘု
ရပ်တန်းက ရပ်မည်ကြံ
အမှန်တော့ ဖြစ်နိုင်မလား။

စခဲ့မိဟာပေါ့
တစ်နေ့ မှာ ဆုံးရာရောက်ပါလိမ့်
အားလျှော့ကာ ဆုတ်ချင်စမ်းပါနဲ့ 
စိတ်နွမ်း အသာဖြေဦး
မာလာငွေ ကန်ရေအေးရယ်နှင့်
ငှက်တေးကို အာရုံဆင်လို့ 
မူတသွင် အားသင်သစ်လိုက်ပါ့
ချစ်ဖွယ့်လူသား။

                                      ငွေတာရီ

နင့်ကို ငါ - - ချ စ် တ ယ်



အခါမလပ်တော့ -- ရင်တစ်ခုလုံး ၀ုန်းဒိုင်းဆန်လျှက်ပါပဲ

နေ့စဉ်တွန့်ကြေသွားတဲ့ သိက္ခာတရားတချို့ကို

အသိနက်နက်တွေရဲ့ အတွင်းပိုင်းထဲ ငါ မြှုပ်နှံထားခဲ့တယ်



နင့်ကို ငါ ---ချစ်တယ်

သစ္စာတရားနဲ့ မြတ်နိုးခြင်းကို ထပ်တူပေါင်းစပ်လို့

“ You are the one for me ”

တိုးတိုးလေးဆိုညည်း --ညနေခင်းတချို့တောင် ပြာရီလင်းညှို့လို့



မကျော်ကြားခဲ့တဲ့ ဇတ်လမ်းရိုးရိုးတစ်ပုဒ်မှာ

ငါဟာ အချစ်သူရဲကောင်းတော့မဖြစ်ခဲ့ဘူး---



နင်ကလည်း တခါတခါ ဆိုးတယ်

တမျိုးပြီးတမျိုးမရိုးအောင် ငါ့ရင်ကိုလှုပ်ခတ်သိမ်းပိုက်လို့

ဘ၀ ဆိုတာ --- တခါတခါ မိုက်မဲရူးသွပ်လိုက်ခြင်းဟာလည်း ချိုမြိန်ပ

ငါဟာ စိတ်တွေကို ဆွဲဖွင့်လို့ နင့်ကောင်းကင်ထက် ရွက်လွှင့်နေခဲ့သူ



ဒါဟာလည်း အရိုးသားဆုံးအမှန်တရား --

နင့်ကို ငါ -- ချစ်တယ်

နင့်ကို ငါ - - - အုံ့အုံ့သည်းသည်းကို ချစ်မိသွားတယ်






သက်တန့် ချိုတင်ပေးထားတဲ့ လွမ်း-နေရဲ့ကဗျာလေးပါ သူရဲ့ကဗျာလေးတွေကို 
ဖတ်ချင်သေးရင်တော့ ဒီကနေသွားလိုက်ပါ  >>   Lw@n-n@y's Poems   <<                                                     



Monday, 5 March 2012

နင်သိရောသိရဲ့လား

နင်ယုံရဲ့လား
ပေါ့ပျက်ပျက်  ရယ်သွမ်းသွေး လောကကြီးကို
အရေး မထားတဲ့  ကောင်လေးတစ်ယောက်ရဲ့ရင်ထဲမှာ
နင့်အတွက်လေးနက်ခြင်းတွေရှိတယ်

နင်သိရဲ့လား
မထီမဲ့မြင်နဲ့  လောကကြီးအတွက်
ကဗျာမဆန်တဲ့ကောင်လေးတစ်ယောက်ရဲ့ ရင်ထဲမှာ 
နင့်အတွက် နှုးညံ့တဲ့  သံစဉ်တွေရှိတယ်ဆိုတာ 

နင်ထင်ရဲ့လား
ပြုံးစပ်စပ်မျက်နှာပေးနဲ့
ပျော်ရွှင်ခြင်းသာရှိတဲ့ ကောင်လေးတစ်ယောက်ရဲ့  ရင်ထဲမှာ
နင့်အတွက်  လွမ်းခြင်းဆိုတာ ရှိတယ်

နင်မြင်နိုင်လား
မချစ်တက်ဘူးလို့
နင်ထင်ခဲ့တဲ့ ကောင်လေးတစ်ယောက်ရဲ့ရင်ထဲမှာ
နင့်အတွက် ချစ်ခြင်းအပြည့်ရှိတယ်

နင်သိထားပါ
လွတ်လပ်ပွင့်လင်း
ဟန်ဆောင်မှု့ကင်းတဲ့ကောင်လေးတစ်ယောက်ရဲ့ရင်ထဲမှာ
ပြင်းထန်တဲ့ မာနတွေရှိတယ်






Saturday, 25 February 2012

ငါလို လူကြောင့်ဖြစ်မယ်


ငါ
ဝစွာ စားလို့ ပိုတာသွန်ပစ်ခဲ့တယ်
ငါ့ နီးနားမှာ စားစရာမဲ့
သွန်ပစ်စားစရာ ရှာဖွေစားသောက်
ကလေးငယ်ပေါင်းများစွာ
ငါဟာ သဒ္ဒါတရားနဲ သူများလား.............

ငါ
အမေ့မေတ္တာ ပိုကာနေလို့ အမေ့ပေါ်ဆိုးခဲ့တယ်
ငါ့နီးနားမှာ ငတ်မွတ်မေတ္တာ
မျှော်လင့်တောင်းတ ဘယ်မှာမိဘ
ကလေးငယ်ပေါင်းများစွာ
ငါဟာ ကိုယ်ချင်းမစာတတ်သူများလား...

ငါ
များစွာဝတ်စား ထုပ်ပိုးသိမ်းဆည်း ခဲ့တယ်
ငါ့နီးနားမှာ အရှက်လုံအောင်
ဝတ်စရာမဲ့ နိထ္တိအ၀တ်
ကလေးငယ်ပေါင်းများစွာ
ငါဟာ အတ္တကြီး သူများလား

ငါ
ရှာဖွေဥစ္စာ မဆုံးရုံးအောင်
စုဆောင်းထားခဲ့တယ်
ငါ့နီးနားမှာ အားကိုးရာ မရှိ
ခိုကိုးရာမဲ့ ဥစ္စာနထ္တိ
သက်ကြီးအိုပေါင်းများစွာ
ငါဟာ လောဘဇောတတ်နေ သူများလား.

ဟိုမှာ အမိုက်ပုံထဲ စားစရာ ရှာဖွေနေတဲ့
ကလေးတွေ
ဒီမှာ အလင်းရောင်မဲ့နေတဲ့ လူငယ်တွေ
ဟိုမှာ အရှက်လုံဖို့ ဘ၀နဲ့  ရင်းရတဲ့ ကလေးတွေ
ဒီမှာ ခိုကိုးရာမဲ့ အထီးကျန် တဲ့
အိုကြီးအိုမ တွေ

အင်း...........
ငါလို လူကြောင့်ဖြစ်မယ်... ... ။               ။

Thursday, 9 February 2012

ရွာသူ

ဆယ့်နှစ်ကြိုးကဝေအတတ်နဲ့.

(ငါ့ရင်ထဲက ) မီးခတ်တဲ့ စကားလုံးတွေကိုသတ်ငြိမ်း..

အိမ်မက်သိမ်းတမ်း ပြုစားတတ်တဲ့ ..ရွာသူရေ

ရင်ခုန်သံတွေကိုပဲ..ခေါစာပစ်လိုက်တယ်..

သခင်မ..

ပျော်ပါ...ပါးပါ..စားပါ..သောက်ပါ..

မရိုမသေ တမ်းတမိတဲ့..

ဟောဒီက အမိုက်အမဲကောင်ကိုလည်း အပြစ်ကလွှတ်တော်မူပါ..

မီးစတစ်ဖက်..ရေမှုတ်တစ်ဖက်

အကြည့်လက်လက်တွေကိုလည်း

ပေးသနားတော်မူပါ..

' တရားဝင်စစ်ကြေငြာပြီးမှ မတွယ်တာရရင်...

ဘာမှမလုပ်ချင်ဘူး' ဆိုတဲ့

ဟောဒီက ငပျင်း...အတွက်

လက်ကြောတင်းအောင်..လွမ်းခွင့်ပြုတော်မူပါ..။              ။

                                                                                       By: မင်းခိုက်စိုးစံ






ဘူတာရုံနှင့်တူသော ကောင်မလေး

-ဥသြဆွဲချင်ရုံသက်သက်နဲ့တော့
ငါ့ သံယောဇဉ်တွေ ခုတ်မောင်းထွက်ခဲ့တာ မဟုတ်ပေဘူး
အဲဒီ ဘူတာရုံကလေးရေ...လွမ်းတယ်....။
-အရမ်းကြီး မဟုတ်ပေမယ့် ...တစ်ခါတစ်ခါ
ယောကျာ်းတစ်ယောက်မှာလည်း
စိတ်အားငယ်ခွင့် ရှိတာပဲ မဟုတ်လား။
-ပန်းသီးတွေ ခါးတဲ့ကာလက
ရှည်လျားလှချည်လားကွယ်....
ပြောပါ...မင်း ငါ့ကို ဘယ်တော့ အိပ်မက်မက်မှာလဲ။
မင်းပိုင်ဆိုင်တဲ့ အိပ်စက်ခြင်းရဲ့ တံစက်မြိတ်အောက်မှာ
ငါ....
တိတ်တိတ်ကလေး ရပ်စောင့်နေတာ ကြာပြီလေ...။
-ဣနြေ္ဒစိမ်းစိမ်းတွေ လိမ်းသုတ်
ချစ်ခြင်းတွေ ကုန်တင်ကုန်ချလုပ်ခွင့် မပြုတဲ့
မင်းရဲ့ ဘူတာရုံကလေးဆီ...
....လာမယ်.......။
မင်းရဲ့ ဘူတာရုံကလေးဆီ....
....လာမယ်.......။
- ဟောဒီကောင်.....ရင်ဘတ်တစ်ခြမ်းနဲ့
ကိုယ့် သံလမ်း ကိုယ်ဖောက်ခဲ့တာပါ...။
....နောက်ကျသွားတယ်။
အလွမ်းတွေ စိုက်ခင်းတစ်ခုလုံး ပွင့်တဲ့ အချိန်မှာမှ
ငါ ဆိုတဲ့ကောင်က
တည့်တည့် ကြီး ရောက်ချသွားခဲ့တာပေါ့ကွယ်...။              ။

                                                                                       By: မင်းခိုက်စိုးစံ








Thursday, 22 December 2011

ချစ်သူ…သို့

မြေကြီးဖြစ်မှတော့

မိုးလွတ်ပါ့မလား…လို့တွေးမနေနဲ့တော့

ချစ်သူရေ…တို့တတွေ ပေဖြစ်တုန်း

ခံလိုက်ကြစို့ရဲ့ ... ။

မသေချာတာတွေကတော့အများကြီးပဲ

ဒါပေမယ့်

သေချာတာလေးတွေလည်းရှိတတ်လို့

တို့…စောင့်…ရ ဦးမယ်။

မကြာခင်မှာ

လင်းရနံ့တွေဝေလာမှာပါပဲ

ကိုယ်ယုံတယ်

ဘယ်သူမဆို

မနက်ဖြန်ခါကိုတော့ နေထွက်ခွင့်ပေးရမယ်လေ။                       ။

                                                                                                  By: တာရာမင်းဝေ


သတိရကြောင်း

မှော်ဆရာရေ...
စက်ရုပ်တစ်ရုပ်ရဲ့ ရင်ဘတ်မှာ
ဝိဥာဉ်ကို ကော်နဲ့ကပ်ပြီး
လူဖြစ်အောင် ငါအသက်သွင်းဖူးတယ် ၊၊
မီးခြစ်ကျောက်ကို
လက်သည်းနဲ့ ပွင့်ထွက်အောင်တောက်
မီးတောက်ကို ခါးကလိမ်ချိုး
စီးကရက်သောက်ရင်း သူ ချောင်းဆိုးဖူးတယ် ၊၊
သူ့ခြေထောက်အတွက်
သူ့ဖိနပ်အတွက်
မြေပြင်သက်သက် ခင်းပေးစရာမလို
`ကြယ်ကို ကြယ်နဲ့ ရံမတဲ့ `
သံအိပ်မက်ကြီးနဲ့
ပင်လယ်ရေပွက်ထဲကည
အားလုံးကို သူ အပိုင်ရတယ် ၊၊
ပထမတော့….
လ ကို ခိုစီး
ကောင်းကင်ကြီးနဲ့တွဲက
စက္ကူဂီတာတစ်လက်ပိုက်ပြီး
ပျော်လိုက်ရတာ ….၊၊
နောက်မှ
စကြာဝဠာရဲ့
မဟာတွင်းနက်ထဲကို
လက်ခနဲခုန်ချ
သူ….ဘယ်ဆီကျသွားပါသလဲ…၊၊
ကဲ….မှော်ဆရာ
အပိုင်းပိုင်းအထစ်ထစ်
သက္ကရာဇ်တို့ မပြိုခင်မှာ
သုည တစ်လုံးပဲရှိတဲ့
သူ့ရဲ့ တယ်လီဖုန်းနံပါတ်ကို ဆက်ပေးပါ ၊၊
ဘာပဲဖြစ်ဖြစ်
ပဆစ်အိမ် ဝင်္ကပါပျက် နက္ခတ်ပျံရာည
ငါ…..သူ့ကို သတိရကြောင်း
ပြောပြပေးပါ……။                             ။

                                                                            By: တာရာမင်းဝေ