ငါသဘောကျတဲ့
နတ်သမီးလေးတစ်ပါးရှိတယ်
အဲ့နတ်သမီးလေးက...လမ်းကူးတာတော င်
မျဉ်းကြားကပဲကူးတဲ့
စည်းကမ်းရှိစနစ်ကျသူဖြစ်တယ် ...
ဒီလိုနဲ့
ငါလမ်းကူးတိုင်းမျဉ်းကြားကပဲကူးဖြစ်တော့တယ်....
အဲ့ဒီနတ်သမီးလေးကအပျင်းလဲ
ထူသေးတယ်ဆိုပဲ......
မျက်လုံးပြူးပြုးလေးနဲ့ဆိုေ တာ့
ငါ့မှာငှက်မျက်ပြူးလေးတွေတွေ့ တိုင်းသတိရရတယ်....
ခိုးခိုးကြည့်ရတဲ့ဓါတ်ပုံတွေထဲ
နင့်ကိုပြောချင်တာကနတ်သမီးလေးရယ်
.... .... .... ....
.... .... .... ....
ဒီလိုနဲ့ငါဘာမှမပြောဖြစ်လိုက်ပါဘူး.....
နင်ကRapသီချင်းတွေမကြိုက်ဘူးဆိုတာနဲ့
ဘာမှမဆိုင်ဘဲငါRapperတွေကိုကြည့်မရဖြစ်တတ်တယ်...
နင့်ကိုကိုက်တဲ့ခြင်တွေကိုမုန်းရင်းနဲ့
ခြင်ဆေးကြော်ငြာတွေကြိုက်လာခဲ့တယ်...
နင်ပြောခဲ့တဲ့...
ဘ၀မှာအချစ်ဆိုတာဘယ်နှရာခိုင်နှုန်း(%)
အရေးပါလို့လဲ..ဦးနှောက်နဲ့စဉ်းစားပါဆိုတာလေးကို
တရေးရေးတွေးရင်း.....
လေးဖြူရဲ့သီချင်းလို...
တိုက်ဆိုင်မှုတွေရှိတဲ့တဒင်္ဂလေးတွေမှာတော့
အမှတ်တမဲ့ နင့်ကို လွမ်းမိပါရဲ့ ....
အမှတ်တမဲ့ နင့်ကို လွမ်းမိပါရဲ့ ....
ခုချိန်ထိတော့
ဦးနှောက်နည်းတဲ့ငါ....လေ
နင်နဲ့...တဖြည်းဖြည်း....ဝေး................ဝေးနေဆဲ.... ။ ။
By: ကြယ်
ကြိုးစားကြိုးစာ;... စိတ်ဓါတ်မကျနဲ့...တစ်နေ့နေ့တော့ နီးလာလိမ့်မယ်...:)
ReplyDeleteလေးဖြူရဲ့သီချင်းလို...
ReplyDeleteတိုက်ဆိုင်မှုတွေရှိတဲ့တဒင်္ဂလေးတွေမှာတော့
အမှတ်တမဲ့ နင့်ကို လွမ်းမိပါရဲ့ ....။