Search This Blog

Wednesday, 14 March 2012

တစ်ခါတုန်းကပေါ့
အလုပ်သင်ဆရာဝန်တစ်ယောက်က  ၀ါရင့်သမားတော်ကြီးကို မေးတယ်
“ဒေါက်တာခင်ဗျာ ၊ ချောင်းဆိုးရောဂါအတွက် ၊ ဘာဆေးညွန်းပေးလေ့ ရှိပါသလဲဗျာ”
“၀မ်းနှုတ်ဆေး”
“ခင်ဗျာ ၀မ်းနှုတ်ဆေး ၊ ဟုတ်လား ၀မ်းနှုတ်ဆေးက ချောင်းဆိုးတာကို
သက်သာစေလို့လားဗျာ”
“၀မ်းနှုတ်ဆေးစားထားတဲ့ လူတစ်ယောက်က တော်ရုံ ၊ တန်ရုံနဲ့
ဘယ်ချောင်းဆိုးရဲတော့မလဲ ၊ စဉ်းစားကြည့်စမ်းပါ”

PS:  ဟုတ်ကဲ့ကျွန်တော်လဲ တစ်ခါတစ်လေ သမားတော်ကြီးလို
       ချောင်းဆိုးတဲ့လူနာနဲ့ တူတဲ့လူတွေကို  ၀မ်းနှုတ်ဆေးပေးတတ်ပါတယ် ....   ....

ဟိုးးးးး ရှေးရှေးတုန်းက

ငါသဘောကျတဲ့
နတ်သမီးလေးတစ်ပါးရှိတယ်
အဲ့နတ်သမီးလေးက...လမ်းကူးတာတောင်
မျဉ်းကြားကပဲကူးတဲ့
စည်းကမ်းရှိစနစ်ကျသူဖြစ်တယ်...
ဒီလိုနဲ့
ငါလမ်းကူးတိုင်းမျဉ်းကြားကပဲကူးဖြစ်တော့တယ်....

အဲ့ဒီနတ်သမီးလေးကအပျင်းလဲ
ထူသေးတယ်ဆိုပဲ......

မျက်လုံးပြူးပြုးလေးနဲ့ဆိုတော့
ငါ့မှာငှက်မျက်ပြူးလေးတွေတွေ့ တိုင်းသတိရရတယ်....

ခိုးခိုးကြည့်ရတဲ့ဓါတ်ပုံတွေထဲ
နင့်ကိုပြောချင်တာကနတ်သမီးလေးရယ်
....   ....   ....   ....

....   ....   ....   ....

ဒီလိုနဲ့ငါဘာမှမပြောဖြစ်လိုက်ပါဘူး.....

နင်ကRapသီချင်းတွေမကြိုက်ဘူးဆိုတာနဲ့
ဘာမှမဆိုင်ဘဲငါRapperတွေကိုကြည့်မရဖြစ်တတ်တယ်...

နင့်ကိုကိုက်တဲ့ခြင်တွေကိုမုန်းရင်းနဲ့
ခြင်ဆေးကြော်ငြာတွေကြိုက်လာခဲ့တယ်...



နင်ပြောခဲ့တဲ့...
ဘ၀မှာအချစ်ဆိုတာဘယ်နှရာခိုင်နှုန်း(%)
အရေးပါလို့လဲ..ဦးနှောက်နဲ့စဉ်းစားပါဆိုတာလေးကို
တရေးရေးတွေးရင်း.....
လေးဖြူရဲ့သီချင်းလို...
တိုက်ဆိုင်မှုတွေရှိတဲ့တဒင်္ဂလေးတွေမှာတော့
အမှတ်တမဲ့   နင့်ကို လွမ်းမိပါရဲ့ ....

ခုချိန်ထိတော့
ဦးနှောက်နည်းတဲ့ငါ....လေ
နင်နဲ့...တဖြည်းဖြည်း....ဝေး................ဝေးနေဆဲ.... ။                          ။

                                                                                                                                  By: ကြယ်

Friday, 9 March 2012

ထိပ်ဆုံးသို့ 

ကျွန်တော်အကြိုက်ဆုံးကဗျာတွေထဲက တစ်ပုဒ်ပေါ့ ၊ ကျွန်တော်လဲကျတဲ့ အချိန်တိုင်းမှာ ဒီကဗျာလေးက ကျွန်တော့်အတွက် အားဖြစ်ခဲ့ပါတယ် ၊ ကျွန်တော့်ရဲ့ အားဆေးပေါ့ဗျာ ... ။

ထိပ်ဆုံးသို့ 

တစ်တောင်ပေါ် တစ်တောင်ဆင့်
တောင်အမြင့် ပတ်ခြံရံ
တစ်တောင်ဆုံးပြန်တော့
တစ်လုံးကျန်ပြန်သေးသမို့ 
ဖန်ဖန်လေ အားအင်နှိုးလို့ ရယ်
ကြိုးလျှောက်ရပြန်။

ခါတလေ တစ်ကယ်ပန်းတာကြောင့်
တော်ပါပြီ ဆက်မလှမ်းချင်ဘု
ရပ်တန်းက ရပ်မည်ကြံ
အမှန်တော့ ဖြစ်နိုင်မလား။

စခဲ့မိဟာပေါ့
တစ်နေ့ မှာ ဆုံးရာရောက်ပါလိမ့်
အားလျှော့ကာ ဆုတ်ချင်စမ်းပါနဲ့ 
စိတ်နွမ်း အသာဖြေဦး
မာလာငွေ ကန်ရေအေးရယ်နှင့်
ငှက်တေးကို အာရုံဆင်လို့ 
မူတသွင် အားသင်သစ်လိုက်ပါ့
ချစ်ဖွယ့်လူသား။

                                      ငွေတာရီ

နင့်ကို ငါ - - ချ စ် တ ယ်



အခါမလပ်တော့ -- ရင်တစ်ခုလုံး ၀ုန်းဒိုင်းဆန်လျှက်ပါပဲ

နေ့စဉ်တွန့်ကြေသွားတဲ့ သိက္ခာတရားတချို့ကို

အသိနက်နက်တွေရဲ့ အတွင်းပိုင်းထဲ ငါ မြှုပ်နှံထားခဲ့တယ်



နင့်ကို ငါ ---ချစ်တယ်

သစ္စာတရားနဲ့ မြတ်နိုးခြင်းကို ထပ်တူပေါင်းစပ်လို့

“ You are the one for me ”

တိုးတိုးလေးဆိုညည်း --ညနေခင်းတချို့တောင် ပြာရီလင်းညှို့လို့



မကျော်ကြားခဲ့တဲ့ ဇတ်လမ်းရိုးရိုးတစ်ပုဒ်မှာ

ငါဟာ အချစ်သူရဲကောင်းတော့မဖြစ်ခဲ့ဘူး---



နင်ကလည်း တခါတခါ ဆိုးတယ်

တမျိုးပြီးတမျိုးမရိုးအောင် ငါ့ရင်ကိုလှုပ်ခတ်သိမ်းပိုက်လို့

ဘ၀ ဆိုတာ --- တခါတခါ မိုက်မဲရူးသွပ်လိုက်ခြင်းဟာလည်း ချိုမြိန်ပ

ငါဟာ စိတ်တွေကို ဆွဲဖွင့်လို့ နင့်ကောင်းကင်ထက် ရွက်လွှင့်နေခဲ့သူ



ဒါဟာလည်း အရိုးသားဆုံးအမှန်တရား --

နင့်ကို ငါ -- ချစ်တယ်

နင့်ကို ငါ - - - အုံ့အုံ့သည်းသည်းကို ချစ်မိသွားတယ်






သက်တန့် ချိုတင်ပေးထားတဲ့ လွမ်း-နေရဲ့ကဗျာလေးပါ သူရဲ့ကဗျာလေးတွေကို 
ဖတ်ချင်သေးရင်တော့ ဒီကနေသွားလိုက်ပါ  >>   Lw@n-n@y's Poems   <<                                                     



Monday, 5 March 2012

နင်သိရောသိရဲ့လား

နင်ယုံရဲ့လား
ပေါ့ပျက်ပျက်  ရယ်သွမ်းသွေး လောကကြီးကို
အရေး မထားတဲ့  ကောင်လေးတစ်ယောက်ရဲ့ရင်ထဲမှာ
နင့်အတွက်လေးနက်ခြင်းတွေရှိတယ်

နင်သိရဲ့လား
မထီမဲ့မြင်နဲ့  လောကကြီးအတွက်
ကဗျာမဆန်တဲ့ကောင်လေးတစ်ယောက်ရဲ့ ရင်ထဲမှာ 
နင့်အတွက် နှုးညံ့တဲ့  သံစဉ်တွေရှိတယ်ဆိုတာ 

နင်ထင်ရဲ့လား
ပြုံးစပ်စပ်မျက်နှာပေးနဲ့
ပျော်ရွှင်ခြင်းသာရှိတဲ့ ကောင်လေးတစ်ယောက်ရဲ့  ရင်ထဲမှာ
နင့်အတွက်  လွမ်းခြင်းဆိုတာ ရှိတယ်

နင်မြင်နိုင်လား
မချစ်တက်ဘူးလို့
နင်ထင်ခဲ့တဲ့ ကောင်လေးတစ်ယောက်ရဲ့ရင်ထဲမှာ
နင့်အတွက် ချစ်ခြင်းအပြည့်ရှိတယ်

နင်သိထားပါ
လွတ်လပ်ပွင့်လင်း
ဟန်ဆောင်မှု့ကင်းတဲ့ကောင်လေးတစ်ယောက်ရဲ့ရင်ထဲမှာ
ပြင်းထန်တဲ့ မာနတွေရှိတယ်






Sunday, 4 March 2012

ဒီလိုတွေးတယ် .. :)

၁။ ပျော်ရွှင်မှုကို ငွေကြေးနဲ့ ၀ယ်ယူလို့မရပါဘူး။ ဒါပေမယ့် စက်ဘီးပေါ်မှာ ထိုင်ငိုနေတာထက်စာရင် မာစီဒီး ဘင့်ဇ် ကားပေါ်မှာ ငိုရတာက ဇိမ်ပိုမကျဘူးလား။

၂။ သင့်ရဲ့ရန်သူကို ခွင့်လွှတ်လိုက်ပါ။ ဒါပေမယ့် အဲဒီ မျိုးမစစ်ကောင်ရဲ့ နာမည်ကိုတော့ မှတ်ထားဖို့ မမေ့ပါနဲ့။

၃။ လူတစ်ယောက် ဒုက္ခရောက်နေတဲ့အချိန်မှာ သင်ကူညီလိုက်ရင် အဲဒီလူက သင့်ကို အမှတ်ရနေမှာပါ။ အဲ.. သူနောက်တစ်ခါ ဒုက္ခထပ်ရောက်တဲ့အချိန်ကျရင်ပေါ့

၎။ လူတော်တော်များများအသက်ရှင်နေကြတဲ့အကြောင်းအရင်းကတော့ လူသတ်တာဟာ တရားမ၀င်တဲ့ ကိစ္စဖြစ်နေလို့ပါပဲ။

၅။ အရက်သောက်လို့ ပြဿနာတွေပြေလည်မသွားပါဘူး။ ဒါဆို နွားနို့သောက်လို့ရော ပြေလည်သွားမှာမို့လို့လား။
 
 

Thursday, 1 March 2012

ဘ၀ဆိုသော အိမ်

တစ်ခုတုန်းကပေါ့ ...
အသက်ကြီးရင့်ပြီ ဖြစ်တဲ့ လက်သမားဆရာကြီးတစ်ယောက်ဟာ သူ့အလုပ်ကနေ
 ရပ်နားဖို့ ဆုံးဖြတ်လိုက်တယ်။ သူ့ရဲ့ အိမ်ဆောက်တဲ့ အလုပ်ကနေ ရပ်နားပြီး
သူ့မိန်းမနဲ့အတူ မိသားစုဘ၀ကို အေးအေးချမ်းချမ်းနဲ့ ပျော်ရွှင်စွာ
ဖြတ်သန်းတော့မယ့်အကြောင်း သူ့ရဲ့ အလုပ်ရှင်ကို အကြောင်းကြားလိုက်တယ်။
အပတ်စဉ် ၀င်ငွေရနေတဲ့ ဒီအလုပ်ကို သူ နှမြောပေမယ့် သူ နားချင်ပြီ။ နားကို
နားတော့မယ်လို့ စိတ် ဒုန်းဒုန်းချလိုက်တယ်။

အလုပ်ရှင်ဟာ လူတော်တစ်ယောက် ဆုံးရှုံးရမှာကို အရမ်းနှမြောနေတယ်။ သူ့ဆီကနေ
အလုပ်ထွက်သွားတာကိုလည်း သူ မလိုလားဘူး။ အရမ်းလည်း ၀မ်းနည်းမိတယ်။ ဒါနဲ့
နောက်ဆုံးအနေနဲ့ အိမ်တစ်လုံးတော့ ဆောက်ပေးပါဦးလို့ တောင်းပန်ပြီး
ဆွဲထားလိုက်တယ်။ အလုပ်ရှင်က တောင်းဆိုနေတော့ သူ ခေါင်းညိတ်လိုက်ရပေမယ့်
သူ့ရဲ့ စိတ်မပါလှတဲ့ လုပ်ရပ်တွေက အတော်လေးကို သိသာနေတယ်။ သူနားချင်တာ
မနားရတော့ အလုပ်ရှင်အပေါ်မှာလည်း ငြိုငြင်မိနေတယ်။ ခါတိုင်း အနုစိတ်ပြီး
တိတိကျကျ လုပ်တတ်သမျှ အခုတော့ အိမ်တစ်လုံး မြန်မြန်ပြီးဖို့ ဆိုတာပဲ
အတွေးက ရှိတယ်။ သူနားချင်ပြီ။ ဒီအလုပ်ပြီးရင် သူ့အလုပ်ရှင်က ပေးနားမယ်။
ဒီတော့ မြန်မြန် ပြီးရမယ်ပေါ့။ သူ့ဘ၀ရဲ့ အသက်မွေးဝမ်းကျောင်းမှုမှာ ဒါ
သူ့ရဲ့ နောက်ဆုံး လက်ရာ ဖြစ်ကျန်နေမယ်ဆိုတာကို သူ လုံးလုံး
သတိမရှိနိုင်တော့ဘူး။


လက်သမားဆရာကြီးဟာ သူရဲ့ နောက်ဆုံးအိမ်လေးကို ဆောက်လို့ ပြီးသွားတော့
အလုပ်ရှင်ဟာ အိမ်ကို လာစစ်ဆေးပါရော။ အသေအချာ စစ်ဆေးပြီး အလုပ်ရှင်ဟာ
အိမ်တံခါးကို ပိတ်လိုက်တယ်။ နောက် တံခါးသော့ကို လက်သမားကြီးရဲ့ လက်ထဲ
ထည့်လိုက်ပြီး တည်ငြိမ်တဲ့ အကြည့်နဲ့ ပြောလိုက်တယ်။
"ဒီနေ့ကနေ စပြီး ဒါ ဆရာကြီးရဲ့ အိမ် ဖြစ်သွားပါပြီ။ ဒါ ကျနော်ရဲ့ လက်ဆောင်ပါ။"

ဒီစကားလည်း ကြားလိုက်ရော လက်သမားဆရာကြီး ထိတ်လန့် တုန်လှုပ်သွားတယ်။

ရှက်စရာ ကောင်းလိုက်တာ။ တကယ်လို့ သူ ဆောက်နေတဲ့ အိမ်ဟာ သူ့
ကိုယ်ပိုင်အိမ် ဆိုတာသိခဲ့ရင် သူ ဒီလို လုပ်ပါ့မလား။ ဒီလောက် ပစ္စလက်ခတ်
ဆောက်ပါ့မလား။

xxxxxxxx xxxxxxxx


ကျနော်တို့ရဲ့ ဘ၀တွေဟာလည်း ဒီလိုပါပဲ။ ကျနော်တို့ရဲ့ ဘ၀တွေကို ကျနော်တို့
ကိုယ်တိုင် တည်ဆောက်နေရတာ မဟုတ်လား။ ဒါပေမယ့် တခါတခါ ကျနော်တို့ စွမ်းအား
ရှိသလောက် ဒီ ဆောက်လုပ်ရေးမှာ ထုတ်မသုံးဖြစ်ဘူးနော်။ နောက်ဆုံး
ကျနော်တို့ ဆောက်ထားတဲ့ အိမ်မှာ နေရတော့မယ်ဆိုတာ သိလိုက်ရတဲ့ အချိန်ကျမှ
ကျနော်တို့ အကြီးအကျယ် ပြာယာခတ်ကုန်တယ်။ နောက်ကြောင်းပြန်ပြီး
ပြန်လည်တည်ဆောက်ခွင့် ရှိရင်တော့ အရင်ကထက် ထူးထူးခြားခြား
လုပ်မိကြမယ်ထင်တယ်။

တကယ်တမ်းကော ကျနော်တို့ နောက်ပြန်သွားလို့ ရပါ့မလား။ ကျနော်တို့ဟာ ဘ၀ကို
ပုံဖော်နေတဲ့ လက်သမားဆရာတွေပါ။ နေ့စဉ်နဲ့အမျှ သံရိုက်ကြတယ်၊ နံရံကို
တည့်မတ်ကြတယ်၊ အမိုးမိုးနေကြတယ်။ ဒီနေ့ လုပ်လိုက်တဲ့ ကျနော်တို့ရဲ့
အပြုအမူ၊ ရွေးချယ်မှုနဲ့ ကိုယ်ကျင့်တရားဟာ မနက်ဖြန် ကျနော်တို့နေဖို့
အိမ်အတွက် ကုန်ကြမ်းတွေပါ။ အထောက်အပံ့တွေပါ။

ဒါကြောင့် ကျနော်တို့ ဥာဏ်ပညာ ရှိရှိနဲ့ ဆောက်လုပ်ကြပါစို့လား။