Search This Blog

Thursday, 19 January 2012

ကျွန်တော် မသိတတ်ခဲ့ခြင်းများ

ရင်းနှီးလွန်းလို့၊ နီးကပ်လွန်းလို့ ဂရုစိုက်မှုတွေ နည်းသွားတယ်၊ အာရုံစိုက်မှု နည်းသွားတယ်။
ကြာတော့ ဒါဟာ ဖြစ်ရိုးဖြစ်စဉ် ဖြစ်လာတယ်။ လျှစ်လျှူရှူမှုတွေ များလာခဲ့တယ်။

ကြာတော့ ဒါတွေက ကျွန်တော်တို့ရဲ့ အားနည်းချက်၊ ကျွန်တော်တို့ရဲ့ အကျင့်စရိုက်တွေ ဖြစ်လာခဲ့တယ်။
ကျွန်တော်တို့ရဲ့ လျှစ်လျှူရှူမှုက ရင်းနှီးသူတွေကို ထိခိုက်နာကျင်စေခဲ့တယ်။ နောက်ဆုံး ကိုယ့်ကိုယ်ကို နာကျင်စေခဲ့ပြန်တယ်။

ကျွန်တော်တို့  အနေနဲ့ အခုအချိန်မှာ

"မိဘတွေကို မကြည့်ဘဲ၊ မိဘတွေရဲ့ ဓာတ်ပုံကိုလည်း မကြည့်ဘဲ သူတို့ရဲ့ရုပ်ပုံကို ဆွဲခိုင်းကြည့်မယ်ဆိုရင် သင်ဆွဲနိုင်ပါသလား?"

သေသေချာချာ စဉ်းစားကြည့်ပါ !

အမေရဲ့မျက်ခွံက အရစ်ပါလား? မပါဘူးလား?
အဖေရဲ့နားခင်က ထူသလား? ပါးသလား?
အမေမျက်နှာပေါ်က အရစ်ကြောင်းတွေ နည်းသလား? များသလား?
အဖေနဖူးပေါ်က အရစ်ကြောင်း ဘယ်နှကြောင်းရှိသလဲ?
အမေရဲ့ မျက်နှာပေါ်မှာ မှဲ့ဘယ်နှလုံးရှိသလဲ?
အဖေရဲ့ မျက်ခုံးမွေးက ထူသလား? ပါးသလား?


မျက်စိမှိတ်ပြီး သေချာထပ်ပြန် စဉ်းစားကြည့်ပါး

ကျွန်တော်တို့ဆီ လှမ်းလာတဲ့ အဖေ၊ အမေတို့ရဲ့ ပုံစံအမှုအရာက ဘယ်လိုလဲ?
နောက်ပြန်လှည့်သွားတဲ့ အဖေ၊ အမေတို့ရဲ့ နောက်ကျောပုံစံက ဘယ်လိုပုံစံမျိုးလဲ?
ကျွန်တော်တို့ ငယ်ငယ်ကနေ အခုကြီးလာတဲ့အထိ အဖေ၊ အမေတို့ရဲ့
အမှုအရာနဲ့ ပုံရိပ်တွေ ဘယ်လောက် ပြောင်းလဲသွားခဲ့ပြီလဲ?
အိမ်အလုပ် ပင်ပင်ပန်းပန်း လုပ်နေတဲ့ အမေ့ပုံရိပ်ကို ကျွန်တော်တို့ ကြည့်နိုင်စွမ်းရှိခဲ့လား?
အပြင်ထွက် အလုပ်လုပ်မယ့် အဖေရဲ့ပုံစံကို ကျွန်တော်တို့ သတိထား ကြည့်ခဲ့မိလား?

ဒီအရာတွေကို အခုမှ စဉ်းစားမိကြတယ် မဟုတ်လား?
ပိုရင်းနှီးလေ၊ ပိုနီးကပ်လေ အမြင်တွေက ဝေဝါးလေပါပဲ!
ရင်းနှီးလွန်းတယ် ထင်ခဲ့ပေမယ့် ဂရုစိုက်မှုက သူစိမ်းဆန်ခဲ့ရတယ်။

"မိဘတွေကတော့ ကျွန်တော်တို့ ကြီးပြင်းခဲ့တာကို မှတ်ထားတယ်။
ကျွန်တော်တို့က မိဘတွေ အိုမင်းသွားတာကို မှတ်ဖို့ မေ့နေခဲ့တယ်"

လူကြီးတစ်ဦးက ပြောခဲ့ပါတယ်။ (၄၁)နှစ် သူအိမ်ထောင်ကျစဉ်က အဝေးမှာနေတဲ့ မိဘတွေကို
မဖိတ်ခေါ်နိုင်ခဲ့လို့ မိဘပုံတွေကို ဆွဲပြီး သတိတရနဲ့ နံရံမှာ ချိတ်ဆွဲဖို့ စဉ်းစားခဲ့တယ်။
ဒါပေမယ့် လအတော်ကြာတဲ့အထိ ပုံဆွဲခဲတံကိုပဲ ကိုင်ပြီး ဘာပုံမှ ဆွဲမထွက်ခဲ့ဘူး။ သူ့ရဲ့အတွေးထဲမှာ
မိဘတို့ရဲ့ပုံရိပ်က ကြည်လင်နေတယ်။ ဒါပေမယ့် သူတို့ရဲ့ မျက်လုံး၊ မျက်နှာအနေအထား၊ အကြည့်တွေကို
သေသေချာချာ မြင်ယောင်ကြည့်တော့ အမြင်မှာ မှုန်ဝါးဝါးဖြစ်နေခဲ့တယ်။ ဒါကြောင့် သူပုံမဆွဲနိုင်တာဖြစ်တယ်။

အသက် (၂ဝ) မတိုင်ခင်က မိဘတွေနဲ့ပဲ သူနေခဲ့တယ်။ အနှစ် (၂ဝ)လုံးလုံး ဒီလောက်ပူးပူးကပ်ကပ်၊
ဒီလောက် ရင်းရင်းနှီးနှီး နေခဲ့ပေမယ့် စိမ်းနေခဲ့တယ်၊ မှုန်ဝါးနေခဲ့ရတယ်။

မိဘတွေရဲ့ မျက်နှာကိုတောင် ပုံစံမဖော်နိုင်လောက်အောင် စိမ်းခဲ့တယ်။
မိဘတွေရဲ့ ရုပ်ပုံကိုတောင် ဆက်စပ်ပုံဖော်လို့ မရနိုင်အောင် မှုန်ဝါးခဲ့တယ်။

ဒီ့အတွက် သူနှစ်တော်တော်ကြာ ခံစားခဲ့ရတယ်။ သားသမီး သုံးယောက်ရမှ ကလေးတွေရဲ့
ကြီးပြင်းရာတစ်လျှောက်မှာ အဖော်လုပ်ရင်း ခံစားမှုတွေကို လျှော့ခဲ့ရတယ်။

ကျွန်တော်လည်း ဒီနှစ်အတောအတွင်းမှာမှ အဲဒီလူကြီးရဲ့ ခံစားချက်ကို  နားလည်နိုင်ခဲ့တယ်။

မိဘတွေက ကျွန်တော်တို့ရဲ့ ကြီးပြင်းခဲ့တာကို မှတ်သားနေချိန်မှာ
ကျွန်တော်တို့က မိဘတွေ အိုမင်းသွားတာကို မှတ်သားဖို့ မေ့နေခဲ့ကြမယ်ဆိုရင်

မိဘတွေက ကျွန်တော်တို့ ကို လွမ်းဆွတ်နေချိန်မှာ
ကျွန်တော်တို့ က မိဘတွေရဲ့ ပုံရိပ်လေးတွေကိုမှ မှတ်မှတ်ထင်ထင် ရှိမနေခဲ့ကြရင် ... ...



အမှိုက်ထဲမှစိတ်ဓါတ်များ

(((((အမှိုက်.. အမှိုက်..)))))
(((((အမှိုက်.. အမှိုက်..)))))

နေပူကျဲကျဲမှာ အမှိုက်လှည်းကြီးကို တွန်းရင်း တစ်လမ်းဝင် တစ်လမ်းထွက် အမှိုက်လိုက်ကောက်နေတဲ့ ကျနော်တို့ မောင်နှမ နှစ်ယောက် အတွက်တော့ နေမင်းကြီး ပူလောင်တယ် ဆိုတာထက် လူလုံးမလှပတဲ့ ဘဝရဲ့ ပူလောင်မှုက အရာရာကို ရင်ဆိုင်ဖို့ ကျင့်သားရခဲ့ပြီးသားပဲလေ..။

နားထဲမှာတော့ ဖေဖေ မဆုံးခင် ပြောသွားတဲ့ ဆုံးမ စကားလေးကို ကြားနေမိသေးတယ်..
“သားရေ ဖေဖေတို့က အမှိုက်ကောက်တဲ့ သူတွေဆိုတော့ လူတွေက မသတီကြဘူး.. အကျိုးပေး မကောင်းခဲ့လို့ နှိမ့်ကျတဲ့ ဘဝ ရောက်နေပေမယ့် စိတ်ဓါတ်ကို အမြဲ မြင့်မြင့်ထားပါ.. ဘယ်လောက်ပဲ ဆင်းရဲနုံချာနေပါစေ.. သူများပစ္စည်း မခိုးနဲ့.. မတရားတာ မလုပ်နဲ့.. ရိုးသားဖြူစင်တဲ့ စိတ်ဓါတ်နဲ့ ဘဝကို ရဲရဲ ရင်ဆိုင်ပါ..” တဲ့

ကျနော် နဖူးပေါ်က ချွေးတွေကို လက်တစ်ဖက်နဲ့ သုတ်ရင်း.. အတွေးစကို ဖြတ်ကာ အမှိုက်လှည်းကြီးကို ဂရုတစိုက် တွန်းလာခဲ့တယ်..။ ကျနော့် ပုဆိုးစလေးကို ဆွဲကိုင်ရင်း လိုက်လာတဲ့ ညီမလေးကလည်း သူ့အသံလေးနဲ့ အမှိုက်.. အမှိုက်..!! လို့ အော်ပေးရှာပါတယ်..။

ညီမလေးက အခုမှ (၆) နှစ် ရှိသေးတာ..။ တကယ်ဆို ကျနော်တို့ မောင်နှမက ကျောင်းနေရမယ့် အရွယ်တွေပေါ့..။ ကျနော်သာ ကျောင်းနေခဲ့ရရင် အခုဆို ရှစ်တန်း၊ ကိုးတန်း လောက်တော့ ရောက်နေလောက်ပြီ..။ ဘဝပေးကံက ကျောင်းဆိုတာ ဘာမှန်းမသိလောက်အောင် ဆိုးရွားခဲ့တော့ ဒီဘဝ ဒီလိုသာ ဖြတ်သန်းရုံပေါ့..။

ကျနော် စိတ်ဓါတ်မကျပါဘူး.. အမှိုက်ကောက်လို့ ရတဲ့ ငွေလေးနဲ့ ကျနော်တို့ မောင်နှမ ထမင်းစားတယ်..။ စေတနာကောင်းတဲ့ အိမ်တွေက ကျနော်တို့ကို အဝတ်အစား အဟောင်းတွေ ပေးကြတယ်..။ နေစရာကတော့ အမိုးအကာ ရှိတဲ့ တစ်နေရာရာဆိုရင် နေလို့ ဖြစ်နေတာပါပဲလေ..။

“အမှိုက်..!!!!..”
အမှိုက်လို့ အော်ခေါ်သံကြားလို့ ကျနော် ဝမ်းသာအားရ မော့ကြည့်လိုက်တော့ ဟိုး.. ခြောက်လွှာကနေ လက်ယပ် ခေါ်နေတဲ့ အန်တီကြီး တစ်ယောက်..။

ကျနော် ညီမလေးကို အမှိုက်လှည်းနားမှာ စောင့်ခိုင်းပြီး လှေခါးထစ်တွေ အတိုင်း ပြေးတက်ခဲ့လိုက်တယ်..။ ဒီအမှိုက်ဖိုးလေးရရင် ညီမလေးကို ကောက်ညှင်းပေါင်းနဲ့ အကြော်ဝယ်ကျွေးရမယ်လေ..။

အခန်းတံခါး ခပ်ဟဟလေး ပွင့်လာတယ်.. ပြီးတော့ ဖြူဖြူဝဝ အန်တီကြီး တစ်ယောက် ထွက်လာပြီး အမှိုက်တွေ ထည့်ထားတဲ့ သံပုံးကြီး တစ်ပုံး ထုတ်ပေးတယ်..။
“ရော့.. ကောင်လေး အမှိုက်ယူပြီးရင် အမှိုက်ပုံး ပြန်လာပေး..”

ကျနော်လည်း အမှိုက်ပုံးကြီးကိုမပြီး လှေခါးထစ်တွေ အတိုင်း ပြန်ဆင်းခဲ့တယ်..
အမှိုက်တွေ မကျအောင်လည်း ဂရုစိုက်ရသေးတယ်လေ..။

ညီမလေးကတော့ အမှိုက်လှည်းကြီးဘေးမှာ မြေကြီးတွေကို ဒုတ်နဲ့ ခြစ်ပြီး ဆော့နေလေရဲ့..
ကျနော်လည်း သံပုံးထဲက အမှိုက်တွေကို အမှိုက်လှည်းကြီးပေါ် ပစ်ပြီး သံပုံးလွတ်ကြီးနဲ့ ပြန်ပြေးတက်ရတာပေါ့ .. ခြောက်လွှာကို..။

အပေါ်ထပ် အခန်းဝကို ပြန်ရောက်တော့..
“ဘယ်လောက် ပေးရမလဲ..”

“အန်တီ စေတနာရှိသလောက် ပေးပါခင်ဗျာ..”
“ရော့.. ငါးဆယ် ယူလိုက်..”

အန်တီကြီး ထုတ်ပေးတဲ့ နှစ်ရာတန်လေးကို လက်တဖက်က ကိုင်ပြီး ကျနော် ခေါင်း ကုတ်လိုက်တယ်..
ကျနော့်မှာ ရှိတာက ငါးဆယ်တန် တစ်ရွက်ပဲ ရှိတာလေ.. ကျနော် ဘယ်လို အမ်းရမလဲ..။

ကျနော် ငါးဆယ်တန် နွမ်းဖတ်ဖတ်လေးကို ထုတ်ပြီး..
“ကျနော့်မှာ ငါးဆယ်ပဲ ရှိတာ.. ပြန်အမ်းဖို့ မရှိဘူး ခင်ဗျ.. အန်တီ အနှုတ် မရှိဘူးလား..”
“ဟဲ့.. အဲဒါဆို ဘယ်လို လုပ်မှာလဲ.. ငါ့မှာ အနှုတ်မရှိဘူး..”

“ဒါဆို ကျနော် လမ်းထိပ်က ကွမ်းယာဆိုင်မှာ အနှုတ် သွားလဲ လိုက်မယ်..”
“ဘယ်ဖြစ်မလဲ.. နင် ပြန်မလာရင် ဘယ်လို လုပ်မလဲ.. နင်တို့လို အမှိုက်ကောက်သမားတွေက ဒီလိုတွေကြီးပဲ..”

“ဟာ.. ကျနော် အဲ့လို မလုပ်ပါဘူး.. ကျနော် ပြန်လာ အမ်းမှာပါ..”
“အို.. တော်ပြီး ရှုပ်ရှုပ်ရှက်ရှက်.. နေ.. နေတော့.. အမ်းဖို့ မရှိရင် မပစ်တော့ဘူး.. အမှိုက်တွေ သွားပြန်ယူပေး..”
“ဗျာ..!!..”
ကျနော် အံ့သြသွားတယ်..။ စိတ်ထဲမှာလည်း ကျင်ကနဲ ဖြစ်သွားတယ်..။

ကျနော် ဘာမှ မပြောတော့ပါဘူး.. နှစ်ရာတန်လေးကို သူ့လက်ထဲ ပြန်ထည့်ပြီး လည့်ထွက်ခဲ့လိုက်တယ်..။

လှည်းထဲက သူ့အမှိုက်တွေကို ကြည့်လိုက်တော့ ဘီယာဘူးခွံတွေ.. နိုင်ငံခြားဖြစ် တန်ဖိုးကြီး အစားအစာတွေရဲ့ ဗူးခွံတွေ..။ ညီမလေးက တော်တော် ဗိုက်ဆာနေပြီ ထင်ပါတယ်.. အဲ့ဒီ ဗူးခွံတွေထဲက ကြက်ပေါင်ကြော်ပုံ ပါတဲ့ ဂတ်ထူဗူးခွံကြီးကို ကိုင်ပြီး ကြည့်လို့..။

ကျနော် စိတ်မကောင်းတော့ ဖြစ်မိတယ်.. ဒါပေမဲ့ ကျနော် ဝမ်းမနည်းပါဘူး..။ ဒါဟာ ကျနော်တို့ ရင်ဆိုင် ကြုံတွေ့နေကျ ခါးသက်သက် ဘဝပါ..။ လူတော်တော်များများက ကျနော်တို့ကို မသတီကြဘူး..။ နှိမ့်ကျနေတဲ့ ကျနော်တို့ ဘဝကို ဘယ်သူမှ ကိုယ်ချင်း မစာနိုင်ကြဘူး..။ လက်တွဲဖေးကူမယ့်သူ ဆိုတာလည်း ရှားပါးလွန်းလှပါတယ်..။ စိတ်ဓါတ်ဖြူစင်ပြီး မေတ္တာထားတတ်ကြသူတွေလည်း ရှိတော့ ရှိပါတယ်..။ လူနည်းစုပေါ့..။

ကျနော်တို့ အမှိုက်ကောက်သမားဆိုတာ သူတပါးပတ်ဝန်းကျင် သန့်ရှင်းဖို့အတွက် ကိုယ်ကိုတိုင် အညစ်ပေခံပြီး ကူညီနေကြ သူတွေပါ..။ လူတွေက အမှိုက် ဆိုတာနဲ့တင် လက်နဲ့ ပြန်ကိုင်ဖို့တောင် ရွံရှာ တတ်ကြပါတယ်..။ ဒီလို သူများ ရွံရှာတဲ့ အလုပ်ကို ကျနော်တို့ကတော့ ကျေကျေနပ်နပ်ကြီး လုပ်နေရတာပါ..။
ဒါဟာ.. ဘဝပေးကုသိုလ်ကံလို့ ပြောမလား..! ခေတ်ကာလကြောင့်လို့ ပြောမလား..!

ဒီအမှိုက်တွေထဲမှာ ကျနော်တို့ ထမင်းအိုး ရှိတယ်..

ဒီအမှိုက်တွေထဲမှာ ကျနော်တို့ ရိုးသားမှု ရှိတယ်..

ဒီအမှိုက်တွေထဲမှာ ကျနော်တို့ ဘဝ ရှိတယ်..

ဒီအမှိုက်တွေထဲမှာ ကျနော်တို့ အနာဂတ် ရှိတယ်..

ဒီအမှိုက်တွေထဲမှာ ကျနော်တို့ရဲ့ ဖြူစင်သန့်ရှင်းတဲ့ စိတ်ဓါတ်တွေ ရှိတယ်..

အဲ့ဒီလိုပဲ ဒီအမှိုက်တွေထဲမှာ ကိုယ်ချင်းစာတရား မရှိသူတွေရဲ့ ပုပ်ပွနေတဲ့ စိတ်ဓါတ်တွေ ရှိတယ်..

ကျနော် သက်ပြင်း လေးလေးကြီး ချကာ အမှိုက်လှည်းကြီးကို တွန်းပြီး ထွက်လာခဲ့လိုက်တော့တယ်..
ညီမလေးကတော့ ပါးစပ်က အကျင့် ပါနေတဲ့ အော်နေကျ အတိုင်း..

(((((အမှိုက်.. အမှိုက်..)))))

(((((အမှိုက်.. အမှိုက်..))))) တဲ့လေ..။

(ကိုရင်နော်)


မှတ်ချက်။ ။ ဒီအဖြစ်အပျက်လေးက အမှိုက်ကောက်သမားလေး တစ်ယောက် တကယ် ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်မှန် အဖြစ်အပျက်လေး တစ်ခုပါ..။ “လဲနေသူ ထူပေးပါ.. အားငယ်သူ အားပေးပါ..” တဲ့.. ငယ်ငယ်က သင်ခဲ့ရပါတယ်..။ အခုခေတ်မှာတော့ “လဲနေသူ ကျော်သွားပါ.. အားငယ်သူ ဖိနှိပ်ပါ..” ဆိုတာမျိုးတွေ ဖြစ်နေပြီ..။လူသားချင်း စာနာထောက်ထားကြဖို့တော့ လိုနေပြီ..။ သာမန်လူတစ်ယောက် အတွက် ငွေနှစ်ရာဟာ ဘာမှ သုံးမဖြစ်တော့ပေမယ့် ဒီပိုစ့်ထဲက မောင်နှမအတွက်တော့ ထမင်းတစ်နပ်စာ ကောင်းကောင်းရပါတယ်..။ လူသားတိုင်း တစ်ဦးနဲ့ တစ်ဦး အပြန်အလှန် မေတ္တာထားနိုင်ကြပါစေ..။

Sunday, 8 January 2012

လိမ်ညာကြသူများ

ဒီလောကမှာ ဒီလိုလူတစ်ယောက်ရှိတယ်။ သင်ငယ်စဉ်အခါမှာ သင့်ကို "လိမ်ညာတယ်ဆိုတာမကောင်းဘူး၊ မလိမ်ညာရဘူး၊ လိမ်တတ်တဲ့ကလေး သစ်သားရုပ် Pinocchioလို နှာခေါင်းရှည်ထွက်လာတတ်တယ်" လို့ သူမကြာခဏပြောတယ်။ သူ့စကားကို သင်ယုံတယ်.. နှာခေါင်းရှည်ထွက်လာပြီး ရုပ်ဆိုးမှာစိုးလို့ သင်မလိမ်ညာရဲခဲ့ဘူး။

ဒါပေမဲ့ သင့်ကို မလိမ်ညာရဘူးလို့ သင်ပြတဲ့သူက အလိမ်ညာတတ်ဆုံးလူ ဖြစ်နေတယ်ဆိုတာကို နောက်တော့ သင်တဖြေးဖြေး သတိထားလာခဲ့မိတယ်။

သင်အကြိုက်ဆုံး အစားအစာဟာ သူ မကြိုက်ဆုံးအစားအစာဖြစ်တယ်။ ဥပမာ- ကြက်သားစားတဲ့အခါ ကြက်ပေါင်၊ ကြက်တောင်ပံ၊ ကြက်ရင်အုံတွေကို သူ မကြိုက်ဘူးလို့ အမြဲပြောတယ်။ ဒါတွေက သင်အကြိုက်ဆုံးဖြစ်နေတတ်တယ်။ ကြက်ပေါင်၊ ကြက်ရင်အုံတွေကို သင်စားနေရင်းက ဒီလောက်မွှေး၊ ဒီလောက်စားကောင်းတဲ့အရာကို မကြိုက်တဲ့သူလည်းရှိတယ်လို့ သင်တွေးနေမိတယ်။ ဒါပေမဲ့ တစ်နေ့မှာ မီးဖိုချောင်ထဲက သင့်စားကြွင်းစားကျန် ကြက်ပေါင်တွေကို စားနေတဲ့သူ့ကို သင်တွေ့ခဲ့မိတယ်။

အဲဒီနေ့က အိမ်ခန်းတွေထဲ ပြေးလွှားရင်း သင်လေတံခွန်လွှတ်တမ်း ကစားနေတယ်။ အဲဒီအချိန် တံခါးဘောင်မှာ သူမှီပြီး တစ်နေရာရာကို ကြည့်နေတယ်။ သင်ပြေးလွှားရင်း ပွင့်နေတဲ့တံခါးရွက်ကို တိုက်မိတယ်။ တံခါးအပိတ်မှာ သူ့လက်ချောင်းကို ညှပ်လိုက်မိတယ်။ သူ့ရဲ့ အားခနဲအော်သံကြားတော့ သင်လန့်ပြီးငိုတယ်။ တခြားလက်တစ်ဖက်နဲ့ ညှပ်မိတဲ့လက်ကို သူဆုပ်ကိုင်ရင်း သူဘာမှမဖြစ်ဘူး၊ မနာဘူးလို့ သင့်ကိုပြောတယ်။ သူ့မျက်နှာပေါ်က အပြုံးတစ်ပွင့်က သင့်ကိုအငိုတိတ်စေခဲ့တယ်။နောက်ရက်တွေမှာ သူ့လက်ချောင်းဖုယောင်နေတာကို သင်တွေ့ခဲ့မိတယ်။

အဲဒီနောက် သင်တဖြေးဖြေး ကြီးပြင်းလာခဲ့တယ်။ အလယ်တန်းရောက်တော့ သင်အဆောင်နေရတော့မယ်။ သူ့ကို သင်မခွဲချင်ဘူး။ သူကတော့ပြောတယ်...."အဆောင်နေမယ့်အရွယ်ရောက်ပြီ...ကောင်းလိုက်တာ.. နားညီးသက်သာသွားပြီ၊ အိမ်ရှင်းသွားပြီ" လို့ သူပြောတယ်။ ဒါကို သင်စိတ်ကောက်ပြီး အိမ်ကိုနှစ်ပတ်လောက် မပြန်ခဲ့ဘူး။ နောက်မှ အိမ်နီးချင်းတွေကနေ သင်သိရတာက သင်အိမ်မပြန်တဲ့ရက်တွေ သင့်ကိုသူလွမ်းမျှော်ပြီး မျက်ရည်ကျနေခဲ့တယ်ဆိုတာပါပဲ။

နောက်တော့ သင် တက္ကသိုလ်ရောက်တော့ ကောင်မလေးတစ်ယောက်ကို သင်ချစ်မိတယ်။ ကောင်မလေးအတွက် သင့်အသုံးစရိတ်တွေထဲကနေ အမြဲလက်ဆောင်ဝယ်ပေးတယ်။ ဒါနဲ့ သူ့ဆီကို သင်စာအုပ်ဝယ်ဖို့ ငွေလိုကြောင်း စာပို့တယ်။ စာအုပ်ဝယ်ဖို့ဆိုရင် သူအားပေးတယ်.. သင်လိုတဲ့ပိုက်ဆံကိုသူချက်ချင်း ပို့ပေးတယ်။ အလုပ်လုပ်ရတာ သူဘယ်လောက်ပဲဆင်းရဲပင်ပန်းပါစေ... သူ မမောပါဘူးတဲ့။ နွေကျောင်းပိတ်လို့ သင်အိမ်ပြန်တော့ သူ့ကိုအလုပ်ရုံမှာ သင်သွားရှာခဲ့တယ်။ အလုပ်ရုံနဲ့အိမ်က အဝေးကြီး.. ခါးကုန်းကုန်းပြီး အင်စိုက်အားစိုက် အလုပ်လုပ်နေတဲ့ သူ့ကို သင်တွေ့ခဲ့တယ်။

သင်ကျောင်းပြီးတော့ အလုပ်ဝင်ပြီ... အလုပ်အတွက်၊ ဘဝအတွက် သင်နေ့မအား၊ ညမအားခဲ့ဘူး။ တာဝန်နဲ့ နေရပ်ကိုသင်ဖြတ်ရပေမယ့် အိမ်ကိုဝင်ဖို့ သင်မအားခဲ့ဘူး။ ကြာကြာတစ်ခါတော့ သင့်ကို သူဖုန်းဆက်တတ်တယ်။ ဘာအရေးကိစ္စမှ မရှိပါဘူး.. သင့်အသံကိုပဲ သူနားထောင်ချင်လို့၊ နေကောင်းကျန်းမာဖို့၊ အိမ်မှာအရာအားလုံးကောင်းတယ်၊ စိတ်မပူဖို့ သူပြောတယ်။ ဒါကို သင်စိတ်ချလက်ချ ယုံတယ်။ တစ်နှစ်ပတ်လုံး အိမ်မပြန်ခဲ့ဘူး။ နောက်တစ်နှစ်အိမ်ပြန်တော့အိမ်နီးချင်းတွေက "သူလဲကျလို့ ခြေကျိုး၊ လက်ကျိုးဖြစ်သွားတာတောင် မင်းအိမ်ပြန်လာကြည့်ဖော် မရဘူးနော်" လို့ အပြစ်ဆိုတယ်။

အခုချိန်မှာတော့ သူနဲ့အတူ သင်ရှိနေတယ်။ သူ့ခေါင်းပေါ်ကဆံဖြူတွေကို သင်ကြည့်ရင်း သစ်သားရုပ်Pinocchioရဲ့ ပုံပြင်ကို သင်ပြောပြချင်နေခဲ့တယ်။ သင်ငယ်ငယ်တုန်းက သူပြောပြခဲ့ဖူးသလို... မလိမ်ညာရဘူး၊ လိမ်ညာတဲ့လူ နှာခေါင်းရှည်တတ်တယ်ဆိုတဲ့ ပုံပြင်ကိုပေါ့။

ဒါပေမယ့် အခုချိန်မှာ သင်လည်း လိမ်ညာတတ်ခဲ့တယ်။ ဈေးကြီးတဲ့ပစ္စည်းတွေဝယ်ပြီး ကပ်ထားတဲ့ဈေးနှုန်းစာရွက်ကို သင်ခွာခဲ့တယ်။ ပြီးတော့ ဒါဈေးချတာ.. ဈေးပေါတယ်လို့ သူ့ကို သင်ညာတယ်။ ဒါမှ သူ စိတ်မဆိုးမှာဖြစ်တယ်။ အလုပ်မှာ စိတ်ဖိအား၊ အလုပ်ဖိအားတွေကို သင်ခံရတယ်။ဒါပေမယ့် သူနဲ့စကားပြောတဲ့အခါတိုင်း ကျေနပ်တဲ့အသံနဲ့ အလုပ်မှာကောင်းကြောင်း၊ စိတ်ချချနေဖို့ သူ့ကို သင်ပြောတယ်။

သင့်ကိုယ်သင် လိမ်ညာတတ်သူဖြစ်အောင်လုပ်မယ်လို့ သင်ဆုံးဖြတ်တယ်။ သူပြုံးရယ်ဖို့အတွက်၊ လောကမှာ အလိမ်ညာတတ်ဆုံး------ မိခင် အတွက်ပေါ့။


မူရင်း--- http://www.duwenzhang.com/wenzhang/qinqingwenzhang/20111115/207067.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Sunday, 1 January 2012

မင်းလေး ချစ်တတ်ရင်

ကိုယ့်မှာရှိတယ် လက်ဆောင်တစ်ခုကွယ်

မင်းကိုပေးမယ် ယူမလားအချစ်ရယ်

ဟောဒီ ပခုံးရယ် ဒီဦးနှောက်နဲ့ 

မင်းကိုချစ်တဲ့ ဒီနှလုံးသားရယ် ... ... ...


Sunday, 25 December 2011

ယောကျာ်းလေးများအကြောင်း



1) Guys may be flirting around all day, but before they go to sleep,
they always think about the girl they truly care about.
 ယောက်ျားလေးတွေဟာ သူတို့ သဘာဝအတိုင်း တနေ့လုံးနီးပါး စတတ် နောက်
တတ်ကြပေမယ့် အိပ်ခါနီးလေးမှာတော့ သူတို့ ဂရုစိုက်တဲ့ (သူတို့
စိတ်ဝင်စားတဲ့ )မိန်းကလေးကိုအကြောင်းကိုတော့ တွေးကြစမြဲပါဘဲ ……

2) Guys are more emotional then you think. If they loved you once,
it’ll take them a lot longer then you think to let go in their head,
and it hurts every second that they try.
ယောက်ျားလေးတွေက ကောင်မလေးတွေထင်ထားတာထက် ပိုပြီးစိတ်ခံစာံးလွယ်ပါတယ်..
သူတို့ခေါင်းထဲက ချစ်ရတဲ့ကောင်မလေးကို ထုတ်ပြစ်ဖို့ဆိုတာ ထင်ထားတာထက်
ပိုပြီးအချိန်ပိုကြာတတ်ပါတယ်… Second တိုင်းအမျှ ခံစားရတတ် ပါတယ်…

3) Guys go crazy over a girl’s smile.
သူတို့ဟာ ကောင်မလေးတွေရဲ့ အပြုံးမှာ ရူးသွပ်သွားတတ်ပါတယ်..

4) A guy who likes you wants to be the only guy you talk to.
ချစ်ရသော မိန်းကလေးအတွက် သူတို့သာလျှင် စကားပြောဖော် ဖြစ်ချင်ကြပါတယ်..

5) If a guy tells you about his problems, he just needs someone to
listen to him. You don’t need to give advice.
သူတို့မှာရှိနေတဲ့ ပြသနာကိုပြောပြနေခြင်းဟာ နားထောင်ပေးစေချင်တဲ့
သဘောပါပဲ.. အကြံတောင်းနေတာ မဟုတ်ကြဘူး..
တိတ်တိတ်လေးနဲ့နားထောင်ပေးနေလိုက်ပါ.. :)

6) A usual act that proves that the guy likes you is when he teases you.
ပုံမှန်ပြောဆို စနောက်နေချင်းဟာလည်း ကောင်လေးဘယ်လောက်ချစ်ကြောင်းသက်သေ တစ်ခုပါပဲ..

7) Guys love you more than you love them !!!
ကောင်လေးချစ်တတ်တာ ကောင်မလေးထက် ပိုပါတယ်..

8) Guys use words like hot or cute to describe girls. They rarely use
beautiful or gorgeous. If a guy uses that, he loves you or likes you a
whole heck of a lot.
သူတို့ ကောင်မလေးတွေကို မိုက်တယ်.
ချစ်စရာကောင်းတယ်လို့ပဲပြောတတ်ကြပါတယ်.. အဲ.. လှတယ် မဟာဆန်တယ်ဆိုရင်တော့
သူတို့ တကယ်ချစ်လို့ တကယ်ရင်ထဲက ခံစားနေရ လို့တဲ့..

9) If the guy does something stupid in front of the girl, he will
think about it for the next couple days or until the next time he
spends time with the girl.
ကောင်မလေးရှေ့မှာ မကောင်းတာတစ်ခု (something stupid) လုပ်ခဲ့မိတယ်ဆိုရင်
သူတို့ဟာ နောက်ရက်တော်တော်ကြာကြာတဲ့ ထိ တွေးနေတတ်ပါတယ်.. မဟုတ်ရင်တော့
နောက်တစ်ကြိမ်ကောင်မလေးနဲ့ တွေ့တဲ့ချိန်ထိ တွေးနေတတ်ပါတယ်..

10) If a guy looks unusually calm and laid back, he’s probably faking
it and he’s really thinking on something.
သူတို့ ပုံမှန်မဟုတ်ပဲ တိတ်ဆိတ်နေတယ် ဆိုရင်တော့
သူတို့စိတ်ထဲမှာတစ်ခုခုတွေးနေတာပဲဖြစ်ပါတယ်..

11) When a guy says he is going crazy about the girl, he really is.
Guys rarely say that.
သူတို့ကောင်မလေးတစ်ယောက်ကြောင့်ရူးနေရပြီဆိုရင်
သူတို့အမှန်တကယ်ပြောနေခြင်းသာဖြစ်ပါတယ်.. ပြောခဲတဲ့စကားလေးပါ..

12) When a guy asks you to leave him alone, he’s just actually saying,
“Please come and listen to me.”
တစ်ယောက်တည်းနေခွင့်ပေးပါ ဆိုတာ ညာတာပါ.. ဆိုလိုရင်းကတော့
ငါပြောတာကိုလာပြီးနားထောင်ပေးပါလို့ ပြောနေခြင်းသာဖြစ်ပါတယ်..

13) If a guy starts to talk seriously, listen to him. It doesn’t
happen that often, so when it does, you know something’s up.
သူတို့စကားကိုသေသေချာချာ ကျကျနန ပြောနေရင် ဂရုစိုက်ပေးပါ နားထောင်ပေးပါ..

14) When a guy looks at you for longer than a second, he’s definitely
thinking something.
တစ်second ထက် ပိုပြီးကောင်မလေးအား ကြည့်နေခဲ့ရင် သူတစ်ခုခုကိုသေချာ
တွေးနေလို့ပဲဖြစ်ပါတယ်..

15) Guys really think that girls are strange and have unpredictable
decisions and are MAD or confusing, but somehow are drawn even more to
them.
ခန့်မှန်းရခက်တဲ့မိန်းကလေးတွေ ထူးခြားတဲ့မိန်းကလေးတွေ ရူးတူးတူးပေါချာချာ
ကောင်မလေးတွေ :) အကြောင်းကိုပိုတွေးတတ်ကြပြီး သူတို့အာရုံမှာ
ထိုမိန်းကလေးများက မသိဘာသာ ပိုနေရာယူနေတတ်ကြပါတယ်..

16) No guy can handle all his problems on his own; he’s just too
stubborn to admit it.
သူတို့တစ်ယောက်ထဲ ပြသနာအားလုံးကို မဖြေရှင်းနိုင်ပါဝူး..
သူတို့ဝန်ခံဖို့မရဲတာသာဖြစ်ပါတယ်..

17) When a guy sacrifices his sleep and helth just to talk to you, He
really likes you and wants to be with you as much as possible……..
ကောင်မလေးနဲ့စကားပြောခွင့်ရဖို့အတွက် သူရဲ့အိပ်စက်ခြင်း နဲ့
သူရဲ့ကျမ်းမာရေးကို ပြောပြနေခြင်းဟာ သူကောင်မလေးကို တကယ်ကြိုက်လို့
အတူရှိနေချင်တဲ့အတွက်သာပြောနေခြင်းသာ ဖြစ်ပါတယ်..

18) Even if you dumped a guy months ago and he loved you, he probably
still does and if he had one wish it would be for you to come back
into his life.
ကောင်မလေးလမ်းခွဲသွားတာ လတော်တော်ကြာနေပေမယ့် ဆုတောင်းတစ်ခုရရှိမယ်ဆိုရင်
အဲတာဟာကောင်မလေးသူဘ၀အတွင်း ပြန်လာနိုင်ဖို့အတွက်သာဖြစ်ပါလိမ့်မယ်..
ပျော်ရွှင်နိုင်ကျပါစေ...........
တစ်ယောက်တည်းနေခွင့်ပေးပါ ဆိုတာ ညာတာပါ.. ဆိုလိုရင်းကတော့
ငါပြောတာကိုလာပြီးနားထောင်ပေးပါလို့ ပြောနေခြင်းသာဖြစ်ပါတယ်..

13) If a guy starts to talk seriously, listen to him. It doesn’t
happen that often, so when it does, you know something’s up.
သူတို့စကားကိုသေသေချာချာ ကျကျနန ပြောနေရင် ဂရုစိုက်ပေးပါ နားထောင်ပေးပါ..

14) When a guy looks at you for longer than a second, he’s definitely
thinking something.
တစ်second ထက် ပိုပြီးကောင်မလေးအား ကြည့်နေခဲ့ရင် သူတစ်ခုခုကိုသေချာ
တွေးနေလို့ပဲဖြစ်ပါတယ်..

15) Guys really think that girls are strange and have unpredictable
decisions and are MAD or confusing, but somehow are drawn even more to
them.
ခန့်မှန်းရခက်တဲ့မိန်းကလေးတွေ ထူးခြားတဲ့မိန်းကလေးတွေ ရူးတူးတူးပေါချာချာ
ကောင်မလေးတွေ :) အကြောင်းကိုပိုတွေးတတ်ကြပြီး သူတို့အာရုံမှာ
ထိုမိန်းကလေးများက မသိဘာသာ ပိုနေရာယူနေတတ်ကြပါတယ်..

16) No guy can handle all his problems on his own; he’s just too
stubborn to admit it.
သူတို့တစ်ယောက်ထဲ ပြသနာအားလုံးကို မဖြေရှင်းနိုင်ပါဝူး..
သူတို့ဝန်ခံဖို့မရဲတာသာဖြစ်ပါတယ်..

17) When a guy sacrifices his sleep and helth just to talk to you, He
really likes you and wants to be with you as much as possible……..
ကောင်မလေးနဲ့စကားပြောခွင့်ရဖို့အတွက် သူရဲ့အိပ်စက်ခြင်း နဲ့
သူရဲ့ကျမ်းမာရေးကို ပြောပြနေခြင်းဟာ သူကောင်မလေးကို တကယ်ကြိုက်လို့
အတူရှိနေချင်တဲ့အတွက်သာပြောနေခြင်းသာ ဖြစ်ပါတယ်..

18) Even if you dumped a guy months ago and he loved you, he probably
still does and if he had one wish it would be for you to come back
into his life.
ကောင်မလေးလမ်းခွဲသွားတာ လတော်တော်ကြာနေပေမယ့် ဆုတောင်းတစ်ခုရရှိမယ်ဆိုရင်
အဲတာဟာကောင်မလေးသူဘ၀အတွင်း ပြန်လာနိုင်ဖို့အတွက်သာဖြစ်ပါလိမ့်မယ်..

သူငယ်ချင်းအားလုံး ပျော်ရွှင်နိုင်ကျပါစေ........... x)



အချစ်စစ်ဆိုသည်မှာ…

ဆေးရုံတစ်ခုလုံး အလုပ်များလွန်းနေတဲ့တစ်နေ့ မနက်ခင်း ၈နာရီခွဲ အချိန်လောက်မှာ အသက် ၈၀ အရွယ် အဘိုးအိုတစ်ယောက် ဆေးရုံကို ရောက်လာတယ်.. အရင်တစ်ပတ်က ခွဲစိတ်ထားတဲ့ သူ့လက်ပေါ်က ချုပ်ရိုးကို ပြန်ဖြေဖို့ ရောက်လာတာပါ.. သူက ဆေးရုံ ရောက်ရောက် ချင်းဘဲ ကျွန်တော့ကို ပြောတယ်….

“ကိုးနာရီလောက်မှာ အဖိုး ချိန်းထားတာလေးတစ်ခု ရှိလို့ အရင်လိုနေတယ်.. အဖိုးကို အမြန်လုပ်ပေးပါ လူလေးရယ် …”

ကျွန်တော်က သူ့နံမည် အသက် စတာတွေကို စာအုပ်ထဲရေးသွင်းလိုက်ရင်း “ အဖိုး ခနလောက်ထိုင်ပါဦးခင်ဗျာ” လို့ လှမ်းပြောလိုက်တယ်….. သူ့ဒဏ်ရာက ချုပ်ရိုးကို ဖြေဖို့ဆိုရင် ဆရာဝန် တစ်ယောက်ယောက် အားဖို့ အနည်းဆုံးတစ်နာရီကျော်လောက်တော့ စောင့်ရလိမ့်မယ်ဆိုတာ ကျွန်တော် သိတယ်… ကျွန်တော် က သူ့ရဲ့အလျှင်စလို ဖြစ်နေတဲ့ အမူအရာကြောင့် ဒီဆေးရုံမှာ လောလောဆည် အလုပ်သိပ်မများတဲ့ ကျွန်တော် ကဘဲ ကြည့်ပေးဖို့ ဆုံးဖြတ်လိုက်တယ်…

အနာကို စစ်ဆေးကြည့်တော့ အားလုံးအခြေအနေကောင်းတယ်.. အနာလဲကျက်နေပြီ … ဒါနဲ့ ကျွန်တော်က ဆရာဝန်တစ်ယောက်ကို အနာ ချုပ်ရိုး ဖြေဖို့ လိုအပ်တဲ့ ကိရိယာ တန်ဆာပလာတွေ ယူလာဖို့ လှမ်းပြော လိုက်တယ်… ချုပ်ရိုးဖြေနေရင်းနဲ့ ကျွန်တော်က သူ့ကို စကား စပြောလိုက်တယ်…

“အဖိုး ဘာတွေများ အရေးတကြီး ချိန်းထားတာရှိလို့လဲ ဒီလောက်အရင်လိုနေတာ…”

“ မဟုတ်ပါဘူးလူလေးရယ်… အဖိုး မိန်းမနဲ့ မနက်စာ အတူစားဖို့အတွက် လူနာစောင့်ရှောက်ရေးဂေဟာကို သွားမလို့ပါ… အဖိုးက မနက်တိုင်းကို သူနဲ့အတူတူ မနက်စာ စားနေကြလေ…..”

“အော်.. အဖိုးမိန်းမက လူနာစောင့်ရှောက်ရေးဂေဟာမှာလား … နေမကောင်းလို့လားခင်ဗျာ…”

“အင်း.. သူက အယ်လ်ဇိုင်းမားရောဂါကြောင့် ကုသ စောင့်ရှောက်မှုခံယူဖို့ အဲဒီမှာ ရောက်နေတာပါကွယ်..”

ကျွန်တော်က အဖိုးကို ကျီစယ်ချင်တာနဲ့

“တကယ်လို့ နံနက်စာစားဖို့ အဖိုး နည်းနည်း နောက်ကျရင် အဖွားက အဖိုးကို စိတ်ဆိုးမှာလား”..

“သူ က အဖိုးဘယ်သူဆိုတာကိုတောင် မသိတော့ပါဘူးကွယ်…. အဖိုးကို မမှတ်မိတော့တာ ခုဆို ၅နှစ်လောက်တောင် ရှိပါပြီ..”

ကျွန်တော် အတော်လေးအံ့သြသွားတယ်.. “အိုး.. ဒါနဲ့တောင် အဖိုးက မနက်တိုင်း မနက်တိုင်း မနက်စာအတူ စားဖို့သွားနေသေးတယ်နော်..အဖိုး ဘယ်သူ ဘယ်ဝါ ဆိုတာကိုတောင် သူက မမှတ်မိတော့ဘဲနဲ့များ…”


အဖိုးအိုက ပြုံးလိုက်တယ်…. ပြီးတော့ ကျွန်တော့လက်ကို အသာအယာ ဆုပ်ကိုင်လိုက်ပြီးတော့ ပြောတယ်..

” သူအဖိုးကို မသိတော့တာ မှန်ပါတယ်…. ဒါပေမဲ့ အဖိုးက သူဘယ်သူဆိုတာ သိနေသေးတယ်လေ”

အဖိုးအို စကားကြောင့် ကျွန်တော့ရင်ထဲမှာ တစ်စုံတစ်ခုကို ပြင်းပြင်းထန်ထန် ခံစားလိုက်ရသလို ဖြစ်သွားတယ်… အဖိုးအိုရှေ့မှာ မျက်ရည် မကျမိအောင် ကျွန်တော် ကြိုးစားပြီး ထိန်းလိုက်ရတယ်… အဖိုးကတော့ တရွေ့ရွေ့နဲ့ ကျွန်တော့်ရှေ့က ထွက်ခွာသွားခဲ့ပြီ.. အဖိုးရဲ့လက်နဲ့ ကိုင်သွားတဲ့ ကျွန်တော့ လက်ပေါ်က နေရာလေးမှာ သူ့ဆီက အနွေးဓာတ်ကလေး ခုချိန်ထိ ကျန်နေသေးသလို ကျွန်တော့်စိတ်ထဲ ခံစား မိတယ်… လက်ပေါ်မှာ တင်မကပါဘူး..ကျွန်တော့်ရင်ထဲ၊ နှလုံးသားထဲမှာပါ ကျန်နေခဲ့တာပါ… အဲဒီလိုအချစ်မျိုးဟာ ကျွန်တော့်ဘ၀တစ်လျှောက်လုံး ရှာဖွေနေတဲ့ ကျွန်တော် လိုချင်ခဲ့တဲ့ အချစ်မျိုး၊ ကျွန်တော် တန်ဖိုးထားချင်ခဲ့တဲ့ အချစ်မျိုးပါ…..

အချစ်စစ်ဆိုတာ တကယ်တော့ ရုပ်ခံစားမှု သက်သက်လဲမဟုတ်ဘူး…. စိတ်ခံစားမှု သက်သက်လဲ မဟုတ်ဘူး.. ကိုယ်ချစ်တဲ့သူက ပြန်ချစ်သည် ဖြစ်စေ မချစ်သည်ဖြစ်စေ ..ကိုယ့်ဘက်က အမြဲတမ်း ချစ်သွားနိုင်တဲ့ ၊ဘာကိုမှ ပြန်လည်ရရှိဖို့ မမျှော်လင့်တဲ့ အချစ်ကို အချစ်စစ်ပါ လို့ဆိုရင် စာဖတ်သူများ လက်ခံ နိုင်ပါ့မလား….. ကျွန်မတို့ တွေရဲ့ ဘ၀မှာ အချစ်စစ် ဆိုတဲ့ စကားလုံးကို ခနခနသုံးစွဲဖူး၊ ပြောဖူး ကြပါ လိမ့်မယ် … ဒါပေမဲ့ အချစ်စစ်ဆိုတာ ဘယ်လို အရာလဲ ဆိုတာ ကိုတော့ အဓိပ္ပါယ်ဖွင့်ဆိုပုံခြင်း ၊ နားလည် လက်ခံပုံခြင်းတော့ ကွဲပြား ကြပါ လိမ့်မယ်… ဒီ ဇာတ်လမ်းလေး ထဲက အဖိုးအိုရဲ့ အချစ်မျိုးကို အချစ်စစ်ပါလို့ ဆိုရင် သဘောတူတဲ့သူ ရှိသလို သဘောမတူတဲ့ သူတွေလဲ ရှိကောင်း ရှိပါလိမ့်မယ်…. ဘယ်လိုပင်ဖြစ်စေ မျှော်လင့်ခြင်း ကင်းတဲ့ ချစ်ခြင်း တစ်စုံကိုတော့ တန်ဖိုးထားလေးစားရမှာပါ……




အမှတ်တရာ နှင်းဆီ

ပန်းတကာပန်းထဲမှာ နှင်းဆီပန်းကို "အချစ်ပန်း" လို့ တင်စားရင် မှားမယ် မထင်ပါဘူး။
 ဖေဖော်ဝါရီ (၁၄)ရက်နေ့မှာ ကျရောက်မဲ့ ချစ်သူများနေ့မှာ ကိုယ်ချစ်တဲ့သူကို

 နှင်းဆီပန်းတွေပေးပြီး ရင်ထဲက ခံစားမှုတွေကို ထုတ်ဖော်နိုင်အောင် နှင်းဆီအပွင့်ရေရဲ့ 

 ကိုယ်စားပြုတွေကို အင်တာနက်မှာ ရှာပြီး မျှဝေလိုက်ပါတယ်။


နှင်းဆီ ၁ပွင့်..... ရင်ထဲမှာ မင်းပဲရှိတယ်

နှင်းဆီ ၂ပွင့်..... ဒီကမ္ဘာမှာ ကိုယ်တို့နှစ်ယောက်တည်း

နှင်းဆီ ၃ပွင့်..... မင်းကိုငါချစ်တယ်

နှင်းဆီ ၄ပွင့်..... သေတောင် မခွဲဘူး

နှင်းဆီ ၅ပွင့်..... တန်ဖိုးထား မြတ်နိုးတယ်

နှင်းဆီ ၆ပွင့်..... တစ်ယောက်ကိုတစ်ယောက် လေးစား၊ ချစ်ခင်၊ ခွင့်လွတ်တယ်

နှင်းဆီ ၇ပွင့်..... မင်းကို တိတ်တခိုးလေး ချစ်နေတယ်

နှင်းဆီ ၈ပွင့်..... မင်းရဲ့ ကြင်နာယုယမှုနဲ့ အားပေးမှုကို ကျေးဇူးတင်တယ်

နှင်းဆီ ၉ပွင့်..... အမြဲတမ်း

နှင်းဆီ ၁၀ပွင့်...... အပြစ်ကင်းစင်သော ချစ်သူ

နှင်းဆီ ၁၁ပွင့်...... မင်းတစ်ယောက်ကိုပဲ ဂရုစိုက်တယ်။

နှင်းဆီ ၁၂ပွင့်...... တစ်နေ့ထက်တစ်နေ့ တိုးလို့ချစ်တယ်။

နှင်းဆီ ၁၃ပွင့်...... သူငယ်ချင်းအချစ်

နှင်းဆီ ၁၄ပွင့်...... ဂုဏ်ယူပါတယ်

နှင်းဆီ ၁၅ပွင့်...... I'M SORRY!

နှင်းဆီ ၁၆ပွင့်...... မတည်ငြိမ်သော အချစ်

နှင်းဆီ ၁၇ပွင့်...... ပြန်မရနိုင်တော့တဲ့ အချစ်

နှင်းဆီ ၁၈ပွင့်...... ရိုးသားပွင့်လင်းခြင်း

နှင်းဆီ ၁၉ပွင့်...... မျှော်လင့်စောင့်စားခြင်း

နှင်းဆီ ၂၀ပွင့်..... ငါ့မှာ ရိုးသားတဲ့အချစ် တစ်ခုတည်းပဲရှိတယ်။

နှင်းဆီ ၂၁ပွင့်..... ရိုးသားတဲ့အချစ်

နှင်းဆီ ၂၂ပွင့်..... မင်းကံကောင်းပါစေ

နှင်းဆီ ၂၅ပွင့်..... မင်းပျော်ရွှင်ပါစေ

နှင်းဆီ ၃၀ပွင့်..... ဖူးစာကိုယုံတယ်

နှင်းဆီ ၃၆ပွင့်..... ရိုမန်တစ်

နှင်းဆီအပွင့် ၅၀..... မမျှော်လင့်ပဲ တွေ့ကြတယ်

နှင်းဆီအပွင့် ၉၉..... FOREVER!

နှင်းဆီအပွင့် ၁၀၀..... ၁၀၀% အချစ်

နှင်းဆီအပွင့် ၁၀၁..... အရမ်း.. အရမ်း..ချစ်

နှင်းဆီအပွင့် ၁၀၈..... လက်ထပ်ခွင့် ပေးပါ

နှင်းဆီအပွင့် ၁၁၁..... အဆုံးမဲ့အချစ်

နှင်းဆီအပွင့် ၁၄၄..... နေ့တိုင်း၊ လတိုင်း၊ အသက်ရှင်နေသရွေ့ မင်းကိုချစ်တယ်

နှင်းဆီအပွင့် ၃၆၅..... နေ့တိုင်းလွမ်းတယ်

နှင်းဆီအပွင့် ၉၉၉..... မချုပ်ငြိမ်းတဲ့အချစ်၊ အမြဲတမ်းထာဝရ

နှင်းဆီအပွင့် ၁၀၀၁...... သက်ဆုံးထိတိုင်