Search This Blog

Tuesday 20 December 2011

ဖတ်မိတာလေးများ

၁။ပိုလာဝက်ဝံတွေကလည်း ကျွန်တော်လို ဘယ်သန်ဆိုတာ
တစ်လောကမှ သိတယ် ပျော်ထှာ... :PP


၂။ဘယ့်နှယ် ခြင်မှာလည်း သွားရှိတယ်ဆိုပဲ
အဲ့ကြောင့်ကိုက်တယ်ပြောတာကိုဗျ... x)


၃။မခုန်နိုင်တဲ့ တိရိစ္ဆာန် က ဆင်ပါတဲ့ဗျာ
စဉ်းစားကြည့်လေ ဒီကောင်မှ ခုန်နိုင်ရင်လည်း... XD


၎။မိချောင်းတွေက လျှာထုတ်လို့မရဘူးဗျ
ရှိတော့ရှိရဲ့လား မသိပါဘူး... @__@


၅။Star fish တွေကတော့ အောင်မျိုးပိုင်တို့ 
ဝေဖြိုးထွန်းတို့ လို့ ကောင်တွေပေါ့ ဦးနှောက်မရှိဘူးတဲ့ အံ့ရော... xP


၆။Cemetery ဆိုတာ ဂရိဘာသာစကား Koimetirion ကလာတာပါတဲ့ ..
ဘာလဲဆိုတော့ အိပ်ခန်းတဲ့... နားနားနေနေပေါ့ ... ပြောချင်တာက .. ^__^



၇။ဟိုးအရင်က စစ်ပွဲတွေမှာ တပ်ဖွဲ့ တွေ မပျက်မစီး မဆုံးရှုံးပဲ
ကိုယ့်ရပ်ရွာကိုပြန်လာနိုင်ရင် " 0 killed" လို့ရေးပြီးပြန်လာကြပါတယ်တဲ့....
အဲဒီကနေ ယခုကျွန်တော်တို့တွေ ပြောနေတဲ့
"OK "ဆိုတာ ဖြစ်လာတာပါတဲ့ ... Ok တယ်ဟုတ်.. :)

၈။အင်္ဂလိပ်တွေ သြစတေးလျကို စပြီးခြေချကြတဲ့အချိန်ကပေါ့ဗျာ
သားပိုက်ကောင်တွေကိုတွေ့ တော့ ဘယ်လိုခေါ်သလဲလို့ စမေးကြပါတယ်တဲ့....
ဒေသခံ သြစတေးလျန်းတွေက "Kan Ghu Ru"လို့ဖြေကြပါတယ်
ဒါနဲ့ပဲ..ကိုရွှေဥာဏ်ကြီးရှင်တွေက သားပိုက်ကောင်ကို "Kangaroo" လို့
ခေါ်ဝေါ်သမုတ်ခဲ့ပါတယ် သြစတေးလျန်းတွေပြောတဲ့ "Kan Ghu Ru" ဆိုတာက
"We don"t understand you " ပါတဲ့ကောင်းရော နာ့လိုပဲ နားလည်သလို မှတ်လိုက်တာပဲ ... :PP


ဟိုဝင်ဖတ် ဒီဝင်ဖတ်နဲ့  ကြိုက်တာလေးတွေတွေ့ တုန်းကူးထားတာလေးတွေပါ
သူငယ်ချင်းတို့  တစ်ခါလောက်ပဲ ပြုံးရင်ရပါပြီ ... :)


0 comments:

Post a Comment

ဖြတ်သန်းမှုများထဲမှာ အတွေ့အကြုံသာမရရှိဘူးဆိုလျှင်
ကျွန်ုပ်တို့သည် ကလေးများသာဖြစ်မည်ထင်သည် ... :)