Search This Blog

Tuesday 20 December 2011

"ငါမရိတ်သိမ်းဖြစ်တဲ့အလွမ်းတွေအကြောင်း"

တခါတလေတော့လည်း ဘာရယ်မဟုတ်ပဲ

တိုးတိုးညင်ညင်လေးလွမ်းရတယ်

လေပြေတဖြူးဖြူးညနေခင်းထဲ

... ငါ့ဘယ်ဘက်ပုခုံးပေါ်မှာ

မင်းဆံပင်လေးတွေ

လမ်းလျှောက်မထွက်တော့တာကြာပေါ့

မင်းအပြုံးနဲ့ တံဆိပ်ခတ်မထားတော့

ငါသောက်နေတဲ့ကော်ဖီကလည်း

ပေါ့ပျက်ပျက်နဲ့ လက်ကျမမှန်ဘူး

ပျင်းရင်သီချင်းနားထောင်ပေါ့လို့မပြောနဲ့

ဒီလိုအချိန်မှာ မင်းအသံမဟုတ်ရင်

ငါ့နားတွေက ဗီဇာပိတ်တယ်

အစားကို ကုန်အောင်မစားပဲ

စကားကိုကုန်ကုန် ပြောရရင်

ဝတ်ကျေတန်းကျေ ရှုနေတဲ့လေထဲမှာတောင်

မင်းရနံ့တွေကိုငါရှာနေတုန်း။
 
 
 
 

0 comments:

Post a Comment

ဖြတ်သန်းမှုများထဲမှာ အတွေ့အကြုံသာမရရှိဘူးဆိုလျှင်
ကျွန်ုပ်တို့သည် ကလေးများသာဖြစ်မည်ထင်သည် ... :)